အစိုးရဖြစ်လျှင် တိုင်းပြည်စီးပွားရေးပြန်လည် ကောင်းမွန်ရေး လုပ်ဆောင်မည်ဟု ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌပြော

 

ကျောက်ပန်းတောင်း၊ စက်တင်ဘာ ၂၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အစိုးရဖြစ်လျှင် တိုင်းပြည်စီးပွားရေး ပြည်လည်ကောင်းမွန်ရေး လုပ်ဆောင်မည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းက ပြောသည်။

စက်တင်ဘာ ၂၂ ရက် ကျောက်ပန်းတောင်းမြို့နယ် ဘူတာရပ်ကွက်ရှိ ပြည်သူများနဲ့ သွားရောက်တွေ့ဆုံရာတွင် ဦးလှထွန်းက အထက်ပါအတိုင်းပြောကြားခဲ့သည်။

အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးပါတီအား ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများပုံပါ အောင်နိုင်ရေး ဆိုင်းဘုတ်တင် အခမ်းအနားများ ကျင်းပ

 

မန္တလေး စက်တင်ဘာ

အမရပူရမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအား ကိုယ်စားပြု၍ ၂ဝ၂ဝ ပြည့်နှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများပုံပါ အောင်နိုင်ရေး ဆိုင်းဘုတ်တင်မင်္ဂလာ အခမ်းအနားများကို ယမန်နေ့ နံနက် ၁ဝ နာရီခွဲမှ ၁၁ နာရီခွဲအထိ မြို့နယ်အတွင်းရှိ နေရာသုံးခု၌ကျင်းပ ခဲ့သည်။

ညောင်ဦးမြို့နယ် သစ်ထောင် (မ) ကျေးရွာ ပြည်ခိုင်ဖြိုးပါတီ လူငယ်များ သန့်ရှင်းရေး လုပ်အားပေး

 

ညောင်ဦး စက်တင်ဘာ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် သစ်ထောင် (မ) ကျေးရွာပြည်ခိုင် ဖြိုးပါတီလူငယ် များသည် ယမန်နေ့ နံနက်ပိုင်း ၇ နာရီတွင် စတင်ခဲ့ပြီး ညောင်ဦး-မြင်းခြံလမ်းနှင့် ချိတ်ဆက်ထားသော ကျေးရွာလမ်းကို လည်းကောင်း၊ ညောင်ဦး-ပခုက္ကူ- မြင်းခြံလမ်းမဘေးရှိ ချုံနွယ်ပိတ် ပေါင်းများကို လည်းကောင်း ရှင်းလင်းလုပ်အားပေး ခဲ့ကြောင်း သိရသည်။

တောင်သာမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီ Green Campaign ပြုလုပ်မှုအား ဒုဥက္ကဋ္ဌ ဦးလှထွန်း သွားရောက် အားပေး

 

တောင်သာ စက်တင်ဘာ ၁၂

စက်တင်ဘာ ၁၁ ရက် မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ်တွင် ၂၀၂၀ အထွေအထွေရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် တောင်သာမြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များ လှည့်လည်ကာ Green Campaign ပြုလုပ်ခြင်းအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း သွားရောက်ကြည့်ရှု အားပေး ခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း ညောင်ဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီသို့ အောင်နိုင်ရေး အလံပေးအပ်

 

ညောင်ဦး စက်တင်ဘာ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းသည် ညောင်ဦးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ယမန်နေ့ နံနက် ၉ နာရီက ပြုလုပ်သော ပြည်ခိုင်ဖြိုးပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် အောင်လံလွှင့်ထူခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ပါတီအောင်နိုင်ရေး အလံစိုက်ထူ

 

ကျောက်ပန်းတောင်း စက်တင်ဘာ ၉

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ယမန်နေ့ နံနက် (၈) နာရီတွင် ပါတီအောင်နိုင်ရေး အလံစိုက်ထူခြင်း ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းသည် ပြည်ခိုင်ဖြိုးပါတီ အောင်နိုင်ရေး အလံကိုစိုက်ထူခဲ့ပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးတင်ဦးလွင်၊ တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ်လောင်း (၂) ဦးဝင်းမြင့်၊ တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ်လောင်း (၁) ဦးသန့်ဇော် လတ်တို့ တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို အောင်မြင်စွာကျင်းပပြုလုပ်ခဲ့သည်။

နတ်မောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့မဈေးတွင် COVID – 19 ကာလ Mask များ အခမဲ့ဝေငှ

 

နတ်မောက် စက်တင်ဘာ ၉

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီက ယမန်နေ့ နံနက်ပိုင်း၌ နတ်မောက်မြို့၏ မြို့မဈေးတွင် မိဘပြည်သူများ အားCOVID–19 ကာလကာကွယ် စောင့်ရှောက်မှုအနေဖြင့်Mask များအား အခမဲ့ လိုက်လံ၍ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဇော်လတ်မိုး၏ လမ်းညွှန် ချက်များအရ မြို့နယ်ပါတီအတွင်းရေးမှူး ဒေါ်အေးမာကြူက ဦးဆောင်လျက် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌများ ပါတီဝင်များ ပူးပေါင်းကာဝေငှ ခဲ့ကြောင်း သိရသည်။ထွန်းးမှီ(နတ်မောက်)

ခြင်္သေ့၏ အားမာန်ဖြင့် တိုင်းပြည်ကို ပြန်လည်တည်ဆောက်ကြရန် ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌတိုက်တွန်း

 

ကျောက်ပန်းတောင်း စက်တင်ဘာ ၈

ခြင်္သေ့၏အားမာန်ဖြင့် တိုင်းပြည်ကိုပြန်လည် တည်ဆောက်ပြီး “ပိုမိုတောက်ပသော အနာဂတ်ဆီသို့” ရောက်ရှိအောင် ကြိုးစားကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းက တိုက်တွန်းပြောကြား လိုက်သည်။

ယနေ့ ကျောက်ပန်းတောင်းမြို့နယ် ညောင်ချိုင်းတောင်ရွာတွင် ကျေးရွာပြည်သူလူထုနှင့်တွ့ဆုံရာ၌ ပြည်ခိုင်ဖြိုး ပါတီဒုတိယဥက္ကဋ္ဌ ဦးလှထွန်းကပြောကြား လိုက်ခြင်းဖြစ်သည်။

အမရပူရမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရွေးကောက်ပွဲအောင်နိုင်ရေး လုပ်ငန်းများ ဆောင်ရွက်

 

မန္တလေး စက်တင်ဘာ

အမရပူရမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်၍ ၂ဝ၂ဝ ပြည့်နှစ်ပါတီစုံ အထွေထွေ ရွေးကောက်ပွဲအောင်နိုင်ရေး လုပ်ငန်းများအား ယမန်နေ့ နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီအထိ စတင် ဆောင်ရွက်ခဲ့ကြသည်။

၂ဝ၂ဝ ပါတီစုံအထွေထွေရွေးကောက်ပွဲ ပါတီအောင်နိုင်ရေး အောင်မြေသာစံမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ စတေကာ ကမ်ပိန်းပြုလုပ်

 

မန္တလေး စက်တင်ဘာ

မန္တလေးမြို့ ၈ ၃လမ်း၊၂၃လမ်း နှင့် ၂၄ လမ်းကြားရှိ အောင်မြေသာ စံမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးရှေ့တွင် ယနေ့နံနက် ၉ နာရီမှ ၁၁ နာရီအထိ မြို့နယ်ပါတီမှ ဦးဆောင်၍ ၂ဝ၂ဝ ပြည့် ပါတီစုံအထွေထွေရွေးကောက်ပွဲ ပါတီအောင်နိုင်ရေး စတေ ကာကမ်ပိန်း ပြုလုပ်ခဲ့သည်။