မိတ္ထီလာခရိုင်နှင့် မြို့နယ်ပြည်ခိုင်ဖြိုးပါတီများမှ ဝါဆိုသင်္ကန်းလှူပူဇော်ပွဲသို့ ဗဟိုအလုပ်အမှုဆောင်များ တက်ရောက် ပူဇော်

မိတ္ထီလာ ဇူလိုင် ၁၀

 မန္တလေးတိုင်ဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ   မိတ္ထီလာခရိုင်ပါတီနှင့် မြို့နယ်ပါတီတို့၏ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲကို ယမန်နေ့ နေ့လည် (၃)နာရီအချိန်တွင် မိတ္ထီလာခရိုင် ပါတီရုံး၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် မိတ္ထီလာမြို့၌ သီတင်းသုံးဝါဆိုတော်မူကြမည့် ကျောင်းတိုက်ကြီး (၁၁) ခုမှ ဆရာတော် (၁၁)ပါး အား ဝါဆိုသင်္ကန်းများ ကပ်လှူပူဇော်ပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှအတန်းများ ပေးဝေခဲ့ကြပါသည်။

မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးပါတီကော်မတီဝင်များ တာဝန် ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အမျိုးသမီးပါတီကော်မတီဝင်များတာဝန်ပေးအပ်ပွဲကို (၈-၇-၂၀၂၂) ရက်နေ့ နံနက်(၁၁)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးပါတီရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင်တက်ရောက်လာသူများမှ တစ်ဦးချင်းမိတ်ဆက်ခဲ့ကြပြီး ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာ ဒေါ်စန်းစန်းနွယ်က အမျိုးသမီးရေးရာကော်မတီ၏ လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပါတီဗဟိုအလုပ်အမှုဆောင်တိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးမှကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ဗဟိုအလုပ်အမှုဆောင်ဒေါ်ခင်ရွှေမြင့်က ပါတီဝင်အမျိုးသမီးများဆက်လက်ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။

မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၂၀၂၂-ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့ကြသည့် တိုင်း/ခရိုင်/မြို့နယ်ပါတီကော်မတီဝင်များ၏ သားသမီးများအားဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မန္တလေးတိုင်းဒေသကြီးမှ ၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့ကြသည့် တိုင်း/ခရိုင်/မြို့နယ်ပါတီကော်မတီဝင်များ၏ သားသမီးများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၈-၇-၂၀၂၂ ရက်နေ့ နံနက်(၉:၃၀)အချိန်တွင် မန္တလေးတိုင်းဒေသကြီးပါတီရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားကို နိုင်ငံတော်အလံအလေးပြုကာ နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ပြီး အကြမ်းဖက် တိုက်ခိုက်မှုများ ကြောင့် သေဆုံးခဲ့ရသည့် ပါတီဝင်များ၊ ပါတီမိသားစုများ၊ ဝန်းရံသူများအား သတိရအောက်မေ့သည့်အနေဖြင့် ၂ မိနစ် ငြိမ်သက်ခဲ့သည်။

မန္တလေးခရိုင်ပြည်ခိုင်ဖြိုးပါတီ လူငယ်တွေ့ဆုံပွဲကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မန္တလေးခရိုင်အတွင်းရှိမြို့နယ်များမှ ပါတီဝင်လူငယ်များတွေ့ဆုံပွဲ အခမ်းအနားကို ၄-၇-၂၀၂၂ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးပါတီရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားကို နိုင်ငံတော်အလံအလေးပြုကာ နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ပြီး အကြမ်းဖက်တိုက်ခိုက်မှုများ ကြောင့် သေဆုံးခဲ့ရသည့် ပါတီဝင်များ၊ ပါတီမိသားစုများ၊ဝန်းရံသူများအား သတိရအောက်မေ့သည့်အနေဖြင့် ၂ မိနစ် ငြိမ်သက်ခဲ့သည်။

အခမ်းအနားအစီအစဉ်အရ တက်ရောက်လာကြသော တိုင်း/ခရိုင်/မြို့နယ်များမှ တစ်ဦးချင်း မိတ်ဆက်ကြပြီး တိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ပြင်ဦးလွင်ပြည်ခိုင်ဖြိုးက ကျောင်းသုံးဗလာစာအုပ်လှူဒါန်း

ပြင်ဦးလွင် ဇွန် ၂၇

ပြင်ဦးလွင် ခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီသည်   ကံကြီးကုန်းရွာ အလယ်တန်းကျောင်းနှင့် စည်သာကျေးရွာ အ.မ.က ကျောင်းများသို့ ကျောင်းသုံး ဗလာစာအုပ်များ လှူဒါန်းခဲ့သည်။


မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ ဆွမ်းဆန်စိမ်းလောင်းလှူ

မန္တလေး၊ ဇွန် ၂၀

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၂)ရပ်ကွက်ရှိ မဟာဝိဇယကျောင်းတိုက်တွင် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ခြင်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးမျိုးမြင့်၊ ဦးကျော်စန်း၊ ဦးသိန်းထွန်းဦး၊ မန္တလေးခရိုင်ပါတီဥက္ကဌ ဦးဘိုသင်း ခရိုင်ကော်မတီဝင် ဦးဝင်းလှိုင်ငြိမ်း၊ ဦးစံရနှင့် မြို့နယ်ပါတီဥက္ကဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ တက်ရောက်ကြည်ညိုခဲ့ကြပြီး ဆရာတော် သံဃာတော်များအား လှူဖွယ် ပစ္စည်းများ လောင်းလှူခဲ့ကြပါသည်။

ဗဟိုကော်မတီအစည်းအဝေး၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ် ထပ်ဆင့်ရှင်းလင်းပွဲပြုလုပ်

မတ္တရာ ဇွန် ၂၀

(၂၀-၆-၂၀၂၂ )ရက် နံနက် (၁၀) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ပြည်ခိုင်ဖြိုး ပါတီရုံးခန်းမတွင် ဆဌမအကြိမ် ဗဟိုကော်မတီအစည်းအဝေး၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ် ထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။

ပါတီရှေ့လုပ်ငန်းစဉ်များထပ်ဆင့်ရှင်းလင်းပွဲပြုလုပ်

 

(၁၇-၆-၂၀၂၂)ရက် နံနက်(၁၀:၀၀) နာရီမှ(၁၃:၀၀)အချိန်ထိ မိတ္ထီလာခရိုင်ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် ဆဌမအကြိမ် ဗဟိုကော်မတီအစည်းအဝေး(၂၀၂၂)မှချမှတ်ခဲ့သော ပါတီရှေ့လုပ်ငန်းစဉ်များ ထပ်ဆင့်ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါသည်။ အဆိုပါထပ်ဆင့်ရှင်းလင်းပွဲသို့ ပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးအောင်ကျော်မိုး၊ ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်း၊ တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးညွန့်ဆောင်၊ ဘဏ္ဍာရေးမှူး ဒေါ်သိင်္ဂီအောင် တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးရွှေနန်း၊ ဦးမျိုးမြင့်၊ ဒေါ်ဝါဝါလှိုင်၊  မိတ္ထီလာခရိုင်ပါတီဥက္ကဌ ဦးထွန်းထွန်းဦး၊ အတွင်းရေးမှူး ဦးရဲထွန်းနိုင်နှင့်ကော်မတီဝင်များ၊ မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာ၊ သာစည်၊ ဝမ်းတွင်း၊ မလှိုင်မြို့နယ်တို့မှ ဥက္ကဌ၊ အတွင်းရေးမှူးနှင့်ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မစိုးရိမ်တိုက်သစ်ကျောင်းတိုက် သံဃာတော်များ ဆွမ်းဆေးဝေယျာဝစ္စ အတွက် အလှူတော်ငွေ ကျပ်သိန်း ၅ဝ လှူဒါန်း

မန္တလေး ဇန်နဝါရီ

ပြည်ထောင်စုကြ့ံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မစိုးရိမ်တိုက်သစ်ကျောင်းတိုက် သံဃာတော်များ ဆွမ်းဆေး ဝေယျာဝစ္စ အတွက် လှူဒါန်းသောငွေ ကျပ်သိန်း ၅ဝ ကို  ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဌ ဦးဝင်းမောင်က မစိုးရိမ်တိုက်သစ် ဒုတိယမဟာနာယကချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဝါသေဌာ ဘိဝံသထံသို့ ယမန်နေ့နံနက် ၁ဝ နာရီက ဆက်ကပ်လှူဒါန်း ခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ပါတီလူငယ်များအား တွေ့ဆုံပညာပေး

 

September 29, 2020

ပျော်ဘွယ်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) ဦးတင်စိုးနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမောင်မောင်မြင့်တို့သည် ယမန်နေ့ ပျော်ဘွယ်မြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးရုံးတွင် ပျော်ဘွယ်မြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီဝင် လူငယ်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။