ပခုက္ကူ ပြည်ခိုင်ဖြိုးပါတီမှ ကွန်းရွာကျေးရွာအုပ်စုတွင် ပါတီဆိုင်းဘုတ် စိုက်ထူ

 

၂၀၂၀ စက်တင်ဘာ ၂၃ ရက်

ပခုက္ကူခရိုင် ပခုက္ကူမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ယနေ့နံနက်တွင် ခရိုင်ပါတီဥက္ကဋ္ဌ သိန်းထွန်း နှင့်မြို့နယ်ပါတီဥက္ကဌ ဦးသန်းအေးတို့၏ စီစဉ်ညွန်ကြားမှုဖြင့်မြို့နယ် EC ဦးရဲနိုင် ၊ ဦးအောင်ကျော်မြင့်၊ဦးမင်းသူ မြို့နယ်လူငယ်ရေးရာ တာဝန်ခံ ဦးအောင်လင်းထွန်းတို့ သွားရောက်၍ အုပ်စုပါတီဥက္ကဌ ဦးလှဝင်း ရွာခွဲခေါင်းဆောင်များ တက်ရောက်ပြီး ပါတီစည်းရုံးရေးနယ်မြေ ( ၂) အတွင်းရှိ ကွန်းရွာအုပ်စုကွန်းရွာကျေးရွာတွင် ပါတီဆိုင်းဘုတ်စိုက်ထူ ခဲ့ကြောင်း သိရသည်။

အထက်မင်းလှတွင် ပါတီအောင်နိုင်ရေး ဆိုင်းဘုတ်တင်

 

မင်းလှ စက်တင်ဘာ

မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီအောင်နိုင်ရေး ဆိုင်းဘုတ်တင်ပွဲကို ယမန်နေ့ နံနက် ၇ နာရီက ပါတီရုံးရှေ့တွင် အမွှေးနံ့သာများ ပက်ဖျန်းကာ အောင်နိုင်ရေး ဆိုင်းဘုတ်ထူခဲ့ပြီး ပါတီဝင်များအားလုံးက နိုင်ငံတော်အလံအား အလေးပြုခဲ့ကြသည်။

မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ နေအိမ်ကန့်သတ်ထားသည့် ပြည်သူများအား ကြက်သွန်နှင့် ကြက်ဥများ ထောက်ပံ့ပေးအပ်

 

မကွေး စက်တင်ဘာ

မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းများဖြစ်ကြသော ပြည်သူ့လွှတ်တော် ဦးအောင်သိန်းကျော်၊ အမျိုးသားလွှတ်တော် ဦးကြည်ထွန်း၊ တိုင်းဒေသကြီးလွှတ်တော် ဦးတင်မျိုးဇော်၊ ဦးတင် ဌေးအောင် အပါအဝင် အလှူရှင်များလှူဒါန်း သော ကြက်သွန်နှင့် ကြက်ဥများအား ဃသလငိ-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအတွက် အတည်ပြု ပိုးတွေ့လူနာ တစ်ဦးတွေ့ရ၍ နေအိမ်ကန့်သတ်ခြင်း ခံထားရသော လျောင်းတော် ဦးကျေးရွာရှိ အိမ်ခြေ ၄၂ဝ အတွက် တစ်အိမ်ထောင်လျှင် ကြက်ဥလေးလုံး၊ ကြက်သွန် ၅ဝ ကျပ်သားနှုန်းဖြင့် ယမန်နေ့ နံနက်ပိုင်းက သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။ ဝင်းမောင်(မကွေး)

အောင်လံမြို့နယ်တွင် ရွေးကောက်ပွဲအတွက် ကြေငြာဆိုင်းဘုတ်များအား မင်္ဂလာရှိစွာ ဆိုက်ထူ

 

၉.၉.၂၀၂၀ ရက်နေ့ နံနက် ၈ နာရီ ၁၀ မိနစ်မှ စ၍ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ၌ ဝင်ရောက် ယှဉ်ပြိုင်မည့် အောင်လံပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် ကျွန်တော်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဗဟိုအတွင်းရေးမှူး ဇေယျကျော်ထင် ဦးတင်အောင်ချစ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ဦးတင်ဝင်း၊ အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော် ဦးခင်ဆွေ၊ အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော် ဦးစန်းလွင် တို့ ဦးစီးကာ EC အဖွဲ့များနှင့်အတူ နိုင်ငံတော်အလံနှင့် ပါတီအလံများကိုလွှင့်တင်ကာ အလေးအမြတ်ထား ဂါရဝပြုခဲ့ပါတယ်။

နတ်မောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီအောင်နိုင်ရေး အလံပေးအပ်

 

နတ်မောက် စက်တင်ဘာ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၂ဝ၂ဝ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်နိုင်ရေးအလံပေးအပ်ပွဲ ယမန်နေ့ နံနက် ၈ နာရီ ၁ဝ မိနစ်က မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင်ကျင်းပခဲ့ကြောင်း သိရသည်။

ပါတီဗဟိုအတွင်းရေးမှူး တက္ကသိုလ်ဝင်တန်း ထူးချွန်စွာအောင်မြင်သော အောင်လံမြိုကနယ်ရှိ ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်

အောင်လံ သြဂုတ် ၂၈

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ တိုင်းဒေသကြီး အရန်ပါတီ ကော်မတီဝင် ဦးတင်ဝင်းနှင့် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစန်းလွင်၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးခင်ဆွေတို့သည် ယမန်နေ့က ၂ဝ၁၉-၂ဝ၂ဝ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်စွာ အောင်မြင်ကြသော ခြောက်ဘာ သာဂုဏ်ထူးရှင် နှစ်ဦးအား တစ်ဦးလျှင် ကျပ်တစ်သိန်းဖြင့် ကျပ်နှစ်သိန်း၊ လေးဘာသာဂုဏ် ထူးရှင် ရှစ်ဦးအား တစ်ဦးလျှင် ကျပ်ငါးသောင်းဖြင့် ကျပ်လေးသိန်း၊ သုံးဘာသာ ဂုဏ်ထူးရှင်ကိုးဦးအား တစ်ဦးလျှင် ကျပ်လေးသောင်း ဖြင့် ကျပ်သုံးသိန်းခြောက်သောင်း စုစုပေါင်း ကျပ်ကိုးသိန်းခြောက်သောင်း ကိုဂုဏ်ပြုချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။

ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး ကံမမြို့နယ်ရှိ ကျေးရွာများတွင် ပြည်ခိုင်ဖြိုးပါတီ၏ အခမဲ့ဆေးကုသမှုများကို အားပေး

 

ကံမ သြဂုတ်လ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးသည် ပြည်ခိုင်ဖြိုးပါတီဌာနချုပ်မှ သားဖွားနှင့်မီးယပ် အထူးကုဆရာဝန် ဒေါက်တာချစ်ကောင်း၊ အထွေထွေရောဂါကုဆရာဝန် ဒေါက်တာ အောင်မင်းသူတို့နှင့်အတူ ယမန်နေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး ကံမမြို့နယ် ထန်းလေးပင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် အခြေပြုပြီး ပတ်ဝန်းကျင်ကျေးရွာများမှ မိဘပြည်သူများကို အခမဲ့ဆေးကုသ၍ ကျန်းမာရေးစောင့်ရှောက်ပေးခဲ့ကြောင်း သိရသည်။

သတင်းထုတ်ပြန်ကြေညာချက် အမှတ်စဉ်(၉/၂၀၂၀

သြဂုတ် ၁၂၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု၍ ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် “မကွေးတိုင်းဒေသကြီး” ရှိ မဲဆန္ဒနယ်များမှ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အောက်ပါပုဂ္ဂိုလ်များအား လွှတ်တော်ကိုယ်စားလှယ်လောင်းများအဖြစ် အသိအမှတ်ပြုတာဝန်ပေးအပ်ကြောင်း ကြေညာအပ်ပါသည်

ပြည်ခိုင်ဖြိုးပါတီမှ စကုမြို့ ပြည်ပပြန်များထားရာ Quaratine Center တွင် လိုအပ်နေသည့် ပိုက်ဇကာလှူဒါန်း

 

စကု၊ ဇွန် ၂၃

ပြည်ခိုင်ဖြိုးပါတီမှ စကုမြို့ ပြည်ပပြန်များထားရာ Quaratine Center တွင် လိုအပ်နေသည့် ပိုက်ဇကာ
ခရိုင်အတွင်းရေးမှူး ဦးစိန်ရွှေမင်းမှ ပေးအပ်လှူဒါန်းရာ မြို့အုပ်ချုပ်ရေး ဦးကြည်မင်းမှ လက်ခံယူပါသည်။
လှူဒါန်းပွဲသို့ တိုင်းပါတီကော်မတီဝင်ဦးကျော်သူဦး၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကျော်ဝင်းမြင့်နှင့် အတွင်းရေမှူး ဒေါ်စပယ်မင်း၊ ကော်မတီဝင်များဖြစ်သည့် ဦးဝင်းနိုင်၊ ဦးစိုူလှငျ၊ ဦးမျိုးညွန့်နှင့် အမှတ် ၃ ရပ်ကွက်ပါတီ ခေါင်းဆောင်ဒေါ်နှင်းတို့ တက်ရောက်ကြကြောင်း သိရပါသည်။ တစ်ဆက်တည်း စကုမြို့ စေေဥျအာရုံလှူသော ဆွမ်းလောင်ရုံအားလည်း ကာကွယ်ဆေးဖျန်းပက်ပေးခဲ့ကြကြောင်းလည်းသိရပါသည်။

စလင်းပြည်ခိုင်ဖြိုးပါတီ မြို့နယ်ဥပဒေပြုရေးရုံးသို့ COVID-19 ကာကွယ်ရေးပစ္စည်းများ လှူဒါန်း

 

စလင်း ဇွန် ၁၇

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့ မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့နှင့်မြို့နယ် ဥပဒေပြုရုံးများသို့ ယမန်နေ့ နံနက် ၉ နာရီကCOVID-19 ကာကွယ်ရေးပစ္စည်းများ သွားရောက်လှူဒါန်းခဲ့သည်။