စလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လပတ်စည်းဝေးပွဲကျင်းပ

 

စလင်း ဒီဇင်ဘာ ၁၃

မကွေးတိုင်းဒေသကြီး စလင်း မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ၏ လပတ်ပုံမှန် အစည်းအဝေးကို ယမန်နေ့နံနက် ၁ဝ နာရီက စလင်းမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရုံးခန်းမ၌ ကျင်းပခဲ့သည်။

မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံ အကြိုနှီးနှောဖလှယ်ပွဲ ဗဟိုအတွင်းရေးမှူးတက်ရောက်

 

မကွေး နိုဝင်ဘာ ၂၈

မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁ဝ နာရီက တိုင်းဒေသကြီးပါတီအစည်းအဝေးခန်းမ၌ပြုလုပ်ခဲ့ရာ ဗဟိုအတွင်းရေးမှူးဦးပိုက်ထွေးနှင့် ဗဟိုအလုပ်အမှုဆောင် မကွေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေးတို့ တက်ရောက်ခဲ့ကြသည်။ဆက်လက်၍သဘာပတိတိုင်း ဒေသကြီးအမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်ယဉ်ယဉ်လှက အဖွင့်အမှာ စကားပြောကြားပြီးတိုင်းဒေသကြီး အမျိုးသမီးရေးရာကော်မတီ ကိုယ် စားဒေါ်စပယ်မင်းက အခမ်းအနား ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်း လင်းတင်ပြသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်ဆရာဝန်များ ကျေးရွာနေပြည်သူများအား အခမဲ့ကျန်းမာရေးဆေးကုသပေး

 

အောင်လံ နိုဝင်ဘာ ၂၈

မကွေးတိုင်းဒေသကြီး အောင် လံမြို့နယ် ရွှေပန်းတောအခြေစိုက် ရှိ ကျေးရွာနေ ပြည်သူများအား အခမဲ့ကျန်းမာရေး ကူညီစောင့် ရှောက်ပေးခြင်းလုပ်ငန်းကို ယနေ့ တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးတင်အောင်ချစ်နှင့်တိုင်းဒေသကြီး အရန် ကော်မတီဝင်ဦးတင်ဝင်းတို့ ဦးဆောင်၍ ပါတီဝင်ဆရာဝန်များ ဖြစ်ကြသောဒေါက်တာသန်းတင့် အောင်(ပါရဂူ)၊ဒေါက်တာနေမျိုးခိုင် (ပါရဂူ)၊ဒေါက်တာ နေမျိုးဇေယျာ တို့က ပြည်သူလူထု၂၃ဝဦးအား အခမဲ့ဆေးဝါး ကုသခြင်းကို ဆောင်ရွက်ခဲ့သည်။
အခမဲ့ကျန်းမာရေးကူညီစောင့် ရှောက်မှုလုပ်ငန်းအား မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးစန်းလွင်နှင့် မြို့နယ်ပါ တီကော်မတီဝင်များ၊ ရွှေပန်းတော ကျေးရွာမှ အုပ်ချုပ်ရေးမှူးနှင့် လူမှု ကူညီစောင့်ရှောက်ရေးအဖွဲ့များနှင့် အငြိမ်းစားကျန်းမာရေး ဆရာမကြီး များက ဝိုင်းဝန်းကူညီဆောင်ရွက် ပေးခဲ့ကြပြီး အခမဲ့ကျန်းမာရေး ကူညီစောင့်ရှောက်မှုအား ယခုလ ၂၉ရက်တွင် ဆက်လက်ကုသပေး သွားမည်ဖြစ်သည်။

အောင်​လံမြို့နယ်​အတွင်းရှိ မျက်​စိ​ဝေဒနာရှင်​များအား ပြည်​ခိုင်​ဖြိုးပါတီဝင်​ မျက်​စိဆရာဝန်​များမှ အခမဲ့ ခွဲစိတ်​ကုသ​​၍ ဗဟိုအတွင်း​ရေးမှူးမှ အား​ပေးစကား​ပြောကြား

အောင်လံ၊ နိုဝင်ဘာ၊ ၁၆

မ​ကွေးတိုင်း​ဒေသကြီး ​အောင်​လံမြို့နယ်​ ရွာ​ထောင်​ရပ်​ကွက်ရှိ သီတဂူ​ဇောတိကစက္ခုဒါန အခမဲ့​ဆေးရုံတွင်​ မျက်​စိ​ဝေဒနာရှင်​များအား အခမဲ့ခွဲစိတ်​ကုသ​ပေးခြင်းကို ယ​နေ့နံနက်​ ၁၀ နာရီချိန်​မှ စတင်​၍​ဆောင်​ရွက်​ရာ ပြည်​​ထောင်​စု ကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ဗဟိုအတွင်း​ရေးမှူး ဦးတင်​​အောင်​ချစ်​သည်​ မ​ကွေးတိုင်း​ဒေသကြီး ပါတီအရံ​ကော်​မတီဝင်​ ဦးတင်​ဝင်း၊ မြို့နယ်​ပါတီ​ကော်​မတီဝင်​များနှင့်အတူ သွား​ရောက်​၍ သီတဂူ​ ရွှေပြည်​ဟိန်းဆရာ​တော်​ကြီးနှင့် ဆရာ​တော်​ ဦး​ဇေိာတကအား ဖူး​မျှော်​ကြည်​ညိုကြပြီး လူနာများကို အား​ပေးစကား​ပြောခြင်း၊ လုပ်​အားဒါန​ပေးခြင်း များ ​ဆောင်​ရွက်​ခဲ့ကြ​ကြောင်းနှင့် အဆိုပါအခမဲ့ မျက်​စိခွဲစိတ်​ခြင်းလုပ်​ငန်းကို ပြည်​ခိုင်​ဖြိုးပါတီဝင်​များဖြစ်​ကြ​သော ​ဒေါက်​တာမြတ်​သူရ​ဌေး (မျက်​စိခွဲစိတ်​အထူးကု)၊ ​ဒေါက်​တာအောင်​ဇာနည်​​ဌေး (မျက်​စိခွဲစိတ်​အထူးကု)၊ ​ဒေါက်​တာ အာကာဟိန်း (အ​ထွေ​ထွေ​ရောဂါအထူးကု) တို့မှ လုပ်​အားဒါန ကုသိုလ်​ပြု​ဆောင်​ရွက်​ခြင်းဖြစ်​​ကြောင်း သိရသည်​။

မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပါတီဗဟိုအတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်တက်ရောက်

 

မကွေး နိုဝင်ဘာ ၁၃

စလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

စလင်း နိုဝင်ဘာ ၁၂

မကွေးတိုင်းဒေသကြီးမင်းဘူး ခရိုင် စလင်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီလပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁ဝနာရီက စလင်း မြို့နယ်ပါတီရုံး၌ ကျင်းပခဲ့ရာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးခင်မောင် လွင်က မြို့နယ်ပါတီ၏ တစ်လတာ အတွင်း လှုပ်ရှားဆောင်ရွက်ခဲ့မှု များ၊ တိုင်းဒေသကြီးပါတီနှင့်ခရိုင် ပါတီတို့၏ လုပ်ငန်းလမ်းညွှန် များကို ရှင်းလင်းပြောကြားခဲ့ပြီး အတွင်းရေးမှူး ဦးဇော်နိုင်ကကြား ဖြတ်ရွေးကောက်ပွဲအတွေ့အကြုံများ ကို ရှင်းလင်းပြောကြားခဲ့သည်။

ပွင့်ဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

ပွင့်ဖြူ နိုဝင်ဘာ ၁၁

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လပတ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၉နာရီခွဲက ပွင့်ဖြူ မြို့နယ်ပါတီရုံး၌ပြုလုပ်ခဲ့ရာ မကွေး တိုင်းဒေသကြီးပါတီကော်မတီဝင် တိုင်း ဒေသကြီး တောင်သူလယ်သမားရေးရာ တာဝန်ခံ ဦးအောင်နိုင်က စိုက်ပျိုးရေး ဆိုင်ရာများနှင့် ကူညီဆောင်ရွက်ပေးနိုင် သည်များအားရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ပါတီဥက္ကဋ္ဌ ဦးရန်နိုင်စိုးနှင့် အတွင်း ရေးမှူး ဦးဆန်းထွန်းတို့က မြို့နယ်ပါတီ၏ တစ်လတာအတွင်းလှုပ်ရှားဆောင်ရွက်ခဲ့မှု များ၊ တိုင်းဒေသကြီးပါတီနှင့် ခရိုင်ပါတီ တို့၏လုပ်ငန်းလမ်းညွှန်များ၊ ကြားဖြတ်ရွေး ကောက်ပွဲ အတွေ့အကြုံများကို ရှင်းလင်း ပြောကြားခဲ့သည်။

မ​ကွေးမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီ၏ စု​ပေါင်းမဟာဘုံကထိန်​ခင်း အလှူ​တော်​ ကျင်းပပြုလုပ်

 

မကွေး ၊ နိုဝင်ဘာ ၈

မ​ကွေးမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီ ဥက္ကဋ္ဌ ဦး​အောင်​သိန်း​ကျော်​၊ အတွင်း​ရေးမှူး ဦးတင်​မျိုး​ဇော်​၊ ဘဏ္ဍာ​ရေးမှူး ​ဒေါ်စု​စု​နောင်​ နှင့် မြို့နယ်​​ကော်​မတီဝင်​များ၊ ပါတီဝင်​များ​သည်​ ရွာသစ်​က​လေး​ကျေးရွာတွင်​ စု​ပေါင်းမဟာဘုံကထိန်းခင်း အလှူ​တော်​မင်္ဂလာကို အများ​ပေါင်းစု၍ ​ကောင်းမှုကုသိုလ်​ပြုလုပ်​ရာ ပင့်​သံဃာအလှူ​ငွေ (၅၆၀၀၀၀) ကျပ်​၊ ​ကျောင်းတိုက်​ အုတ်​တံတိုင်းအတွက်​ အလှူ​ငွေ(၂၁၀၀၀၀) ကျပ်​၊ နဝကမ္မအလှူ​ငွေ (၅၀၀၀၀၀) ကျပ်​ လှူဒါန်းပြီး ကြွ​ရောက်​လာ​သော ဧည့်​သည်​​တော်​များ၊ ပါတီဝင်​များကို ထမင်း​ကျွေးဧည့်​ခံမှုများ ပြုလုပ်​ခဲ့ပါသည်​။

မင်းဘူးမြို့နယ် စကုနယ်မြေတွင် ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးနှင့် အဖွဲ့ Door to Door ကွင်းဆင်းဆောင်ရွက်

 

31.10.2018

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၀င်ရောက်ယှဉ်ပြိုင်သည့် နယ်မြေတစ်ခုဖြစ်သည့် မင်းဘူးမြို့နယ် စကုမြို့ တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၂) နေရာအတွက် မဲဆွယ်စည်းရုံးမှုတစ်ခုဖြစ်သည့် Door to Door ဆောင်ရွက်မှုအား မင်းဘူး/စကုမြို့နယ်မဲဆန္ဒနယ်မြေအမှတ်(၂)ရှိကျေးရွားများနှင့် မင်ဘူးနှင့်စကုမြို့ပေါ်ရပ်ကွက်များသို့ ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ တိုင်းပါတီဥက္ကဌဒေါက်တာမောင်မောင်ဌေး၊ တိုင်းဘဏ္ဍာရေးမှုဦးကြည်ထွန်း၊ တိုင်းကော်မတီဝင်များ ၊ ဦးကျော်သူဦး၊ ဦးအေးသူ၊မြို့နယ်ဥက္ကဌ ဦးကျော်ဝင်းမြင့် နှင့်ကော်မတီဝင်များလိုက်ပါလျက် တရွာဝင်တရွာထွက်နှင့် တအိမ်တက်ဆင်း Door to Door ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပါသည်။

မင်းဘူးမြို့နှင့်စကုမြို့ရှိ လူမှုရေးအသင်းများသို့ ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးမှ အလှူငွေများ လှူဒါန်း

 

31.10.2018.

မင်းဘူးမြို့နယ် နှင့် စကုမြို့နယ်အတွင်းရှိ လူမှုရေးလုပ်ငန်းများအား လုပ်ကိုင်ဆောင်ရွက်ပေးနေသော အသင်းများဖြစ်သည့် ဗြဟ္မစိုရ်အသင်းနှင့်မြတ်စေတနာအသင်းသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုပါတီအတွင်းရေးမှူး ဦးပိုက်ထွေး၊ တိုင်းပါတီဥက္ကဌဒေါက်တာမောင်မောင်ဌေး ၊ တိုင်းဘဏ္ဍာရေးမှူး ဦးကြည်ထွန်း၊ တိုင်းပါတီကော်မတီဝင်များ နှင့် ဦးကျော်သူဦး၊ ဦးအေးသူ၊ မြို့နယ်ဥက္ကဌဦးကျော်ဝင်းမြင့် ၊ မြို့နယ်ပါတီကော်မတီဝင်များ လိုက်ပါလျက် မြို့မိမြို့ဖများနှင့်ရင်းနှီးစွာတွေ့ဆုံပြီးဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး+ ဒေါ်ခင်မျိုးဌေး မိသားစုမှ အလှူငွေ တသိန်းကျပ်စီ လှူဒါန်းခဲ့ပါသည်။