ကျောက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်ရေးရာမှ မြို့ပေါ်ရပ်ကွက်များအား သွေးလွန်တုပ်ကွေး မဖြစ်ပွား စေရန် ခြင်ဆေးဖျန်းခြင်းများ ပြုလုပ်ဆောင်ရွက်

ကျောက်ကြီး စက်တင်ဘာ
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ယမန်နေ့ နံနက် ၈နာရီမှ ဆားတန်း ရပ်ကွက် ပဲခူးရပ်ကွက် လူနေအိမ်နှင့်ခြုံနွယ်ထူထပ်ပြီး ခြင်ခိုအောင်နိုင်သည့် နေရာများအား ခြင်းဆေး ဖြန်းခြင်း ရောဂါပိုးကူးစက်မှု မပြန့်ပွားစေရန် လမ်းဘေးဝဲယာ ထုံးဖြူးခြင်းများအား မြို့နယ်ပါတီလူငယ် ရေးရာတာဝန်ခံ ဦးထွန်းမင်းလတ်နှင့် အမျိုးသမီးတာဝန်ခံ ဒေါ်နုနုစိန်တို့မှ ဆောင်ရွက်ခဲ့ကြပြီး အကျိုးပြု လုပ်ဆောင်နေမှုအား မြို့နယ်ပါတီဥက္ကဋ္ဌ ဦးလှဖုန်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဟံသာဝင်း (ခ) ဦးသူရိန်နိုင်တို့ ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။ခိုင်ကြီး(ကျောက်ကြီး)

ညောင်လေးပင်မြို့နယ် အတွင်းရှိ ကျေးရွာအုပ်စုများသို့ Covid-19 ဥပဒေနှင့်အညီ ပြည်သူများ၏ ကျန်းမားရေးကို အလေးထားပြီး မဲဆွယ်စည်းရုံး

 

ညောင်လေးပင်၊ အောက်တိုဘာ ၁၃

ညောင်လေးပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် ယမန်နေ့ မနက် ၈ နာရီ အချိန်မှ စတင်ပြီး ညောင်လေးပင်မြို့နယ် အတွင်းရှိ စစ်ကုန်း၊ နှင်းဝိ-သံတံတား၊ ကဒါးကျေးရွာများသို့ COVID-19 ဥပဒေနှင့်အညီ တစ်အိမ်တက်ဆင်း Door to Door လက်ကမ်းစာစောင်များ ဝေငှ၍ ကျေးရွာရပ်မိရပ်ဖများနှင့် တွေ့ဆုံကာ စည်းရုံးရေး ဆင်းခဲ့ကြသည်။ မဲဆွယ်စည်းရုံးရေးသို့ ညောင်လေးပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာသန့်ဇော်လွင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမျိုးညွန့်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်စိုး၊ မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာ ကော်မတီဝင်များနှင့် ဒေသခံလူငယ်များ လိုက်ပါခဲ့ကြသည်။ Waiyan


 

ညောင်လေးပင်၊ အောက်တိုဘာ ၈

ညောင်လေးပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် ယမန်နေ့ နံနက် ၈ နာရီ အချိန်တွင် တော်ပသီကျေးရွာသို့ ရောက်ရှိခဲ့ပြီး ပြည်သူများမှ အောင်နိင်ရေးအလံများ လွှင့်ထူခြင်း၊ ပန်းကုံးဆွတ် ကြိုဆိုခြင်းများ ပြုလုပ်ခဲ့ကြသည်။


 

ညောင်လေးပင်၊ အောက်တိုဘာ ၇

ညောင်လေးပင်မြို့နယ် အတွင်းရှိ ကျေးရွာများသို့ ယမန်နေ့ နံနက် ၈ နာရီချိန်မှ စတင်၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးရေး ခရီးစဉ်ကို ကိုဗစ် -19 ဥပဒေနှင့် အညီမဲဆွယ်စည်းရုံး ခဲ့ကြသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းကို ကျေးလက်ဒေသ ရပ်မိရပ်ဖနှင့် ပြည်သူများက ကြိုဆို

 

ဝေါ အောက်တိုဘာ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) တွဲဖက် တာဝန်ခံဝေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလှသိန်းသည် ဝေါမြို့နယ် သူရဲသမိန် ကျေးရွာရှိ မဲဆန္ဒရှင် ကျေးလက်နေ ပြည်သူများထံ ယမန်နေ့နံနက်ပိုင်းက သွားရောက်တွေ့ဆုံခဲ့ရာ သူရဲသမိန်ကျေးရွာရှိ ကျေးလက်ဒေသမှ ရပ်မိရပ်ဖများ၊ ပြည်သူများ၊ ပါတီဝန်းရံသူများက လှိုက်လှဲစွာ ကြိုဆိုခဲ့ကြကြောင်း သိရသည်။

ပြည်သူများ၏ ကျန်းမားရေးကို အလေးထား၍ ညောင်လေးပင်မြို့နယ် အတွင်းရှိ ကျေးရွာအုပ်စုများသို့ Covid-19 ဥပဒေနှင့်အညီ မဲဆွယ်စည်းရုံး

 

ညောင်လေးပင်၊ အောက်တိုဘာ ၆

ညောင်လေးပင်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ယနေ့မနက် ၈ နာရီချိန်မှ စတင်၍ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးရေး ခရီးစဉ်ကို ကိုဗစ်-19 ဥပဒေနှင့်အညီ မဲဆွယ်စည်းရုံးခဲ့ကြသည်။ လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် ညောင်လေးပင်မြို့နယ် အတွင်းရှိ တာဦး၊ ချောင်းကျိုး-လေးအိမ်စု ကျေးရွာများသို့ သွားရောက်ပြီး တစ်အိမ်တက်ဆင်း (Door to Door)စနစ်ဖြင့် လက်ကမ်း စာစောင်များဝေငှ၍ စည်းရုံးရေး ဆင်းခဲ့ကြသည်။ မဲဆွယ်စည်းရုံးရေးသို့ ညောင်လေးပင်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာသန့်ဇော်လွင်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမြင့်စိုး၊ ရပ်ကွက်/ကျေးရွာ ကော်မတီဝင်များနှင့် ဒေသခံလူငယ် များ လိုက်ပါခဲ့ကြသည်။Waiyan

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းအား ကြိုဆို

 

ဝေါ အောက်တိုဘာ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) ဝေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးလှသိန်းကို မဲဆန္ဒရှင်ပြည်သူများထံသို့ သွားရောက်တွေ့ဆုံစဉ် ဝေါမြို့နယ် ရှမ်းကိုင်းကျေးရွာမှ ကျေးလက်နေပြည်သူများနှင့် ပါတီဝန်းရံသူများက လှိုက်လှဲစွာ ကြိုဆိုကြကြောင်း သိရသည်။



 

ညောင်လေးပင်၊ အောက်တိုဘာ ၎

ညောင်လေးပင်မြို့နယ် အတွင်းရှိ ကျေးရွာများသို့ ယမန်နေ့ မနက် ၉ နာရီချိန်မှ စတင်၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးရေးခရီးစဉ်ကို ကိုဗစ်-19 ဥပဒေနှင့် အညီမဲဆွယ်စည်းရုံး ခဲ့ကြသည်။

Covid-19 ဥပဒေနှင့်အညီ ညောင်လေးပင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများသို့ မဲဆွယ်စည်းရုံး

 

ညောင်လေးပင်၊ အောက်တိုဘာ ၁

ညောင်လေးပင်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ယမန်နေ့ မနက် ၈ နာရီချိန်မှ စတင်၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးရေး ခရီးစဉ်ကို ကိုဗစ်-19 ဥပဒေနှင့်အညီ မဲဆွယ်စည်းရုံးခဲ့ကြသည်။

လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် ညောင်လေးပင်မြို့နယ် အတွင်းရှိ အင်းဝိုင်းကျေးရွာ၊ တရုတ်စု၊ ကျွန်းစု၊ ကွင်းဒလ၊ ဘူတာစု၊ ရေကြည်ချောင်းကျေးရွာများသို့ သွားရောက်ပြီး တစ်အိမ်တက်ဆင်း(Door to Door)စနစ်ဖြင့် လက်ကမ်းစာစောင်များဝေငှ၍ စည်းရုံးရေးဆင်းခဲ့ကြသည်။

Covid-19 ဥပဒေနှင့်အညီ ညောင်လေးပင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများသို့ မဲဆွယ်စည်းရုံး

 

ညောင်လေးပင်၊ စက်တင်ဘာ ၃၀

ညောင်လေးပင်မြို့နယ် အတွင်းရှိ ကျေးရွာများသို့ ယနေ့မနက် ၈ နာရီချိန်မှ စတင်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးရေး ခရီးစဉ်ကို ကိုဗစ်-19 ဥပဒေနှင့်အညီ မဲဆွယ်စည်းရုံး ခဲ့ကြသည်။

လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် ညောင်လေးပင်မြို့နယ်အတွင်းရှိ ကျပန်း၊ အုပ္ပလင်၊ ဇလုပ်ကုန်း၊ ချင်းစု၊ ဇီးဖြူခင်၊ ကြိုးကြာကွင်းများသို့ သွားရောက်ပြီး တစ်အိမ်တက်ဆင်း (Door to Door) စနစ်ဖြင့် လက်ကမ်း စာစောင်များဝေငှ၍ စည်းရုံးရေးဆင်းခဲ့ကြသည်။