ကသာတွင် ကျေးရွာအုပ်စုပါတီရုံးဆိုင်းဘုတ်တင် ကျေးရွာပါတီဝင်များ တွေ့ဆုံပွဲကျင်းပ

 

ဝက်လက် နိုဝင်ဘာ ၁၂

ကသာမြို့နယ် အထက်ဝဲကြီးကျေးရွာအုပ်စု ဦးညွန့်ဖေနေအိမ်၌ ယမန်နေ့ နံနက် ၈ နာရီတွင် ပြည်ခိုင်ဖြိုးပါတီကျေးရွာအုပ်စုပါတီ ရုံးဆိုင်းဘုတ်တင်ပွဲနှင့် ကျေးရွာပါတီဝင်များတွေ့ဆုံပွဲကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အလုပ်အမှုဆောင်ကော် မတီဝင်(ကသာခရိုင်တာဝန်ခံ)ဦးအောင်ကိုစံ၊ ကသာမြို့နယ် ပြည် ခိုင်ဖြိုးပါတီကော်မတီဝင်များ၊ ကျေးရွာအုပ်စုပါတီဥက္ကဋ္ဌနှင့် ကော် မတီဝင်များ အင်အား ၄၃ ဦး တက်ရောက်ကြသည်။

စဉ့်ကိုင်ပြည်ခိုင်ဖြိုးပါတီ ကျောင်းသုံးဗလာစာအုပ်များတစ်အိမ်တက်ဆင်းလှူဒါန်း

 

စဥ့်ကိုင် နိုဝင်ဘာ ၇

စဥ့်ကိုင်ပြည်ခိုင်ဖြိုးပါတီမှ သစ်ခေါက်အုပ်စု သစ်ခေါက်ကျေး ရွာနှင့်ဆည်ကတော်ကျေးရွာများရှိ ထက်လယ်မူ ကျောင်းသား ကျောင်းသူ ၁၄ဝ မှာ ဗလာစာအုပ်နှင့် လေးကြောင်းမျဉ်းစာအုပ် များလိုအပ်နေရာ ယမန်နေ့ နံနက် ၁၁ နာရီခွဲတွင် တိုင်းပါတီကော် မတီဝင် ဒေါ်သိင်္ဂီအောင်၊ ခရိုင်ပါတီကော်မတီဝင် ဒေါ်ခင်နွယ်မြင့်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကြည်ပြုံးနှင့်ကော်မတီဝင်များ၊ ရပ်/ကျေး အဖွဲ့များစုပေါင်း၍ တစ်အိမ်တက်ဆင်းပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မန္တ​လေးတိုင်း​ဒေသကြီး ပြည်​ခိုင်​ဖြိုးပါတီ ရွေးကောက်ပွဲဥပဒေဆိုင်ရာအသိပညာပေးသင်​တန်းဖွင့်ပွဲကျင်းပပြုလုပ်

 

မန္တ​လေးတိုင်း​ဒေသကြီးပြည်​ခိုင်​ဖြိုးပါတီရုံး၌ ရွေးကောက်ပွဲဥပဒေဆိုင်ရာအသိပညာပေးသင်​တန်းဖွင့်ပွဲအား (၁၆.၁၀.၂၀၁၈) ရက်​​နေ့ နံနက်​(၀၉း၃၀) နာရီအချိန်​က ကျင်းပပြုလုပ်​ရာ တိုင်း​ဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်း​မောင်​၊ တိုင်း​ဒေသကြီးပါတီအတွင်း​ရေးမှူး ဦး​အောင်​​ကျော်​မိုးနှင့်​ တိုင်းပါတီ​ကော်​မတီဝင်​များ၊ တိုင်း​ပါတီအတိုင်​ပင်​ခံများ၊ မန္တ​လေးခရိုင်​ပါတီဥက္ကဋ္ဌ ဦးဘိုသင်း၊ ခရိုင်​ပါတီအတွင်း​ရေးမှူး ​ဒေါ်ဝါဝါလှိုင်​နှင့် ​ခရိုင်​​ကော်​မတီဝင်​များ၊ မန္တ​လေးခရိုင်​အတွင်းရှိမြို့နယ်​များမှ ဥက္ကဋ္ဌများ၊ အတွင်း​ရေးမှူးများ၊ ​ကော်​မတီဝင်​များ၊ သင်တန်းသား/သင်တန်းသူများ စုစုပေါင်း (၃၄၈) ဦး တက်​ရောက်​ခဲ့ကြပါသည်​။

နိုင်ငံရေးပါတီ (၂၇) ပါတီ၏ ပူးတွဲသဘောထားထုတ်ပြန်ကြေညာချက် ၁၃၈၀ ပြည့်နှစ်၊ တော်သလင်းလပြည့်ကျော် ၆ ရက် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်


ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲအခမ်းအနားနှင့် အမျိုးသမီးရေးရာအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကျင်းပ

 

ကနီ စက်တင်ဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး ယင်း မာပင်ခရိုင် ကနီမြို့နယ် လင်ပုန်း ရည်ကျေးရွာအုပ်စု ရပ်/ကျေး ပါတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင် နေ အိမ်၌ ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ် တင်ပွဲအခမ်းအနားနှင့် ပါတီဝင် များ၊ အမျိုးသမီးရေးရာအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပခဲ့ သည်။

ဗဟိုအမျိုးသမီးညီလာခံကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကြာဇံချက်များကျွေခြင်း၊ စုပေါင်းလုပ်အားဒါနများပြုလုပ်ခြင်းများ ပြုလုပ်ကုသိုလ်ယူ

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ ဝေဘူတောင်တွင် နှစ်စဉ်ကျင်းပပြုလုပ်လျှက်ရှိသော ဆယ်ဆူဘုရားပွဲတော်တွင် ကျောက်ဆည်မြို့နယ် ပြည်ခိုင်ဖြိုးမှ ” ချမ်းသာရဘုရား ” တွင် ကျောက်ဆည်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ဗဟိုအမျိုးသမီးညီလာခံကို ကြိုဆီုဂုဏ်ပြုသောအားဖြင့် ပြည်ခိုင်ဖြိုးပါတီမှ ကြာဇံချက်များကျွေးခြင်း၊ စုပေါင်းလုပ်အားဒါနများပြုလုပ်ခြင်းများကို ယနေ့ (26.9.2018) ရက်၊ နေ့လည်ပိုင်း (2) နာရီအချိန်တွင်ေ ဝဘူတောင်ပေါ်ရှိ ” ချမ်းသာရ ” ဘုရားတွင် ပြုလုပ်ကုသိုလ်ယူခဲ့ကြပါသည်။

တာချီလိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင်နှင့်အဖွဲ့ ပါတီဝင်များဖြင့်ကွင်းဆင်းတွေ့ဆုံခြင်း

 

၂၅.၉.၂၀၁၈ ရက်နေ့တွင် တာချီလိတ်မြို့၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုကော်မတီဝင် ဒေါ်တင်မေထွန်း၊ ခရိုင်ပါတီဥက္ကဌ ဦးဘိုစံ၊ မြို့နယ်ကော်မတီဝင် ဦးစိုးကျော်အောင်၊ ခရိုင်ပါတီအမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်လော်ယိုတို့နှင့်အတူ ဖန်မင်ကျေးရွာအုပ်စု၊ ဟာကျားမနိုးကျေးရွာသို့ သွားရောက်ခဲ့ပြီး ပါတီဝင် ဒေါ်အားမြေ့၏နေအိမ်၌ ပါတီဝင်များဖြင့် တွေ့ဆုံခဲ့ပါသည်။
အဆိုပါကျေးရွာသည် အိမ်ခြေ (၂၄) အိမ်ရှိပြီး ကတ်သလစ်ဘာသာဝင် (၁၈) အိမ်တို့မှ ကျေးရွာရှိ သံယောဟန်အသစ်ေ ဆာက်လုပ်ရာတွင် လိုအပ်နေသည့်ကိစ္စများ၊ ပါတီဝင်ကိုယ်ဝန်သည် မအားမီ သားဦးမွေးဖွားရန်အတွက် ကူညီပေးနိုင်မည့်ကိစ္စများအပြင် ပါတီ၏ရှေ့လုပ်ငန်းစဉ်များဆွေးနွေး ခဲ့ကြကြောင်း သိရှိရပါသည် ။

အုတ်တွင်းမြို့နယ် အမှတ်(၁)မဲဆန္ဒနယ်မြေတွင် ဝင်ရောက်ရွေးချယ်ခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းဦးဝင်းမြင့် ပြည်သူများနှင့်တွေ့ဆုံ

 

အုတ်တွင်း စက်တင်ဘာ ၂၄

ပဲခူးတိုင်းဒေသကြီး အုတ် တွင်းမြို့နယ်ရှိ ပြည်ခိုင်ဖြိုးရုံးတွင် ယမန်နေ့ နံနက် ၉ နာရီက ဗဟို အလုပ်အမှုဆောင် ဦးလှသိန်းနှင့် ဗဟိုကော်မတီဝင်များကအုတ်တွင်း မြို့နယ်အမှတ်(၁)မဲဆန္ဒနယ်မြေတွင် ဝင်ရောက်ရွေးချယ်ခံမည့်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝင်းမြင့် မဲအောင်နိုင်ရေးအတွက်အမှတ်(၁) နယ်မြေရှိ အောင်နိုင်ရေးအဖွဲ့များ နှင့်တွေ့ဆုံပြီးမဲအောင်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြောင်းသိရသည်။

မ​ကွေးတိုင်းဒသကြီး ပါတီ​ကော်​မတီနှင့် မ​ကွေးခရိုင်​ ပါတီ​ကော်​မတီဝင်​များ လုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေးပြုလုပ်

 

မ​ကွေး၊ စက်​တင်​ဘာ၊ ၂၄