ရခိုင်တိုင်းရင်းသားတွေရဲ့ ဆန္ဒကို အလေးထားရမှာဖြစ်ကြောင်း ကာ/ချုပ် ပြောကြား

ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ကြသူတွေအနေနဲ့ တကယ့် မြန်မာနိုင်ငံသား အစစ်အမှန်တွေက ပြန်လည် လက်ခံဖို့ အသင့်ဖြစ်တဲ့အချိန်ကျမှ ပြန်လာနိုင်မှာဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။ နိုဝင်ဘာ ၁၅ ရက်နေ့က နေပြည်တော်မှာ အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Rex Tillerson နဲ့ တွေ့ဆုံစဉ်အတွင်း ပြောကြား ခဲ့တာပါ။

Read more

ကမ္ဘာတစ်ဝန်းရှိ မြန်မာပြည်ဖွား တရုတ်လူမျိုးများ တွေ့ဆုံပွဲနှင့် စီးပွားရေးဖိုရမ် မန္တလေးတွင် ကျင်းပမည်

 

ကမ္ဘာတစ်ဝန်း နိုင်ငံအသီးသီးသို့ ရောက်ရှိနေသော မြန်မာနိုင်ငံတွင် မွေးဖွားသည့် တရုတ်လူမျိုးများကို ဖိတ်ခေါ်ကာ တရုတ်-မြန်မာ ချစ်ကြည်ရေး တွေ့ဆုံပွဲနှင့် စီးပွားရေးဆိုင်ရာ ဖိုရမ်တစ်ခုကို မန္တလေးမြို့၌ သုံးရက်ကြာ ကျင်းပမည်ဟု မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း ဒု ဥက္ကဋ္ဌ ဦးစက်တီက ပြောသည်။

Read more

မြန်မာခရီးစဉ်တွင် ရိုဟင်ဂျာအသုံးအနှုန်းရှောင်ရှားရန် ပုပ်ရဟန်းမင်းကြီးအား ကိုဖီအာနန်တိုက်တွန်း

မြန်မာနိုင်ငံခရီးစဉ်အတွင်း ရိုဟင်ဂျာဟူသည့်အသုံးအနှုန်းကို ရှောင်ရှားရန် ပုပ်ရဟန်းမင်းကြီးအား ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ်ဟောင်းကိုဖီအာနန်က တိုက်တွန်းပြောကြားခဲ့ကြောင်း ရိုက်တာ သတင်းတစ်ရပ်တွင်ဖော် ပြသည်။ ကိုဖီအာနန်သည် နိုဝင်ဘာ ၆ ရက်က ဗာတီကန်နန်းတော်သို့ သွားရောက်၍ ပုပ်ရဟန်းမင်းကြီး နှင့်တွေ့ဆုံပြီး ပုပ်ရဟန်းမင်းကြီး မြန်မာနိုင်ငံသို့ မသွားရောက်မီ ၎င်း၏ရခိုင်ဒေသရေးရာ အစီရင်ခံစာကို ဖတ်ရှုနိုင်ရန်ပေးအပ်ခဲ့ သည်ဟု ရိုက်တာကဖော်ပြသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သတင်းထုတ်ပြန်ကြေညာချက် ၊ အမှတ်စဉ် ( ၅ / ၂၀၁၇ )

၁၃၇၉ ခုနှစ် ၊ တန်ဆောင်မုန်းလဆုတ် ( ၁၃ ) ရက်
၂၀၁၇ ခုနှစ် ၊ နိုဝင်ဘာလ ( ၁၆ ) ရက်


Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကယားပြည်နယ် နယ်မြေ တာဝန်ခံနှင့် ပြည်နယ်ပါတီ ခရိုင်ပါတီများနှင့် မြို့နယ်ပါတီများ လုပ်ငန်း ညှိနိုင်းအစည်းအဝေး

ကယားပြည်နယ်၊ လွိုင်ကော်၊ နိုဝင်ဘာလ (၁၆) ရက်

၁၆-၁၁-၂၀၁၇ ရက်နေ့ နံနက်(၁၀း၃၀)နာရီ အချိန်တွင် ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အောက်ထပ် အစည်းအဝေးခန်းမတွင် ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ   လွိုင်ကော်ခရိုင်၊ ဘောလခဲခရိုင်၊ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ ရှားတောမြို့နယ်၊ ဘောလခဲမြို့နယ်၊ ဖါးဆောင်းမြို့နယ်နှင့် မယ်စဲ့မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌများ၊ အတွင်း ရေးမှူးနှင့် ဘဏ္ဍာရေးမှူးများနှင့် တွေ့ဆုံကာ ပါတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်ပါသည်။

Read more

ရန်ကုန်မြောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ (၈) မြို့နယ် လူငယ် ခေါင်းဆောင်များ အိမ်နီးချင်းနိုင်ငံများနှင့် ကမ္ဘာ့​နိုင်ငံကြီးများအကြောင်း စာတမ်းဖတ်ကြားဆွေးနွေး

မြောက်ပိုင်းခရိုင် နိုဝင်ဘာ ၁၅

ရန်​ကုန်မြောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီသည် (၈ ) မြို့နယ် လူငယ်ခေါင်းဆောင်များက မြန်မာ့အိမ်နီးချင်းနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံကြီးများအကြောင်း စာတမ်းပြုစု ဖတ်ကြားဆွေးနွေးပွဲ အား ယမန်နေ့နံနက် ၁၀ နာရီအချိန်မှ စတင်ကာ ခရိုင်ပါတီရုံးတွင် ကျင်းပဆောင်ရွက်ခဲ့ပါသည်။

Read more

မာန်အောင် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ပါတီ ဆိုင်းဘုတ်တင်ပွဲများ ပြုလုပ်

နိုဝင်ဘာ ၁၅ ရက်နေ့ နံနက်ပိုင်းက မာန်အောင်မြို့နယ် ကင်းတဲအုပ်စု ကင်းတဲကျေးရွာတွင် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲကို ပြုလုပ်ကျင်းပခဲ့ပြီး နေ့လည်ပိုင်းက မီးလောင်ထောင့် ကျေးရွာအုပ်စု ဇလပ်ပြင်ကျေးရွာ တွင် ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်ပွဲကို ပြုလုပ်ခဲ့ကြသည်။

Read more

ပြည်ခိုင်ဖြိုးပါတီမှ (၃၈) ကြိမ်မြောက် ကချင်ပြည်နယ်လုံးဆိုင်ရာ ဝိနယသဒ္ဓမ္မပါလ စာမေးပွဲစာအောင်သံဃာတော်များကို ဆွမ်းဆန်စိမ်း လောင်းလှူ

မိုးကောင်း နိုဝင်ဘာ ၁၅

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးကောင်းမြို့တွင် ပြုလုပ်ကျင်းပသည့် နိုဝင်ဘာ ၁၅ ရက်နေ့ ညနေ ၂း၃၀ နာရီအချိန်တွင် (၃၈) ကြိမ်မြောက် ကချင်ပြည်နယ်လုံးဆိုင်ရာ ဝိနယသဒ္ဓမ္မပါလ စာမေးပွဲစာအောင် သံဃာ တော်များနှင့် ဥသျှောင်ဆရာတော်ကြီးများကို မိုးကောင်းမြို့ရှိ ဌာနပေါင်းစုံ၊ ရပ်ကွက်ပေါင်းစုံ၊ ကျေးရွာပေါင်းစုံများနှင့်အတူ မိုးကောင်းမြို့ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ဥက္ကဌ ဦးထွန်းထွန်းအောင်နှင့် မြို့နယ်ကော်မတီဝင်များ၊ စည်းရုံးရေးတာဝန်ခံများ၊
အင်အား ၂၀ဦး ဖြင့် ဆရာတော်ကြီးများနှင့် စာဖြေသံဃာတော်များ သံဃာတော်ပေါင်း ၃၀၀ ကျော်ကို ဌာနပေါင်းစုံ၊ ရပ်ကွက်ပေါင်းစုံ၊ ကျေးရွာပေါင်းစုံများနှင့်အတူ ဆွမ်းဆန်စိမ်း လောင်းလှူခဲ့ကြောင်းသိရပါ သည်။

Read more

စဥ့်ကိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အိမ်တွင်းပစ္စည်းထုတ်လုပ်မှု လက်တွေ့ သင်တန်း

(၁၅.၁၁.၂၀၁၇) ရက်နေ့ နံနက်​(၀၉း၀၀) နာရီအချိန်တွင်​ စဥ့်ကိုင်ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာကဏ္ဍမှ အိမ်တွင်းပစ္စည်းထုတ်လုပ်မှု ဆပ်ပြာခဲ၊ ဆပ်ပြာဆီ၊ ခေါင်းလျော်ရည် ပစ္စည်းများ လက်တွေ့ထုတ်လုပ်မှု သင်တန်း ကျင်းပရာ တိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​များဖြစ်​ကြ​သော ​ဒေါ်သိင်္ဂီ အောင်၊ ဒေါ်သန်းသန်း​အေး၊ ​ဒေါ်လှလှအေး၊ ခရိုင်ကော်မတီဝင် ဒေါ်ခင်နွယ်မြင့်၊ မြို့နယ်ပါတီဥက္ကဌ ဦးကြည်ပြုံးနှင့် ကော်မတီဝင်များ၊ သင်​တန်းသူများ တက်​​ရောက်​ခဲ့ကြပြီး ဆပ်​ပြာခဲ၊ ဆပ်​ပြာဆီ၊ ​ခေါင်း​လျော်​ရည်​ ထုတ်​လုပ်​ပုံအဆင့်​ဆင့်​ကို တိုင်းပါတီ​ကော်​မတီဝင်​များမှ လက်​​တွေ့ သင်​ကြား​ပေးခဲ့ကြ​ကြောင်း သိရှိရပါသည်​။

Read more

မိုးညှင်းမြို့နယ် ရပ်/ကျေးစုံညီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မိုးညှင်း (နိုဝင်ဘာ – ၁၅)

မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ပါတီရုံးတွင် ၁၅.၁၁.၂၀၁၇ ရက်နေ့ ၁း၀၀ နာရီအချိန်၌ လုပ်ငန်းညှိနှိုင်းအစည်းဝေး ကျင်းပခဲ့ပါသည်။

Read more