ခ်ီကာဂို မာရသြန္ၿပိဳင္ပြဲတြင္ ကင္ညာအေျပးမယ္ ကမၻာ့စံခ်ိန္သစ္တင္
ကင္ညာမာရသြန္အေျပးမယ္ ခ်က္ပ္ဂီတစ္ဟာ ခ်ီကာဂိုမာရသြန္ၿပိဳင္ပြဲမွာ အမ်ိဳးသမီး မာရသြန္ ကမၻာ့စံခ်ိန္သစ္ကို တင္နိုင္ခဲ့ပါတယ္။အသက္ ၃၀ အရြယ္ ခ်က္ပ္ဂီတစ္ဟာ ၂၀၂၄ ခ်ီကာဂိုမာရသြန္ၿပိဳင္ပြဲမွာ ၂ နာရီ ၉မိနစ္ ၅၆ စကၠန႔္ နဲ႔ ကမၻာ့စံခ်ိန္သစ္ကို တင္နိုင္ခဲ့တာျဖစ္ပါတယ္။
အမ်ိဳးသမီး မာရသြန္ ကမၻာ့စံခ်ိန္ေဟာင္းအျဖစ္ အီသီယိုးပီးယား အေျပးမယ္ အက္ဆီဖာတင္ထားတဲ့ စံခ်ိန္ထက္ ၂ မိနစ္နီးပါး ပိုေစာၿပီး ကမၻာ့စံခ်ိန္သစ္ကို တင္နိုင္ခဲ့တာလည္း ျဖစ္ပါတယ္။ အက္ဆီဖာကေတာ့ ကမၻာ့စံခ်ိန္ကို ၂၀၂၃ ဘာလင္မာရသြန္ၿပိဳင္ပြဲမွာ တင္ခဲ့တာျဖစ္ၿပီး ၁ ႏွစ္နီးပါး အၾကာမွာပဲ သူမရဲ့စံခ်ိန္က ခ်ိဳးဖ်က္ခံလိုက္ရတာျဖစ္ပါ တယ္။
ဒါ့အျပင္ ခ်က္ပ္ဂီတစ္ဟာ မာရသြန္ၿပိဳင္ပြဲမွာ ၂ နာရီ နဲ႔ ၁၀ မိနစ္ေအာက္ ေျပးနိုင္တဲ့ ပထမဆုံး အမ်ိဳးသမီးအေျပး မယ္လည္း ျဖစ္လာခဲ့ပါတယ္။ အခုလိုမ်ိဳး ကမၻာ့စံခ်ိန္ သစ္ကို တင္လိုက္နိုင္တဲ့အတြက္ ဂုဏ္ယူမိသလို အိပ္မက္ တစ္ခုကို လက္ေတြ႕ျဖစ္လာေအာင္ စြမ္းေဆာင္နိုင္ခဲ့လို႔ အတိုင္းအဆမသိေအာင္ ေပ်ာ္ရႊင္မိပါတယ္လို႔ ခ်က္ပ္ဂီ တစ္က ေျပာခဲ့ပါတယ္။ ခ်က္ပ္ဂီတစ္ အတြက္ေတာ့ အခုႏွစ္ နိုင္ပြဲက သူမရဲ့ တတိယေျမာက္ ခ်ီကာဂိုမာရသြန္ ၿပိဳင္ပြဲ ခ်န္ပီယံဆုလည္းျဖစ္ခဲ့ပါတယ္။
ချီကာဂို မာရသွန်ပြိုင်ပွဲတွင် ကင်ညာအပြေးမယ် ကမ္ဘာ့စံချိန်သစ်တင်
==============
ကင်ညာမာရသွန်အပြေးမယ် ချက်ပ်ဂီတစ်ဟာ ချီကာဂိုမာရသွန်ပြိုင်ပွဲမှာ အမျိုးသမီး မာရသွန် ကမ္ဘာ့စံချိန်သစ်ကို တင်နိုင်ခဲ့ပါတယ်။အသက် ၃၀ အရွယ် ချက်ပ်ဂီတစ်ဟာ ၂၀၂၄ ချီကာဂိုမာရသွန်ပြိုင်ပွဲမှာ ၂ နာရီ ၉မိနစ် ၅၆ စက္ကန့် နဲ့ ကမ္ဘာ့စံချိန်သစ်ကို တင်နိုင်ခဲ့တာဖြစ်ပါတယ်။
အမျိုးသမီး မာရသွန် ကမ္ဘာ့စံချိန်ဟောင်းအဖြစ် အီသီယိုးပီးယား အပြေးမယ် အက်ဆီဖာတင်ထားတဲ့ စံချိန်ထက် ၂ မိနစ်နီးပါး ပိုစောပြီး ကမ္ဘာ့စံချိန်သစ်ကို တင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အက်ဆီဖာကတော့ ကမ္ဘာ့စံချိန်ကို ၂၀၂၃ ဘာလင်မာရသွန်ပြိုင်ပွဲမှာ တင်ခဲ့တာဖြစ်ပြီး ၁ နှစ်နီးပါး အကြာမှာပဲ သူမရဲ့စံချိန်က ချိုးဖျက်ခံလိုက်ရတာဖြစ်ပါ တယ်။
ဒါ့အပြင် ချက်ပ်ဂီတစ်ဟာ မာရသွန်ပြိုင်ပွဲမှာ ၂ နာရီ နဲ့ ၁၀ မိနစ်အောက် ပြေးနိုင်တဲ့ ပထမဆုံး အမျိုးသမီးအပြေး မယ်လည်း ဖြစ်လာခဲ့ပါတယ်။ အခုလိုမျိုး ကမ္ဘာ့စံချိန် သစ်ကို တင်လိုက်နိုင်တဲ့အတွက် ဂုဏ်ယူမိသလို အိပ်မက် တစ်ခုကို လက်တွေ့ဖြစ်လာအောင် စွမ်းဆောင်နိုင်ခဲ့လို့ အတိုင်းအဆမသိအောင် ပျော်ရွှင်မိပါတယ်လို့ ချက်ပ်ဂီ တစ်က ပြောခဲ့ပါတယ်။ ချက်ပ်ဂီတစ် အတွက်တော့ အခုနှစ် နိုင်ပွဲက သူမရဲ့ တတိယမြောက် ချီကာဂိုမာရသွန် ပြိုင်ပွဲ ချန်ပီယံဆုလည်းဖြစ်ခဲ့ပါတယ်။