ရက္ဘူးလ္ Group ၏ ကမၻာလုံးဆိုင္ရာ ေဘာလုံးအႀကီးအကဲအျဖစ္ ကေလာ့ပ္ ခန႔္အပ္ခံရ

လီဗာပူးနည္းျပေဟာင္း ကေလာ့ပ္ဟာ ရက္ဘူးလ္ Group ရဲ့ကမၻာလုံးဆိုင္ရာ ေဘာလုံးအႀကီးအကဲအျဖစ္ ခန႔္အပ္ခံခဲ့ရၿပီး ေဘာလုံးေလာကကို ျပန္လည္ဝင္ေရာက္လာခဲ့ပါတယ္။ အသက္(၅၇)ႏွစ္အရြယ္ဂ်ာမနီသား ကေလာ့ပ္ဟာ ၂၀၂၅ခုႏွစ္ ဇန္နဝါရီလ(၁)ရက္မွာ စတင္တာဝန္ထမ္းေဆာင္မွာလည္းျဖစ္ပါတယ္။ ကေလာ့ပ္ဟာ အားျဖည့္အခ်ိဳရည္အမွတ္တံဆိပ္ ရက္ဘူးလ္ပိုင္ဆိုင္တဲ့ ကလပ္အသင္းေတြမွာ အဲ့ဒီအသင္းေတြရဲ့ကစားပုံအေတြးအေခၚ၊ အေျပာင္းအေရႊ႕နည္းဗ်ဴဟာနဲ႔ နည္းျပဖြဲ႕ၿဖိဳးတိုးတက္ေရးေတြမွာ အႀကံေပးသြားရမွာျဖစ္ပါတယ္။
ရက္ဘူးလ္ Group ဟာ ဂ်ာမနီဘြန္ဒက္စ္လီဂါကလပ္ လိုက္ပ္ဇစ္၊ ၾသစႀတီးယားကလပ္ ဆဲလ္ဘတ္၊ ေမဂ်ာလိဂ္အသင္း နယူးေယာ့ခ္ရက္ဘူးလ္နဲ႔ ဘရာဇီးကလပ္ ရက္ဘူးလ္ဘရာဂန္တီနိုအသင္းကို ပိုင္ဆိုင္ထားပါတယ္။ ဒါ့အျပင္ ခ်န္ပီယံရွစ္ကလပ္ လိဒ္စ္အသင္းရဲ့ရွယ္ယာအမ်ားစုကို ပိုင္ဆိုင္ထားၿပီး ယခုႏွစ္အေစာပိုင္းမွာ အသင္းရဲ့ရင္ဘတ္စပြန္ဆာျဖစ္လာခဲ့ပါတယ္။
နည္းျပကေလာ့ပ္ဟာ ၂၀၂၃-၂၄ ေဘာလုံးရာသီအကုန္မွာ လီဗာပူးအသင္းကေန ထြက္ခြာလာခဲ့သူျဖစ္ပါတယ္။ သူဟာ လီဗာပူးအသင္းမွာ (၉)ႏွစ္တာကိုင္တြယ္ခဲ့စဥ္အတြင္း ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္ဖလား ဆြတ္ခူးခဲ့ပါတယ္။
#skynetsport


ရက်ဘူးလ် Group ၏ ကမ္ဘာလုံးဆိုင်ရာ ဘောလုံးအကြီးအကဲအဖြစ် ကလော့ပ် ခန့်အပ်ခံရ
======================================
လီဗာပူးနည်းပြဟောင်း ကလော့ပ်ဟာ ရက်ဘူးလ် Group ရဲ့ကမ္ဘာလုံးဆိုင်ရာ ဘောလုံးအကြီးအကဲအဖြစ် ခန့်အပ်ခံခဲ့ရပြီး ဘောလုံးလောကကို ပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။ အသက်(၅၇)နှစ်အရွယ်ဂျာမနီသား ကလော့ပ်ဟာ ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၁)ရက်မှာ စတင်တာဝန်ထမ်းဆောင်မှာလည်းဖြစ်ပါတယ်။ ကလော့ပ်ဟာ အားဖြည့်အချိုရည်အမှတ်တံဆိပ် ရက်ဘူးလ်ပိုင်ဆိုင်တဲ့ ကလပ်အသင်းတွေမှာ အဲ့ဒီအသင်းတွေရဲ့ကစားပုံအတွေးအခေါ်၊ အပြောင်းအရွှေ့နည်းဗျူဟာနဲ့ နည်းပြဖွဲ့ဖြိုးတိုးတက်ရေးတွေမှာ အကြံပေးသွားရမှာဖြစ်ပါတယ်။
ရက်ဘူးလ် Group ဟာ ဂျာမနီဘွန်ဒက်စ်လီဂါကလပ် လိုက်ပ်ဇစ်၊ သြစတြီးယားကလပ် ဆဲလ်ဘတ်၊ မေဂျာလိဂ်အသင်း နယူးယော့ခ်ရက်ဘူးလ်နဲ့ ဘရာဇီးကလပ် ရက်ဘူးလ်ဘရာဂန်တီနိုအသင်းကို ပိုင်ဆိုင်ထားပါတယ်။ ဒါ့အပြင် ချန်ပီယံရှစ်ကလပ် လိဒ်စ်အသင်းရဲ့ရှယ်ယာအများစုကို ပိုင်ဆိုင်ထားပြီး ယခုနှစ်အစောပိုင်းမှာ အသင်းရဲ့ရင်ဘတ်စပွန်ဆာဖြစ်လာခဲ့ပါတယ်။
နည်းပြကလော့ပ်ဟာ ၂၀၂၃-၂၄ ဘောလုံးရာသီအကုန်မှာ လီဗာပူးအသင်းကနေ ထွက်ခွာလာခဲ့သူဖြစ်ပါတယ်။ သူဟာ လီဗာပူးအသင်းမှာ (၉)နှစ်တာကိုင်တွယ်ခဲ့စဉ်အတွင်း ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးခဲ့ပါတယ်။
#skynetsport