ေနာ္ေဝးဟာ ေလာင္စာဆီ ကားထက္ လၽွပ္စစ္ကား ပိုမ်ားတဲ့ ကမၻာ့ ပထမဆုံး နိုင္ငံျဖစ္လာ

ေနာ္ေဝး အစိုးရဟာ ၂၀၂၅ ခုႏွစ္မွာ ကားေတြကေန ကာဘြန္ဒိုင္ေအာက္ဆိုက္ လုံးဝ မထုတ္လႊင့္တဲ့ နိုင္ငံျဖစ္ေအာင္ ႀကိဳးစားေနပါတယ္။ အစိုးရဟာ လၽွပ္စစ္ကား ဝယ္ယူမွု ျမင့္မားေအာင္ အခြန္ေလၽွာ့ေပးတာ၊ ေဈးႏွုန္း ေလၽွာ့ေပးတာေတြလို စီမံကိန္းေတြကို ျပဳလုပ္ေနပါတယ္။
အဲဒီအတြက္ ေနာ္ေဝးမွာ လၽွပ္စစ္ကား ဝယ္ယူမွု ျမင့္မားလာပါတယ္။ ေနာ္ေဝးဟာ ေလာင္စာဆီ ကားထက္ လၽွပ္စစ္ကား ပိုမ်ားတဲ့ ကမၻာ့ ပထမဆုံး နိုင္ငံျဖစ္လာပါတယ္။ ေနာ္ေဝးမွာ မွတ္ပုံတင္ထားတဲ့ ကား ၂.၈ သန္း ရွိၿပီး လၽွပ္စစ္ကားက ၇၅၄,၃၀၃ စီးျဖစ္ၿပီး ေလာင္စာဆီကား ၇၅၃,၉၀၅ စီးထက္ ပိုမ်ားလာပါတယ္။
ေနာ္ေဝးမွာ ဒီဇယ္ ကားေတြ ေရာင္းအား အလြန္ က်ဆင္းလာၿပီး Tesla Model Y လို လၽွပ္စစ္ကားေတြ ဝယ္လိုအားမ်ားေနပါတယ္။ ဩဂုတ္လမွာ ကားအသစ္ မွတ္ပုံတင္ထားမွုထဲမွာ လၽွပ္စစ္ကားေတြက ၉၄.၃ ရာခိုင္ႏွုန္းေတာင္ ရွိပါတယ္။
Ref : Tech Explorer


နော်ဝေးဟာ လောင်စာဆီ ကားထက် လျှပ်စစ်ကား ပိုများတဲ့ ကမ္ဘာ့ ပထမဆုံး နိုင်ငံဖြစ်လာ
===================================================
နော်ဝေး အစိုးရဟာ ၂၀၂၅ ခုနှစ်မှာ ကားတွေကနေ ကာဘွန်ဒိုင်အောက်ဆိုက် လုံးဝ မထုတ်လွှင့်တဲ့ နိုင်ငံဖြစ်အောင် ကြိုးစားနေပါတယ်။ အစိုးရဟာ လျှပ်စစ်ကား ဝယ်ယူမှု မြင့်မားအောင် အခွန်လျှော့ပေးတာ၊ ဈေးနှုန်း လျှော့ပေးတာတွေလို စီမံကိန်းတွေကို ပြုလုပ်နေပါတယ်။
အဲဒီအတွက် နော်ဝေးမှာ လျှပ်စစ်ကား ဝယ်ယူမှု မြင့်မားလာပါတယ်။ နော်ဝေးဟာ လောင်စာဆီ ကားထက် လျှပ်စစ်ကား ပိုများတဲ့ ကမ္ဘာ့ ပထမဆုံး နိုင်ငံဖြစ်လာပါတယ်။ နော်ဝေးမှာ မှတ်ပုံတင်ထားတဲ့ ကား ၂.၈ သန်း ရှိပြီး လျှပ်စစ်ကားက ၇၅၄,၃၀၃ စီးဖြစ်ပြီး လောင်စာဆီကား ၇၅၃,၉၀၅ စီးထက် ပိုများလာပါတယ်။
နော်ဝေးမှာ ဒီဇယ် ကားတွေ ရောင်းအား အလွန် ကျဆင်းလာပြီး Tesla Model Y လို လျှပ်စစ်ကားတွေ ဝယ်လိုအားများနေပါတယ်။ ဩဂုတ်လမှာ ကားအသစ် မှတ်ပုံတင်ထားမှုထဲမှာ လျှပ်စစ်ကားတွေက ၉၄.၃ ရာခိုင်နှုန်းတောင် ရှိပါတယ်။
Ref : Tech Explorer