ယူေအအီးနိုင္ငံ ဒူဘိုင္းၿမိဳ႕၌ အလုပ္လုပ္ကိုင္စဥ္ အခက္အခဲၾကဳံေတြ႕ရသည့္ ျမန္မာနိုင္ငံသူတစ္ဦးအား အမိနိုင္ငံသို႔ ျပန္လည္ပို႔ေဆာင္

နိုင္ငံေတာ္အစိုးရအေနျဖင့္ ျပည္ပတြင္ေရာက္ရွိေနသည့္ အမိနိုင္ငံသားမ်ား အခက္အခဲၾကဳံေတြ႕ရပါက နိုင္ငံသားမ်ားအေပၚ အေလးအနက္တန္ဖိုးထားသည့္အေနျဖင့္ မည္သို႔ေသာအေျခအေနႏွင့္ ေတြ႕ၾကဳံရသည္ျဖစ္ေစ ျမန္မာေကာင္စစ္ဝန္ခ်ဳပ္႐ုံးႏွင့္ ျမန္မာသံ႐ုံးသည္ သက္ဆိုင္ရာ နိုင္ငံသံ႐ုံးမ်ား၊ ဝန္ႀကီးဌာနမ်ားႏွင့္ ခ်ိတ္ဆက္၍ အမိနိုင္ငံသားမ်ား ျမန္မာနိုင္ငံသို႔ အျမန္ဆုံးေအးခ်မ္းလုံျခဳံစြာ ျပန္လည္ေရာက္ရွိနိုင္ရန္ စီစဥ္ေဆာင္ရြက္ေပးလ်က္ရွိေၾကာင္း သိရသည္။

ထိုသို႔ ေဆာင္ရြက္ေပးလ်က္ရွိရာ ယူေအအီးနိုင္ငံဒူဘိုင္းၿမိဳ႕၌ အလုပ္လုပ္ကိုင္စဥ္ အခက္အခဲၾကဳံေတြ႕ေနရသည့္ ျမန္မာနိုင္ငံသူ မေမရီအား အမိနိုင္ငံသို႔ အျမန္ဆုံး ျပန္လည္ပို႔ေဆာင္နိုင္ရန္ ျမန္မာေကာင္စစ္ဝန္ခ်ဳပ္႐ုံးအေနျဖင့္ ယူေအအီးနိုင္ငံ လူဝင္မွုႀကီးၾကပ္ေရးဌာန လူ႔စြမ္းအားအရင္းအျမစ္ႏွင့္ နိုင္ငံသားအက်ိဳးစီးပြားျမႇင့္တင္ ေရးဝန္ႀကီးဌာနႏွင့္ သက္ဆိုင္ရာ အလုပ္အကိုင္ေအဂ်င္စီ႐ုံးတို႔ႏွင့္ ညႇိႏွိင္းေဆာင္ရြက္မွုျဖင့္ ျပန္လည္ထြက္ခြာခြင့္လက္မွတ္(Out Pass)ရရွိခဲ့ၿပီး ျမန္မာနိုင္ငံသူ မေမရီသည္ ေအာက္တိုဘာ ၆ ရက္တြင္ ဒူဘိုင္း – ရန္ကုန္ ခရီးစဥ္ျဖင့္ ထြက္ခြာခဲ့ရာ ည ၁၀ နာရီ ၁၅ မိနစ္အခ်ိန္တြင္ ရန္ကုန္ၿမိဳ႕သို႔ ျပန္လည္ေရာက္ရွိခဲ့သည္။

နိုင္ငံေတာ္ အစိုးရအေနျဖင့္ ျပည္ပ၌ အလုပ္လုပ္ကိုင္စဥ္ အခက္အခဲၾကဳံေတြ႕ရသည့္ ျမန္မာနိုင္ငံသားမ်ားကို ျမန္မာေကာင္စစ္ဝန္ခ်ဳပ္႐ုံးႏွင့္ ျမန္မာသံ႐ုံးတို႔မွ ညႇိႏွိင္းကူညီေဆာင္ရြက္မွုျဖင့္ အမိနိုင္ငံသို႔ ျပန္လည္ေခၚေဆာင္ေပးလ်က္ရွိၿပီး ယခုကဲ့သို႔ အမိနိုင္ငံသားမ်ား အတိဒုကၡ ၾကဳံေတြ႕ေနရစဥ္ ကူညီကယ္တင္ေပးမွုအား အလုပ္သမားႏွင့္ မိဘေဆြမ်ိဳးမ်ားက နိုင္ငံေတာ္အစိုးရ၊ ျမန္မာေကာင္စစ္ဝန္ခ်ဳပ္႐ုံးႏွင့္ ျမန္မာသံ႐ုံးတို႔ကို လွိုက္လွဲစြာ အထူးေက်းဇူးတင္လ်က္ရွိေၾကာင္း သိရသည္။


ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့၌ အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့ရသည့် မြန်မာနိုင်ငံသူတစ်ဦးအား အမိနိုင်ငံသို့ ပြန်လည်ပို့ဆောင်
====================
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင်ရောက်ရှိနေသည့် အမိနိုင်ငံသားများ အခက်အခဲကြုံတွေ့ရပါက နိုင်ငံသားများအပေါ် အလေးအနက်တန်ဖိုးထားသည့်အနေဖြင့် မည်သို့သောအခြေအနေနှင့် တွေ့ကြုံရသည်ဖြစ်စေ မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့် မြန်မာသံရုံးသည် သက်ဆိုင်ရာ နိုင်ငံသံရုံးများ၊ ဝန်ကြီးဌာနများနှင့် ချိတ်ဆက်၍ အမိနိုင်ငံသားများ မြန်မာနိုင်ငံသို့ အမြန်ဆုံးအေးချမ်းလုံခြုံစွာ ပြန်လည်ရောက်ရှိနိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယူအေအီးနိုင်ငံဒူဘိုင်းမြို့၌ အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူ မမေရီအား အမိနိုင်ငံသို့ အမြန်ဆုံး ပြန်လည်ပို့ဆောင်နိုင်ရန် မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် ယူအေအီးနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန လူ့စွမ်းအားအရင်းအမြစ်နှင့် နိုင်ငံသားအကျိုးစီးပွားမြှင့်တင် ရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ အလုပ်အကိုင်အေဂျင်စီရုံးတို့နှင့် ညှိနှိင်းဆောင်ရွက်မှုဖြင့် ပြန်လည်ထွက်ခွာခွင့်လက်မှတ်(Out Pass)ရရှိခဲ့ပြီး မြန်မာနိုင်ငံသူ မမေရီသည် အောက်တိုဘာ ၆ ရက်တွင် ဒူဘိုင်း – ရန်ကုန် ခရီးစဉ်ဖြင့် ထွက်ခွာခဲ့ရာ ည ၁၀ နာရီ ၁၅ မိနစ်အချိန်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။

နိုင်ငံတော် အစိုးရအနေဖြင့် ပြည်ပ၌ အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့ရသည့် မြန်မာနိုင်ငံသားများကို မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့် မြန်မာသံရုံးတို့မှ ညှိနှိင်းကူညီဆောင်ရွက်မှုဖြင့် အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးလျက်ရှိပြီး ယခုကဲ့သို့ အမိနိုင်ငံသားများ အတိဒုက္ခ ကြုံတွေ့နေရစဉ် ကူညီကယ်တင်ပေးမှုအား အလုပ်သမားနှင့် မိဘဆွေမျိုးများက နိုင်ငံတော်အစိုးရ၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့် မြန်မာသံရုံးတို့ကို လှိုက်လှဲစွာ အထူးကျေးဇူးတင်လျက်ရှိကြောင်း သိရသည်။