


နေပြည်တော် ပြည်ထောင်စုနယ်​မြေ ဇေယျာသီရိမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီမှ ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးကူညီစောင့်ရှောက်မူ့ပြုလုပ်
===========================
နေပြည်တော် အောက်တိုဘာ ၁
နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ၊ ဇေယျာသီရိမြို့နယ် စည်ပင်ကြီးအုပ်စု၊ ညောင်ပင်ကြီးကျေးရွာ၊ညောင်ပင်ကြီး ဘုန်းတော်ကြီးကျောင်းတိုက်တွင် ရေဘေးသင့်ခံခဲ့ရသော ပြည်သူများအား ယနေ့နံနက် ၁၀ နာရီအချိန်မှစ၍ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကျန်းမာရေးကူညီစောင့်ရှောက်မူ့ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရေဘေးကြောင့်ဖြစ်တတ်သော ၀မ်းပျက်၀မ်းလျှောရောဂါ၊ ကိုယ်အရေအပျားယားယံခြင်းရောဂါ၊ ဖျားနာခြင်းများ၊ ကလေးသူငယ်များ အဖြစ်များသည့်သွေးလွန်တုပ်ကွေးရောဂါ စသည်တို့ ခံစားနေ​ရသူများကို ပြည်ခိုင်ဖြိုးပါတီ ဆေးအဖွဲ့မှ ဆရာဝန်များ၊သူနာပြုများက ကုသပေးခဲ့ပြီး ဇေယျာသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ လိုက်ပါကူညီဆောင်ရွက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။