ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီမွ ေရေဘးသင့္ေဒသ စာသင္ေက်ာင္း ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ားတြင္ ပါဝင္ေဆာင္ရြက္ေနမွုအား ပါတီဥကၠ႒ႏွင့္အဖြဲ႕ သြားေရာက္အားေပး

စက္တင္ဘာ ၃၀၊ တပ္ကုန္း
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီႏွင့္အတူ ပါတီဒုတိယဥကၠ႒မ်ားျဖစ္ၾကသည့္ ဦးျမတ္ဟိန္း၊ ဦးလွထြန္း၊ ဦးမ်ိဳးေဇာ္သိန္း၊ အေထြေထြအတြင္းေရးမွူး ဦးေသာင္းေအး၊ ဗဟိုအတြင္းေရးမွူးမ်ား၊ ဗဟိုအလုပ္အမွုေဆာင္မ်ား၊ ဗဟိုေကာ္မတီဝင္မ်ား၊ ျပည္ေထာင္စုနယ္ေျမမွ ယာယီဥကၠ႒ ဦးလွေဆြႏွင့္ ပါတီတာဝန္ရွိသူမ်ားသည္ ၂၀၂၄ ခုႏွစ္၊ စက္တင္ဘာလ ၃၀ ရက္ေန႔ နံနက္ ၁၀၀၀ နာရီအခ်ိန္တြင္ ေရႀကီးနစ္ျမဳပ္မွုဒဏ္ခံခဲ့ရသည့္ တပ္ကုန္းၿမိဳ႕နယ္၊ အေျခခံပညာအထက္တန္းေက်ာင္း(ခြဲ) – ေရွာက္ကုန္း သို႔ သြားေရာက္ၿပီး ေက်ာင္းဝန္းအတြင္း ဆရာ/ ဆရာမမ်ားႏွင့္ ေက်ာင္းသား/ ေက်ာင္းသူမ်ား သြားလာမွုလြယ္ကူေစေရးအတြက္ လမ္းမ်ားခင္းေပးျခင္း၊ ႏုန္းႏြံမ်ားရွင္းလင္းျခင္း၊ ေရဆိုးမ်ားထုတ္ျခင္းလုပ္ငန္းမ်ား ေဆာင္ရြက္ေနေသာ ျပည္ေထာင္စုနယ္ေျမအတြင္းရွိ ၿမိဳ႕နယ္မ်ားမွ လုပ္အားေပးပါတီဝင္မ်ား၊ ရဲတပ္ဖြဲ႕ဝင္မ်ား၊ မီးသတ္တပ္ဖြဲ႕ဝင္မ်ားအား ေတြ႕ဆုံအားေပးခဲ့ၿပီး ပါဝင္လုပ္အားေပးခဲ့ၾကပါသည္။
ထို႔အျပင္ ပါတီဥကၠ႒ႏွင့္အဖြဲ႕သည္ ေက်ာင္းဝန္းအတြင္း လွည့္လည္ၾကည့္ရွုခဲ့ၿပီး ျပည္ေထာင္စုနယ္ေျမပါတီတာဝန္ရွိသူမ်ားအား စာသင္ေက်ာင္းအျပည့္အဝ အျမန္ဆုံးျပန္လည္ဖြင့္လွစ္နိုင္ေရး၊ လိုအပ္ေသာ သင္ေထာက္ကူပစၥည္းမ်ားႏွင့္ စာအုပ္မ်ားရရွိေရးအတြက္ သက္ဆိုင္ရာ အဖြဲ႕အစည္းမ်ားႏွင့္ ေပါင္းစပ္ညႇိႏွိုင္းၿပီး တတ္နိုင္တဲ့ဘက္က ဝိုင္းဝန္းေဆာင္ရြက္ေပးၾကရန္ မွာၾကားခဲ့ေၾကာင္း သတင္းရရွိပါသည္။


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ရေဘေးသင့်ဒေသ စာသင်ကျောင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေမှုအား ပါတီဥက္ကဋ္ဌနှင့်အဖွဲ့ သွားရောက်အားပေး
===================
စက်တင်ဘာ ၃၀၊ တပ်ကုန်း
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီနှင့်အတူ ပါတီဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ ဦးမျိုးဇော်သိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များ၊ ပြည်ထောင်စုနယ်မြေမှ ယာယီဥက္ကဋ္ဌ ဦးလှဆွေနှင့် ပါတီတာဝန်ရှိသူများသည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် ရေကြီးနစ်မြုပ်မှုဒဏ်ခံခဲ့ရသည့် တပ်ကုန်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) – ရှောက်ကုန်း သို့ သွားရောက်ပြီး ကျောင်းဝန်းအတွင်း ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ သွားလာမှုလွယ်ကူစေရေးအတွက် လမ်းများခင်းပေးခြင်း၊ နုန်းနွံများရှင်းလင်းခြင်း၊ ရေဆိုးများထုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေသော ပြည်ထောင်စုနယ်မြေအတွင်းရှိ မြို့နယ်များမှ လုပ်အားပေးပါတီဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များအား တွေ့ဆုံအားပေးခဲ့ပြီး ပါဝင်လုပ်အားပေးခဲ့ကြပါသည်။
ထို့အပြင် ပါတီဥက္ကဋ္ဌနှင့်အဖွဲ့သည် ကျောင်းဝန်းအတွင်း လှည့်လည်ကြည့်ရှုခဲ့ပြီး ပြည်ထောင်စုနယ်မြေပါတီတာဝန်ရှိသူများအား စာသင်ကျောင်းအပြည့်အဝ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး၊ လိုအပ်သော သင်ထောက်ကူပစ္စည်းများနှင့် စာအုပ်များရရှိရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး တတ်နိုင်တဲ့ဘက်က ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။