ဂ်ပန္ဖိုက္တာ တာခဲ႐ု နဲ႔ ယွဥ္ၿပိဳင္ထိုးသတ္သြားမယ့္ သန႔္ဇင္
သမိုင္းသစ္ တစ္ခုကို ပရိတ္သတ္ႏွင့္အတူ ေရးထိုးသြားမည္ဟု ရိုးရာဖိုက္တာ သန႔္ဇင္(ေရွာင္ေလး)က သူ၏ လူမႈကြန္ရက္စာမ်က္ႏွာမွတဆင့္ ေရးသားမၽွေဝထားသည္။
“ကၽြန္ေတာ့္အတြက္ အစ္ကိုႏွင့္ပရိတ္သတ္ရွိရင္ ဘာမဆို လုပ္နိုင္တယ္။ သမိုင္းသစ္တစ္ခုကို ပရိတ္သတ္ႏွင့္အတူ ေရးထိုးသြားမယ္”ဟု ဆိုထားသည္။
ယခုလ စက္တင္ဘာ (၂၇)ရက္ေန႔တြင္ ONE က ျပဳလုပ္မည့္ ONE Friday Fights 81ပြဲစဥ္တြင္ ကမၻာ့ကစ္ေဘာက္ဆင္ ခ်န္ပီယံ ဂ်ပန္ နိုင္ငံသားတာခဲ႐ုႏွင့္ ရိုးရာဖိုက္တာ သန႔္ဇင္ တို႔ ယွဥ္ၿပိဳင္ထိုးသတ္သြားမည္ျဖစ္သည္။
ၿပီးခဲ့ေသာ ဩဂုတ္(၂၃)ရက္တြင္ ONEက ျပဳလုပ္သည့္ One Friday Fights 76 ပြဲစဥ္အတြင္း ရိုးရာဖိုက္တာ သန႔္ဇင္ႏွင့္ ေမြထိုင္းဖိုက္တာတို႔ ယွဥ္ၿပိဳင္ထိုးသတ္ခဲ့ရာ ပထမအခ်ီတြင္ ပင္ဒိုင္ပြဲရပ္ျဖင့္အနိုင္ထိုးသတ္ထားသည္။
“ကမၻာ့အဆင့္ ကစ္ေဘာက္ဆင္သမားနဲ႔ တန္းတည္ရေလာက္ေအာင္ တို႔ရိုးရာေမာင္ေတြ ကမၻာ့တိုက္ခိုက္ေရးစင္ျမင့္အထက္မွာ လက္စြမ္းျပလို႔ေနၾကပါၿပီ”ဟု ရိုးရာလက္ေဝွ႕ဖိုက္တာမ်ားအား ႏွင့္ပတ္သက္၍ ပရိတ္သတ္အခ်ိဳ႕ကသုံးသပ္ေျပာၾကားထားသည္ကိုလည္းေတြ႕ရသည္။
ယခုလ စက္တင္ဘာ (၂၇)ရက္ တြင္ ရိုးရာဖိုက္တာ သန႔္ဇင္အျပင္ ရိုးရာဖိုက္တာ သံမဏိစိုးလင္းဦးသည္လည္း ဘန္တမ္ဝိတ္တန္းတြင္ ၿပိဳင္ဘက္ျဖစ္သူမွာ ေမြထိုင္းဖိုက္တာ Nabil Anane ႏွင့္ ထိုးသတ္ရမည္ျဖစ္ကာ၊ သူ၏စတုတၳအႀကိမ္ေျမာက္ပြဲစဥ္တစ္ခုလည္းျဖစ္သည္။
ဂျပန်ဖိုက်တာ တာခဲရု နဲ့ ယှဉ်ပြိုင်ထိုးသတ်သွားမယ့် သန့်ဇင်
=====================
သမိုင်းသစ် တစ်ခုကို ပရိတ်သတ်နှင့်အတူ ရေးထိုးသွားမည်ဟု ရိုးရာဖိုက်တာ သန့်ဇင်(ရှောင်လေး)က သူ၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ရေးသားမျှဝေထားသည်။
“ကျွန်တော့်အတွက် အစ်ကိုနှင့်ပရိတ်သတ်ရှိရင် ဘာမဆို လုပ်နိုင်တယ်။ သမိုင်းသစ်တစ်ခုကို ပရိတ်သတ်နှင့်အတူ ရေးထိုးသွားမယ်”ဟု ဆိုထားသည်။
ယခုလ စက်တင်ဘာ (၂၇)ရက်နေ့တွင် ONE က ပြုလုပ်မည့် ONE Friday Fights 81ပွဲစဉ်တွင် ကမ္ဘာ့ကစ်ဘောက်ဆင် ချန်ပီယံ ဂျပန် နိုင်ငံသားတာခဲရုနှင့် ရိုးရာဖိုက်တာ သန့်ဇင် တို့ ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်သည်။
ပြီးခဲ့သော ဩဂုတ်(၂၃)ရက်တွင် ONEက ပြုလုပ်သည့် One Friday Fights 76 ပွဲစဉ်အတွင်း ရိုးရာဖိုက်တာ သန့်ဇင်နှင့် မွေထိုင်းဖိုက်တာတို့ ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ ပထမအချီတွင် ပင်ဒိုင်ပွဲရပ်ဖြင့်အနိုင်ထိုးသတ်ထားသည်။
“ကမ္ဘာ့အဆင့် ကစ်ဘောက်ဆင်သမားနဲ့ တန်းတည်ရလောက်အောင် တို့ရိုးရာမောင်တွေ ကမ္ဘာ့တိုက်ခိုက်ရေးစင်မြင့်အထက်မှာ လက်စွမ်းပြလို့နေကြပါပြီ”ဟု ရိုးရာလက်ဝှေ့ဖိုက်တာများအား နှင့်ပတ်သက်၍ ပရိတ်သတ်အချို့ကသုံးသပ်ပြောကြားထားသည်ကိုလည်းတွေ့ရသည်။
ယခုလ စက်တင်ဘာ (၂၇)ရက် တွင် ရိုးရာဖိုက်တာ သန့်ဇင်အပြင် ရိုးရာဖိုက်တာ သံမဏိစိုးလင်းဦးသည်လည်း ဘန်တမ်ဝိတ်တန်းတွင် ပြိုင်ဘက်ဖြစ်သူမှာ မွေထိုင်းဖိုက်တာ Nabil Anane နှင့် ထိုးသတ်ရမည်ဖြစ်ကာ၊ သူ၏စတုတ္ထအကြိမ်မြောက်ပွဲစဉ်တစ်ခုလည်းဖြစ်သည်။