Move Forward ပါတီကို ဖ်က္သိမ္းရန္ ထိုင္း တရား႐ုံး အမိန႔္ခ်
ထိုင္းနိုင္ငံ၏ လူႀကိဳက္ အမ်ားဆုံးေသာ နိုင္ငံေရးပါတီကို ဖ်က္သိမ္းရန္ ထိုင္းတရား႐ုံးက အမိန႔္ခ်လိုက္ေၾကာင္း သိရသည္။ ယင္းစီရင္ခ်က္သည္ ပါတီအတြက္ ႀကီးမားေသာ ထိုးႏွက္ခ်က္သကဲ့သို႔ ထိုင္းနိုင္ငံေရးကို ပို၍ မၿငိမ္မသက္ျဖစ္ေစနိုင္သည့္ အႏၲရာယ္ဟုလည္း ဆိုနိုင္သည္။
ျပဳျပင္ေျပာင္းလဲေရး ကတိကဝတ္ျဖင့္ နိုင္ငံတစ္ဝန္း အထူးသျဖင့္ လူငယ္ထု၏ ေထာက္ခံမႈ အႀကီးအက်ယ္ရခဲ့သည့္ Move Forward Party သည္ ၂၀၂၃ ခုႏွစ္ ေရြးေကာက္ပြဲတြင္ အံ့အားသင့္ဖြယ္ အနိုင္ရခဲ့ၿပီး လႊတ္ေတာ္အမတ္ေနရာ အမ်ားစုအနိုင္ရခဲ့သည္။
ပါတီ၏ မဲဆြယ္စည္း႐ုံးမႈတြင္ ဘုရင္စနစ္ျပဳျပင္ေျပာင္းလဲေရး အဆိုျပဳခဲ့မႈႏွင့္ပတ္သက္၍ ထိုင္းနိုင္ငံ ဖြဲ႕စည္းပုံ အေျခခံဥပေဒခုံ႐ုံးက ပါတီကို ဖ်က္သိမ္းရမည္ဟု ယေန႔(ၾသဂုတ္ ၇) တြင္ အမိန႔္ခ်လိုက္ျခင္းျဖစ္သည္။
တရား႐ုံး၏ တညီတညြတ္တည္း ခ်မွတ္ခဲ့ေသာ စီရင္ခ်က္တြင္ MFP ပါတီသည္ ဘုရင္စနစ္ကို ထိခိုက္ေစခဲ့ေၾကာင္း ယင္းအတြက္ ဖြဲ႕စည္းပုံ အေျခခံဥပေဒဆိုင္ရာ ခုံ႐ုံးအေနျဖင့္ ပါတီကို ဖ်က္သိမ္းရန္ မလႊဲမေရွာင္သာ ဆုံးျဖတ္လိုက္ရေၾကာင္း ဆိုခဲ့သည္။
ဗုဒၶဟူးေန႔ တရားစီရင္ခ်က္အရ ပါတီကို ဖ်က္သိမ္းရမည့္အျပင္ ပါတီအမႈေဆာင္မ်ားအေနျဖင့္ နိုင္ငံေရးလုပ္ေဆာင္ခြင့္ ၁၀ ႏွစ္ ပိတ္ပင္ခံခဲ့ရသည္။ တရား႐ုံး၏ ယင္း စီရင္ခ်က္ေၾကာင့္ နိုင္ငံတြင္ ဒီမိုကေရစီ အခြင့္အေရးမ်ား ဆုတ္ယုတ္သြားမည္ကို စိုးရိမ္မႈမ်ား တိုးေစခဲ့သည္။
MFP ေခါင္းေဆာင္မ်ားကမူ ပါတီဖ်က္သိမ္းျခင္းသည္ ၎တို႔၏ လႈပ္ရွားမႈကို ရပ္တန႔္ေစမည္ မဟုတ္ေၾကာင္း အႀကိမ္ႀကိမ္ ေျပာဆိုထားခဲ့သည္။ ပါတီေခါင္းေဆာင္တစ္ဦးျဖစ္သည့္ ဖိထာက ၎တို႔အေနျဖင့္ ဆက္လက္တိုက္ပြဲဝင္သြားမွာျဖစ္ၿပီး MFP သည္ နိုင္ငံေရးပါတီမ်ား၏ သခၤ်ိဳင္းတြင္ စေတးခံရသည့္ ေနာက္ဆုံးေသာ ပါတီျဖစ္ေစရမည္ဟု ယခုသီတင္းပတ္က ေအပီသတင္း႒ာနကို ေျပာဆိုထားသည္။
Ref: CNN
Move Forward ပါတီကို ဖျက်သိမ်းရန် ထိုင်း တရားရုံး အမိန့်ချ
**************************
ထိုင်းနိုင်ငံ၏ လူကြိုက် အများဆုံးသော နိုင်ငံရေးပါတီကို ဖျက်သိမ်းရန် ထိုင်းတရားရုံးက အမိန့်ချလိုက်ကြောင်း သိရသည်။ ယင်းစီရင်ချက်သည် ပါတီအတွက် ကြီးမားသော ထိုးနှက်ချက်သကဲ့သို့ ထိုင်းနိုင်ငံရေးကို ပို၍ မငြိမ်မသက်ဖြစ်စေနိုင်သည့် အန္တရာယ်ဟုလည်း ဆိုနိုင်သည်။
ပြုပြင်ပြောင်းလဲရေး ကတိကဝတ်ဖြင့် နိုင်ငံတစ်ဝန်း အထူးသဖြင့် လူငယ်ထု၏ ထောက်ခံမှု အကြီးအကျယ်ရခဲ့သည့် Move Forward Party သည် ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲတွင် အံ့အားသင့်ဖွယ် အနိုင်ရခဲ့ပြီး လွှတ်တော်အမတ်နေရာ အများစုအနိုင်ရခဲ့သည်။
ပါတီ၏ မဲဆွယ်စည်းရုံးမှုတွင် ဘုရင်စနစ်ပြုပြင်ပြောင်းလဲရေး အဆိုပြုခဲ့မှုနှင့်ပတ်သက်၍ ထိုင်းနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးက ပါတီကို ဖျက်သိမ်းရမည်ဟု ယနေ့(သြဂုတ် ၇) တွင် အမိန့်ချလိုက်ခြင်းဖြစ်သည်။
တရားရုံး၏ တညီတညွတ်တည်း ချမှတ်ခဲ့သော စီရင်ချက်တွင် MFP ပါတီသည် ဘုရင်စနစ်ကို ထိခိုက်စေခဲ့ကြောင်း ယင်းအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအနေဖြင့် ပါတီကို ဖျက်သိမ်းရန် မလွှဲမရှောင်သာ ဆုံးဖြတ်လိုက်ရကြောင်း ဆိုခဲ့သည်။
ဗုဒ္ဓဟူးနေ့ တရားစီရင်ချက်အရ ပါတီကို ဖျက်သိမ်းရမည့်အပြင် ပါတီအမှုဆောင်များအနေဖြင့် နိုင်ငံရေးလုပ်ဆောင်ခွင့် ၁၀ နှစ် ပိတ်ပင်ခံခဲ့ရသည်။ တရားရုံး၏ ယင်း စီရင်ချက်ကြောင့် နိုင်ငံတွင် ဒီမိုကရေစီ အခွင့်အရေးများ ဆုတ်ယုတ်သွားမည်ကို စိုးရိမ်မှုများ တိုးစေခဲ့သည်။
MFP ခေါင်းဆောင်များကမူ ပါတီဖျက်သိမ်းခြင်းသည် ၎င်းတို့၏ လှုပ်ရှားမှုကို ရပ်တန့်စေမည် မဟုတ်ကြောင်း အကြိမ်ကြိမ် ပြောဆိုထားခဲ့သည်။ ပါတီခေါင်းဆောင်တစ်ဦးဖြစ်သည့် ဖိထာက ၎င်းတို့အနေဖြင့် ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ပြီး MFP သည် နိုင်ငံရေးပါတီများ၏ သင်္ချိုင်းတွင် စတေးခံရသည့် နောက်ဆုံးသော ပါတီဖြစ်စေရမည်ဟု ယခုသီတင်းပတ်က အေပီသတင်းဋ္ဌာနကို ပြောဆိုထားသည်။
Ref: CNN