ဗီယက္နမ္ ေမြထိုင္းခ်န္ပီယံ ႏွင့္ ရိုးရာဖိုက္တာ ထြန္းမင္းေအာင္ ဇူလိုင္(၁၂)ရက္တြင္ ယွဥ္ၿပိဳင္ထိုးသ-တ္မည္
ONE က ဒုတိယအခြင့္အေရး ေပးလာသည့္ ရိုးရာဖိုက္တာ ထြန္းမင္းေအာင္ႏွင့္ ဗီယက္နမ္ ေမြထိုင္းခ်န္ပီယံတို႔ ယခုလဇူလိုင္(၁၂)ရက္တြင္ ယွဥ္ၿပိဳင္ထိုးသ-တ္မည္ဟု ပြဲစဥ္ဇယား အတည္ျပဳထုတ္ျပန္လာခဲ့ၿပီျဖစ္သည္။
ရိုးရာဖိုက္တာ ထြန္းမင္းေအာင္ႏွင့္ ဗီယက္နမ္ ေမြထိုင္းဖိုက္တာ Tran Quoc Tuan တို႔ႏွစ္ဦးသည္ ဇူလိုင္(၁၂)ရက္ တြင္က်င္းပျပဳလုပ္မည့္ ONE Friday Fights 70 ပြဲစဥ္တြင္ထိုးသ-တ္သြားၾကမည္ျဖစ္သည္။
၎တို႔ႏွစ္ဦးသည္ တြဲဆိုင္း(၁၁)ဆိုင္းအနက္ (၈)ဆိုင္းေျမာက္တြင္ ယွဥ္ၿပိဳင္ရမည္ျဖစ္ၿပီး ပြဲစဥ္တြင္ အမ်ိဳးသမီးပြဲစဥ္တစ္ပြဲ ပါဝင္သည္။
ထြန္းမင္းေအာင္သည္ ၿပီးခဲ့သည့္ ေမ(၃၁)ရက္က ONE က ျပဳလုပ္သည့္ ONE Lumpinee (65) ပြဲစဥ္တြင္ ႐ုရွားဖိုက္တာ ကီရိယက္ဖ္အား အမွတ္ျဖင့္ ရႈံးနိမ့္ထားသည္။
ယခု ၎ႏွင့္ ထိုးသတ္မည့္ ဗီယက္နမ္ ေမြထိုင္းခ်န္ပီယံ ဖိုက္တာမွာ အသက္ (၂၈)ႏွစ္အရြယ္ရွိၿပီး ကိုယ္အေလးခ်ိန္ 149.91lbs /68kg ၊အရပ္ 5’6” 170cm ရွိကာ One Fight Record အရ (၁)ပြဲကစား (၁)ပြဲအလဲထိုးအနိုင္ရရွိထားၿပီး ဗီယက္နမ္နိုင္ငံ WBC ေမြထိုင္းခ်န္ပီယံခါးပါတ္ ရရွိထားသူတစ္ဦးျဖစ္သည္။
ထြန္းမင္းေအာင္မွာ အသက္ (၁၈)ႏွစ္အရြယ္ျဖစ္ၿပီး အရပ္ 5’11” 182cm ၊ One Fight Record အရ (၁)ပြဲကစား (၁)ပြဲအမွတ္ျဖင့္ ရႈံးထားၿပီး ျမန္မာျပည္အတြင္း ထိုးသ-တ္ခဲ့သည့္ ရိုးရာလက္ေဝွ႕ၿပိဳင္ပြဲမ်ားတြင္ ရႈံးပြဲမရွိေသးသည့္ လူငယ္ ျမန္မာ့လက္ေဝွ႕ဖိုက္တာတစ္ဦးျဖစ္သည္။
++++++++++++++++++
ဗီယက်နမ် မွေထိုင်းချန်ပီယံ နှင့် ရိုးရာဖိုက်တာ ထွန်းမင်းအောင် ဇူလိုင်(၁၂)ရက်တွင် ယှဉ်ပြိုင်ထိုးသ-တ်မည်
ONE က ဒုတိယအခွင့်အရေး ပေးလာသည့် ရိုးရာဖိုက်တာ ထွန်းမင်းအောင်နှင့် ဗီယက်နမ် မွေထိုင်းချန်ပီယံတို့ ယခုလဇူလိုင်(၁၂)ရက်တွင် ယှဉ်ပြိုင်ထိုးသ-တ်မည်ဟု ပွဲစဉ်ဇယား အတည်ပြုထုတ်ပြန်လာခဲ့ပြီဖြစ်သည်။
ရိုးရာဖိုက်တာ ထွန်းမင်းအောင်နှင့် ဗီယက်နမ် မွေထိုင်းဖိုက်တာ Tran Quoc Tuan တို့နှစ်ဦးသည် ဇူလိုင်(၁၂)ရက် တွင်ကျင်းပပြုလုပ်မည့် ONE Friday Fights 70 ပွဲစဉ်တွင်ထိုးသ-တ်သွားကြမည်ဖြစ်သည်။
၎င်းတို့နှစ်ဦးသည် တွဲဆိုင်း(၁၁)ဆိုင်းအနက် (၈)ဆိုင်းမြောက်တွင် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ပွဲစဉ်တွင် အမျိုးသမီးပွဲစဉ်တစ်ပွဲ ပါဝင်သည်။
ထွန်းမင်းအောင်သည် ပြီးခဲ့သည့် မေ(၃၁)ရက်က ONE က ပြုလုပ်သည့် ONE Lumpinee (65) ပွဲစဉ်တွင် ရုရှားဖိုက်တာ ကီရိယက်ဖ်အား အမှတ်ဖြင့် ရှုံးနိမ့်ထားသည်။
ယခု ၎င်းနှင့် ထိုးသတ်မည့် ဗီယက်နမ် မွေထိုင်းချန်ပီယံ ဖိုက်တာမှာ အသက် (၂၈)နှစ်အရွယ်ရှိပြီး ကိုယ်အလေးချိန် 149.91lbs /68kg ၊အရပ် 5’6” 170cm ရှိကာ One Fight Record အရ (၁)ပွဲကစား (၁)ပွဲအလဲထိုးအနိုင်ရရှိထားပြီး ဗီယက်နမ်နိုင်ငံ WBC မွေထိုင်းချန်ပီယံခါးပါတ် ရရှိထားသူတစ်ဦးဖြစ်သည်။
ထွန်းမင်းအောင်မှာ အသက် (၁၈)နှစ်အရွယ်ဖြစ်ပြီး အရပ် 5’11” 182cm ၊ One Fight Record အရ (၁)ပွဲကစား (၁)ပွဲအမှတ်ဖြင့် ရှုံးထားပြီး မြန်မာပြည်အတွင်း ထိုးသ-တ်ခဲ့သည့် ရိုးရာလက်ဝှေ့ပြိုင်ပွဲများတွင် ရှုံးပွဲမရှိသေးသည့် လူငယ် မြန်မာ့လက်ဝှေ့ဖိုက်တာတစ်ဦးဖြစ်သည်။