ဂ်ာမနီႏွင့္ ပြဲတြင္ရရွိခဲ့ေသာ ဒူးဒဏ္ရာေၾကာင့္ ယူရိုၿပိဳင္ပြဲတြင္ ပတ္ဒရီ ဆက္လက္ပါဝင္နိုင္ေတာ့မည္မဟုတ္

ၿပီးခဲ့သည့္ ဂ်ာမနီႏွင့္ ရင္ဆိုင္ခဲ့ေသာပြဲစဥ္တြင္ ရရွိခဲ့သည့္ ဒဏ္ရာေၾကာင့္ ကြင္းလယ္ကစားသမား ပတ္ဒရီအေနျဖင့္ က်န္ရွိေနေသာ ယူရိုၿပိဳင္ပြဲတြင္ ပါဝင္နိုင္ေတာ့မည္မဟုတ္ေၾကာင္း စပိန္ေဘာလုံးအဖြဲ႕ခ်ဳပ္က အတည္ျပဳသတင္းထုတ္ျပန္လိုက္ၿပီျဖစ္သည္။
ပတ္ဒရီသည္ အဆိုပါပြဲ၌ ပြဲခ်ိန္အေစာပိုင္း၌ပင္ ဂ်ာမနီကစားသမား တိုနီခ႐ူးစ္ႏွင့္ ထိခိုက္မိကာ ဒူးဒဏ္ရာ ျပင္းထန္စြာရရွိခဲ့ေသာေၾကာင့္ ပြဲခ်ိန္ ၈ မိနစ္၌ပင္ လူစားလဲခံခဲ့ရျခင္းျဖစ္ၿပီး ယခုအခါ ၎အေနျဖင့္ လက္က်န္ယူရိုပြဲစဥ္မ်ားအားလုံးကို လြဲေခ်ာ္မည္ဟု စပိန္ေဘာလုံးအဖြဲ႕ခ်ဳပ္က အတည္ျပဳခဲ့ျခင္းျဖစ္သည္။
စပိန္ေဘာလုံးအဖြဲ႕ခ်ဳပ္၏ အတည္ျပဳခ်က္အရ ပတ္ဒရီ၏ဒဏ္ရာသည္ ဘယ္ဘက္ဒူးအတြင္းပိုင္းရွိ အေၾကာဒဏ္ရာျဖစ္ၿပီး ေဆးစစ္မႈမ်ား ထပ္မံျပဳလုပ္သြားရဦးမည္ျဖစ္ကာ အဆိုပါဒဏ္ရာမွာ ခြဲစိတ္ကုသမႈခံယူရန္ မလိုအပ္ေသာ္လည္း ကနဦး စစ္ေဆးမႈမ်ားအရ ဒဏ္ရာမွာ ျပင္းထန္မႈရွိေသာေၾကာင့္ အနည္းဆုံးသီတင္းပတ္ႏွစ္ပတ္မွ အမ်ားဆုံး သီတင္းပတ္ရွစ္ပတ္အထိ အနားယူရနိုင္၍ စပိန္အေနျဖင့္ ဆီမီးဖိုင္နယ္၌ ျပင္သစ္ကို အနိုင္ရယူကာ ဗိုလ္လုပြဲသို႔ တက္ေရာက္နိုင္ခဲ့လၽွင္ ၎အေနျဖင့္ ပါဝင္ကစားနိုင္ေတာ့မည္မဟုတ္ေၾကာင္း သိရွိရျခင္း ျဖစ္သည္။
ထို႔ျပင္ ပတ္ဒရီအေနျဖင့္ အဆိုပါဒဏ္ရာျပႆနာေၾကာင့္ ပြဲခ်ိန္ ရွစ္မိနစ္၌ပင္လူစားလဲျခင္းခံခဲ့ရၿပီး ယင္းသို႔လူစားလဲမႈမွာ ယူရိုၿပိဳင္ပြဲ သမိုင္းေၾကာင္းတစ္ေလၽွာက္ အေစာဆုံးေသာလူစားလဲမႈအျဖစ္လည္း စံခ်ိန္တင္ခဲ့ေၾကာင္း သတင္းမ်ားကထပ္မံေဖာ္ျပခဲ့သည္။

______________________________

ဂျာမနီနှင့် ပွဲတွင်ရရှိခဲ့သော ဒူးဒဏ်ရာကြောင့် ယူရိုပြိုင်ပွဲတွင် ပတ်ဒရီ ဆက်လက်ပါဝင်နိုင်တော့မည်မဟုတ်
ပြီးခဲ့သည့် ဂျာမနီနှင့် ရင်ဆိုင်ခဲ့သောပွဲစဉ်တွင် ရရှိခဲ့သည့် ဒဏ်ရာကြောင့် ကွင်းလယ်ကစားသမား ပတ်ဒရီအနေဖြင့် ကျန်ရှိနေသော ယူရိုပြိုင်ပွဲတွင် ပါဝင်နိုင်တော့မည်မဟုတ်ကြောင်း စပိန်ဘောလုံးအဖွဲ့ချုပ်က အတည်ပြုသတင်းထုတ်ပြန်လိုက်ပြီဖြစ်သည်။
ပတ်ဒရီသည် အဆိုပါပွဲ၌ ပွဲချိန်အစောပိုင်း၌ပင် ဂျာမနီကစားသမား တိုနီခရူးစ်နှင့် ထိခိုက်မိကာ ဒူးဒဏ်ရာ ပြင်းထန်စွာရရှိခဲ့သောကြောင့် ပွဲချိန် ၈ မိနစ်၌ပင် လူစားလဲခံခဲ့ရခြင်းဖြစ်ပြီး ယခုအခါ ၎င်းအနေဖြင့် လက်ကျန်ယူရိုပွဲစဉ်များအားလုံးကို လွဲချော်မည်ဟု စပိန်ဘောလုံးအဖွဲ့ချုပ်က အတည်ပြုခဲ့ခြင်းဖြစ်သည်။
စပိန်ဘောလုံးအဖွဲ့ချုပ်၏ အတည်ပြုချက်အရ ပတ်ဒရီ၏ဒဏ်ရာသည် ဘယ်ဘက်ဒူးအတွင်းပိုင်းရှိ အကြောဒဏ်ရာဖြစ်ပြီး ဆေးစစ်မှုများ ထပ်မံပြုလုပ်သွားရဦးမည်ဖြစ်ကာ အဆိုပါဒဏ်ရာမှာ ခွဲစိတ်ကုသမှုခံယူရန် မလိုအပ်သော်လည်း ကနဦး စစ်ဆေးမှုများအရ ဒဏ်ရာမှာ ပြင်းထန်မှုရှိသောကြောင့် အနည်းဆုံးသီတင်းပတ်နှစ်ပတ်မှ အများဆုံး သီတင်းပတ်ရှစ်ပတ်အထိ အနားယူရနိုင်၍ စပိန်အနေဖြင့် ဆီမီးဖိုင်နယ်၌ ပြင်သစ်ကို အနိုင်ရယူကာ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့လျှင် ၎င်းအနေဖြင့် ပါဝင်ကစားနိုင်တော့မည်မဟုတ်ကြောင်း သိရှိရခြင်း ဖြစ်သည်။
ထို့ပြင် ပတ်ဒရီအနေဖြင့် အဆိုပါဒဏ်ရာပြဿနာကြောင့် ပွဲချိန် ရှစ်မိနစ်၌ပင်လူစားလဲခြင်းခံခဲ့ရပြီး ယင်းသို့လူစားလဲမှုမှာ ယူရိုပြိုင်ပွဲ သမိုင်းကြောင်းတစ်လျှောက် အစောဆုံးသောလူစားလဲမှုအဖြစ်လည်း စံချိန်တင်ခဲ့ကြောင်း သတင်းများကထပ်မံဖော်ပြခဲ့သည်။