5G ကြန္ရက္ စမ္းသပ္ေအာင္ျမင္ေၾကာင္း ATOM ထုတ္ျပန္
ျပည္တြင္းဆက္သြယ္ေရးေအာ္ပေရတာတစ္ခုျဖစ္တဲ့ အက္တမ္(ATOM)က ရန္ကုန္နဲ႔မႏၲေလးၿမိဳ႕ေတြမွာ 5G အင္တာနက္ကြန္ရက္ကို ေအာင္ျမင္စြာ စမ္းသပ္နိုင္ခဲ့တယ္လို႔ ထုတ္ျပန္ထားပါတယ္။ 5G မိုဘိုင္းကြန္ရက္ စမ္းသပ္မႈကို ၿပီးခဲ့တဲ့ ဇြန္လ ၈ ရက္က ရန္ကုန္နဲ႔ မႏၲေလးၿမိဳ႕ႀကီး ႏွစ္ၿမိဳ႕မွာ ျပဳလုပ္နိုင္ခဲ့တာလို႔ ဆိုပါတယ္။
အက္တမ္(ATOM)အေနနဲ႔ ေခတ္မီနည္းပညာေခတ္သစ္တစ္ခုကို စတင္နိုင္ဖို႔အတြက္ 5G မိုဘိုင္းအင္တာနက္ ကြန္ရက္စမ္းသပ္မႈေတြကို ျပဳလုပ္ခဲ့တာ ျဖစ္တယ္လို႔ ထုတ္ျပန္ခ်က္အရ သိရပါတယ္။ 5G ကြန္ရက္စမ္းသပ္မႈဟာ အခုလက္ရွိ 4G အင္တာနက္ကြန္ရက္ေတြနဲ႔ ႏွိုင္းယွဥ္ရင္ လိုင္းဆြဲအား ၁၀ ဆ ပိုမို လ်င္ျမန္တဲ့အျပင္ တစ္စကၠန႔္ကို 1 Gbps ထက္ ျမန္တဲ့ႏႈန္းနဲ႔ ေဒတာမ်ားစြာကို ေပးပို႔နိုင္တဲ့အထိ အင္တာနက္ လိုင္းဆြဲအား ေကာင္းမြန္တယ္လို႔ လည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
ေနာက္ထပ္ဆက္သြယ္ေရးေအာ္ပေရတာတစ္ခုျဖစ္တဲ့ MPT ကလည္း သုံးစြဲသူေတြရဲ့ ဒစ္ဂ်စ္တယ္အေတြ႕အၾကဳံ ကို ျမႇင့္တင္ဖို႔နဲ႔ အသုံးျပဳသူေတြရဲ့ ေန႔စဥ္ဘဝေတြ တိုးတက္ေကာင္းမြန္လာေစဖို႔ ရည္ရြယ္ၿပီး အခုဇြန္လအတြင္း MPT 5G အစမ္းသုံး အေတြ႕အၾကဳံ သ႐ုပ္ျပအစီအစဥ္ကို ျပဳလုပ္ဖို႔ ရွိေနတယ္လို႔လည္း ေၾကညာထားပါတယ္။
================
5G ကွန်ရက် စမ်းသပ်အောင်မြင်ကြောင်း ATOM ထုတ်ပြန်
————————–
ပြည်တွင်းဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်တဲ့ အက်တမ်(ATOM)က ရန်ကုန်နဲ့မန္တလေးမြို့တွေမှာ 5G အင်တာနက်ကွန်ရက်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ 5G မိုဘိုင်းကွန်ရက် စမ်းသပ်မှုကို ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်က ရန်ကုန်နဲ့ မန္တလေးမြို့ကြီး နှစ်မြို့မှာ ပြုလုပ်နိုင်ခဲ့တာလို့ ဆိုပါတယ်။
အက်တမ်(ATOM)အနေနဲ့ ခေတ်မီနည်းပညာခေတ်သစ်တစ်ခုကို စတင်နိုင်ဖို့အတွက် 5G မိုဘိုင်းအင်တာနက် ကွန်ရက်စမ်းသပ်မှုတွေကို ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။ 5G ကွန်ရက်စမ်းသပ်မှုဟာ အခုလက်ရှိ 4G အင်တာနက်ကွန်ရက်တွေနဲ့ နှိုင်းယှဉ်ရင် လိုင်းဆွဲအား ၁၀ ဆ ပိုမို လျင်မြန်တဲ့အပြင် တစ်စက္ကန့်ကို 1 Gbps ထက် မြန်တဲ့နှုန်းနဲ့ ဒေတာများစွာကို ပေးပို့နိုင်တဲ့အထိ အင်တာနက် လိုင်းဆွဲအား ကောင်းမွန်တယ်လို့ လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နောက်ထပ်ဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်တဲ့ MPT ကလည်း သုံးစွဲသူတွေရဲ့ ဒစ်ဂျစ်တယ်အတွေ့အကြုံ ကို မြှင့်တင်ဖို့နဲ့ အသုံးပြုသူတွေရဲ့ နေ့စဉ်ဘဝတွေ တိုးတက်ကောင်းမွန်လာစေဖို့ ရည်ရွယ်ပြီး အခုဇွန်လအတွင်း MPT 5G အစမ်းသုံး အတွေ့အကြုံ သရုပ်ပြအစီအစဉ်ကို ပြုလုပ်ဖို့ ရှိနေတယ်လို့လည်း ကြေညာထားပါတယ်။