အခြန္မေပးသြင္းသည့္ ေအဂ်င္စီမ်ားကို လုပ္သားေစလႊတ္မႈဆိုင္းငံ့ထားမည္

ျပည္ပသို႔ လုပ္သားေစလႊတ္သည့္ လိုင္စင္ရ ေအဂ်င္စီမ်ား အေနျဖင့္ ေပးသြင္းရမည့္ အခြန္မ်ား မေပးသြင္းပါက ျပည္ပသို႔ လုပ္သားေစလႊတ္မႈ ဆိုင္းငံ့ထားမည္ျဖစ္ေၾကာင္း အလုပ္သမားဝန္ႀကီးဌာနမွ သိရသည္။
ၿပီးခဲ့သည့္ ၂၀၂၂ -၂၀၂၃ ဘ႑ာႏွစ္အတြက္ အခြန္ေပးသြင္းရန္ က်န္ရွိသည့္ ေအဂ်င္စီ (၁၂)ခုရွိေၾကာင္း သိရသည္။
ထို႔ျပင္ ၂၀၂၃ – ၂၀၂၄ ဘ႑ာႏွစ္အတြက္ ေအဂ်င္စီမ်ား ေပးသြင္းရမည့္ အခြန္ေငြမ်ားႏွင့္ ပက္သက္၍ ဝန္ႀကီးဌာနမွ စိစစ္လ်က္ရွိၿပီး ၂၀၂၃ – ၂၀၂၄ ဘ႑ာႏွစ္ မတ္လမွစ၍ စာ ရင္းမ်ားကို စိစစ္ေနေၾကာင္း သိရသည္။
ထိုသို႔ အခြန္ေပးသြားရာတြင္ ေအဂ်င္စီမ်ားအေနျဖင့္ စာရင္းမ်ား လိ-မ္လ-ည္တင္ျပမႈမ်ား ျပဳလုပ္ျခင္းမ်ား မလုပ္ရန္ႏွင့္ စိစစ္ေတြ႕ရွိပါက အေရးယူမႈမ်ား ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း အလုပ္သမားဝန္ႀကီးဌာနမွ အသိေပးေၾကညာထားသည္။

========

အခွန်မပေးသွင်းသည့် အေဂျင်စီများကို လုပ်သားစေလွှတ်မှုဆိုင်းငံ့ထားမည်

ပြည်ပသို့ လုပ်သားစေလွှတ်သည့် လိုင်စင်ရ အေဂျင်စီများ အနေဖြင့် ပေးသွင်းရမည့် အခွန်များ မပေးသွင်းပါက ပြည်ပသို့ လုပ်သားစေလွှတ်မှု ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။
ပြီးခဲ့သည့် ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ်အတွက် အခွန်ပေးသွင်းရန် ကျန်ရှိသည့် အေဂျင်စီ (၁၂)ခုရှိကြောင်း သိရသည်။
ထို့ပြင် ၂၀၂၃ – ၂၀၂၄ ဘဏ္ဍာနှစ်အတွက် အေဂျင်စီများ ပေးသွင်းရမည့် အခွန်ငွေများနှင့် ပက်သက်၍ ဝန်ကြီးဌာနမှ စိစစ်လျက်ရှိပြီး ၂၀၂၃ – ၂၀၂၄ ဘဏ္ဍာနှစ် မတ်လမှစ၍ စာ ရင်းများကို စိစစ်နေကြောင်း သိရသည်။
ထိုသို့ အခွန်ပေးသွားရာတွင် အေဂျင်စီများအနေဖြင့် စာရင်းများ လိ-မ်လ-ည်တင်ပြမှုများ ပြုလုပ်ခြင်းများ မလုပ်ရန်နှင့် စိစစ်တွေ့ရှိပါက အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ အသိပေးကြေညာထားသည်။