ျမန္မာေဂါက္သီးရိုက္ ကစားသမားမ်ားကို ထိုင္းပေရာ္ဖက္ရွင္နယ္ကစားသမားက ေလ့က်င့္သင္ၾကားေပးေန

Southeast Asian Amateur Golf Team Championship 2024 ၿပိဳင္ပြဲယွဥ္ၿပိဳင္မည့္ ျမန္မာေဂါက္သီးရိုက္ ကစားသ မားမ်ားကိုထိုင္းပေရာ္ဖက္ရွင္နယ္ ေဂါ့ဖ္ကစားသမား Tan apat Pichaikool က သင္ၾကားျပသေပးလ်က္ရွိ​ေနသည္။

အဆိုပါ Southeast Asian Amateur Golf Team Champi onship 2024 ၿပိဳင္ပြဲကို ဇူလိုင္ (၉) ရက္မွ (၁၂)ရက္အထိ စင္ကာပူနိုင္ငံ Seletar Country Club ၌ က်င္းပမည္ျဖစ္သည္။

ျမန္မာနိုင္ငံ ေဂါက္သီးအားကစားအဖြဲ႕ခ်ဳပ္သည္ ယင္းၿပိဳင္ပြဲတြင္ ျမန္မာကစားသမားမ်ား ေအာင္ျမင္မႈရေစရန္အတြက္ ထိုင္း ပေရာ္ဖက္ရွင္နယ္ ေဂါက္သီးရိုက္ ကစားသမားကို န ည္းျပအျဖစ္ လာေရာက္သင္ၾကားရန္ ငွားရမ္းခဲ့ျခင္းျဖစ္သည္။

ယင္းထိုင္းပေရာ္ဖက္ရွင္နယ္ ေဂါက္သီးရိုက္ ကစားသမားသည္ ေမလတတိယအပတ္တြင္ ျမန္မာနိုင္ငံသို႔ ေရာက္ရွိလာၿပီး ၿပိဳင္ပြဲကာလအထိ ေလ့က်င့္သင္ၾကားေပးမည္ျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္ ျမန္မာကစားသမားမ်ားအေနျဖင့္ ပန္းလွိုင္ေဂါက္ကြင္း၌ ေလ့က်င့္သင္ၾကားလ်က္ရွိၿပီး ပန္းလွိုင္ေဂါက္ဘကြင္းမွလည္း ေလ့က်င့္ေရးကြင္းႏွင့္ ဆက္စပ္ပစၥည္းမ်ားကို ပံ့ပိုးကူညီေပးထားသည္။

ျမန္မာနိုင္ငံ ေဂါက္သီးအားကစားအဖြဲ႕ခ်ဳပ္သည္ ယင္းၿပိဳင္ပြဲတြင္ ထည့္သြင္းက်င္းပမည့္ ၿပိဳင္ပြဲေလးခုအနက္ Putra Cu p ၿပိဳင္ပြဲ၊ Lion City Cup ၿပိဳင္ပြဲႏွင့္ Santi Cup ၿပိဳင္ပြဲတို႔တြ င္ ယွဥ္ၿပိဳင္မည္ျဖစ္သည္။

ျမန္မာကစားသမားမ်ားကို သင္ၾကားေပးေနသည့္ ထိုင္းပေရာ္ဖက္ရွင္နယ္ ေဂါ့ဖ္ကစားသမား Tanapat Pichaikool သည္ ၂၀၂၀ ႏွင့္ ၂၀၂၃ ခုႏွစ္ All Thailand Golf Tour ၊ Singha Thailand Master 2023 ၿပိဳင္ပြဲမ်ားတြင္ ပထမဆုမ်ားကိုရရွိထားၿပီး Bromsgrove International School ႏွင့္ Mississippi State University တို႔တြင္ ပညာသင္ၾကားခဲ့သူျဖစ္ေၾကာင္း သိရသည္။

ျမန္မာအသင္းသည္ ၂၀၁၈ ခုႏွစ္ကလည္း ျမန္မာနိုင္ငံတြင္ အိမ္ရွင္အျဖစ္ လက္ခံက်င္းပခဲ့သည့္ Southeast Asian Amateur Golf Team Championship ၿပိဳင္ပြဲတြင္လည္း ၾသစေၾတးလ်နိုင္ငံသားကို နည္းျပခန႔္အပ္ခဲ့ၿပီး ယင္းၿပိဳင္ ပြဲ၏ Loin City Cup ၿပိဳင္ပြဲတြင္ အသင္းလိုက္ပထမဆု ႏွင့္ Kartini Cup ၿပိဳင္ပြဲ၏ တစ္ဦးခ်င္းၿပိဳင္ပြဲတြင္ ဒုတိယဆုတို႔ကို ရရွိခဲ့ေၾကာင္း သိရသည္။

=========

မြန်မာဂေါက်သီးရိုက် ကစားသမားများကို ထိုင်းပရော်ဖက်ရှင်နယ်ကစားသမားက လေ့ကျင့်သင်ကြားပေးနေ

Southeast Asian Amateur Golf Team Championship 2024 ပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာဂေါက်သီးရိုက် ကစားသ မားများကိုထိုင်းပရော်ဖက်ရှင်နယ် ဂေါ့ဖ်ကစားသမား Tan apat Pichaikool က သင်ကြားပြသပေးလျက်ရှိ​နေသည်။

အဆိုပါ Southeast Asian Amateur Golf Team Champi onship 2024 ပြိုင်ပွဲကို ဇူလိုင် (၉) ရက်မှ (၁၂)ရက်အထိ စင်ကာပူနိုင်ငံ Seletar Country Club ၌ ကျင်းပမည်ဖြစ်သည်။

မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ်သည် ယင်းပြိုင်ပွဲတွင် မြန်မာကစားသမားများ အောင်မြင်မှုရစေရန်အတွက် ထိုင်း ပရော်ဖက်ရှင်နယ် ဂေါက်သီးရိုက် ကစားသမားကို န ည်းပြအဖြစ် လာရောက်သင်ကြားရန် ငှားရမ်းခဲ့ခြင်းဖြစ်သည်။

ယင်းထိုင်းပရော်ဖက်ရှင်နယ် ဂေါက်သီးရိုက် ကစားသမားသည် မေလတတိယအပတ်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး ပြိုင်ပွဲကာလအထိ လေ့ကျင့်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာကစားသမားများအနေဖြင့် ပန်းလှိုင်ဂေါက်ကွင်း၌ လေ့ကျင့်သင်ကြားလျက်ရှိပြီး ပန်းလှိုင်ဂေါက်ဘကွင်းမှလည်း လေ့ကျင့်ရေးကွင်းနှင့် ဆက်စပ်ပစ္စည်းများကို ပံ့ပိုးကူညီပေးထားသည်။

မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ်သည် ယင်းပြိုင်ပွဲတွင် ထည့်သွင်းကျင်းပမည့် ပြိုင်ပွဲလေးခုအနက် Putra Cu p ပြိုင်ပွဲ၊ Lion City Cup ပြိုင်ပွဲနှင့် Santi Cup ပြိုင်ပွဲတို့တွ င် ယှဉ်ပြိုင်မည်ဖြစ်သည်။

မြန်မာကစားသမားများကို သင်ကြားပေးနေသည့် ထိုင်းပရော်ဖက်ရှင်နယ် ဂေါ့ဖ်ကစားသမား Tanapat Pichaikool သည် ၂၀၂၀ နှင့် ၂၀၂၃ ခုနှစ် All Thailand Golf Tour ၊ Singha Thailand Master 2023 ပြိုင်ပွဲများတွင် ပထမဆုများကိုရရှိထားပြီး Bromsgrove International School နှင့် Mississippi State University တို့တွင် ပညာသင်ကြားခဲ့သူဖြစ်ကြောင်း သိရသည်။

မြန်မာအသင်းသည် ၂၀၁၈ ခုနှစ်ကလည်း မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် Southeast Asian Amateur Golf Team Championship ပြိုင်ပွဲတွင်လည်း သြစတြေးလျနိုင်ငံသားကို နည်းပြခန့်အပ်ခဲ့ပြီး ယင်းပြိုင် ပွဲ၏ Loin City Cup ပြိုင်ပွဲတွင် အသင်းလိုက်ပထမဆု နှင့် Kartini Cup ပြိုင်ပွဲ၏ တစ်ဦးချင်းပြိုင်ပွဲတွင် ဒုတိယဆုတို့ကို ရရှိခဲ့ကြောင်း သိရသည်။