သဘာဝေဘးဒဏ္ခံ Shelter(၁၂၁)လုံး တည္ေဆာက္ထား

ဧရာဝတီတိုင္းေဒသႀကီးအတြင္းမွာ သဘာဝေဘး ၾကဳံေတြ႕လာရင္ ျပည္သူေတြ ခိုလႈံနိုင္ေစဖို႔အတြက္ ေဘးဒဏ္ခံ ဘက္စုံသုံး အေဆာက္အအုံေတြျဖစ္တဲ့ Shelter စုစုေပါင္း (၁၂၁)လုံး တည္ေဆာက္ထားတယ္လို႔ ဧရာဝတီတိုင္း ေဒသႀကီး ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဦးစီးဌာနကေန သိရပါတယ္။
ဧရာဝတီတိုင္းေဒသႀကီးအတြင္းမွာရွိတဲ့ ၿမိဳ႕နယ္ေတြမွာ School Camp Shelter (၃၄) လုံး၊ ဆိုင္ကလုန္း Shelter (၄၇) လုံး၊ Matipurpose Shelter (၃၈) လုံးနဲ႔ လက္ရွိတည္ေဆာက္ၿပီးစီးသြားၿပီျဖစ္တဲ့ Shelter (၂) လုံး စုစုေပါင္း (၁၂၁)လုံး တည္ေဆာက္ၿပီးစီးေနၿပီျဖစ္တယ္လို႔ ဆိုပါတယ္။
ေဘးဒဏ္ခံဘက္စုံသုံး အေဆာက္အအုံေတြျဖစ္တဲ့ Shelter ေတြကို ပုသိမ္ခရိုင္မွာ (၂၇) လုံး၊ က်ဳံေပ်ာ္ခရိုင္မွာ (၇)လုံး၊ ဖ်ာပုံခရိုင္မွာ (၄၂)လုံး၊ လပြတ္တာခရိုင္မွာ (၄၁)လုံး၊ ေျမာင္းျမခရိုင္နဲ႔ ျမန္ေအာင္ခရိုင္မွာ (၁)လုံးစီ တည္ေဆာက္ထားတာျဖစ္တယ္လို႔ သိရပါတယ္။ အဲဒီ Shelterေတြမွာ စုစုေပါင္း လူဦးေရ (၆၀,၀၀၀) ေက်ာ္ ေလာက္ ခိုလႈံနိုင္တယ္လို႔လည္း သိရပါတယ္။

========

သဘာဝဘေးဒဏ်ခံ Shelter(၁၂၁)လုံး တည်ဆောက်ထား

ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ သဘာဝဘေး ကြုံတွေ့လာရင် ပြည်သူတွေ ခိုလှုံနိုင်စေဖို့အတွက် ဘေးဒဏ်ခံ ဘက်စုံသုံး အဆောက်အအုံတွေဖြစ်တဲ့ Shelter စုစုပေါင်း (၁၂၁)လုံး တည်ဆောက်ထားတယ်လို့ ဧရာဝတီတိုင်း ဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနကနေ သိရပါတယ်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ မြို့နယ်တွေမှာ School Camp Shelter (၃၄) လုံး၊ ဆိုင်ကလုန်း Shelter (၄၇) လုံး၊ Matipurpose Shelter (၃၈) လုံးနဲ့ လက်ရှိတည်ဆောက်ပြီးစီးသွားပြီဖြစ်တဲ့ Shelter (၂) လုံး စုစုပေါင်း (၁၂၁)လုံး တည်ဆောက်ပြီးစီးနေပြီဖြစ်တယ်လို့ ဆိုပါတယ်။
ဘေးဒဏ်ခံဘက်စုံသုံး အဆောက်အအုံတွေဖြစ်တဲ့ Shelter တွေကို ပုသိမ်ခရိုင်မှာ (၂၇) လုံး၊ ကျုံပျော်ခရိုင်မှာ (၇)လုံး၊ ဖျာပုံခရိုင်မှာ (၄၂)လုံး၊ လပွတ်တာခရိုင်မှာ (၄၁)လုံး၊ မြောင်းမြခရိုင်နဲ့ မြန်အောင်ခရိုင်မှာ (၁)လုံးစီ တည်ဆောက်ထားတာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီ Shelterတွေမှာ စုစုပေါင်း လူဦးရေ (၆၀,၀၀၀) ကျော် လောက် ခိုလှုံနိုင်တယ်လို့လည်း သိရပါတယ်။