Samut Praken City FC ကြင္းလယ္ကစားသမား စည္သူေအာင္ကို ရခိုင္အသင္း ေခၚယူ

ထိုင္းနိုင္ငံ‌ ေဘာလုံးကလပ္တစ္ခုျဖစ္သည့္ Samut Praken City FC ၌ ကစားေနေသာ ျမန္မာ့လက္ေရႊးစင္ကစားသမားေဟာင္း ကြင္းလယ္လူ စည္သူေအာင္ကို ရခိုင္ယူနိုက္တက္အသင္းက ေခၚယူလိုက္ၿပီ ျဖစ္ေၾကာင္း ယင္းအသင္းထံက သိရသည္။
စည္သူေအာင္သည္ အသင္း၏ ဂ်ာစီေက်ာနံပါတ္ (၃၀) ဝတ္ဆင္ကာ ကစားသြားမည္ျဖစ္ၿပီး ျပည္တြင္းလိဂ္ၿပိဳင္ပြဲမ်ားတြင္ ရန္ကုန္ယူနိုက္တက္အသင္း၊ ရတနာပုံအသင္း၊ ရွမ္းယူနိုက္တက္အသင္းတို႔အျပင္ ထိုင္းကလပ္အသင္းမ်ားျဖစ္သည့္ Chonburi FC, Ayutthaya Utd, Chinat Utd ႏွင့္ လက္ ရွိ Samut Praken City FC တို႔တြင္ ကစားခဲ့သူတစ္ဦးျဖစ္ သည္။
၎သည္ ဘယ္ေတာင္ပံ ကြင္းလယ္လူ ကစားသမားျဖစ္ၿပီး ျမန္မာေနရွင္နယ္လိဂ္ပြဲစဥ္မ်ား၌ ကစားခဲ့ကာ အသင္းတိုင္း ခ်န္ပီယံဆြတ္ခူးနိုင္ခဲ့ၿပီး ၂၀၁၄ ခုႏွစ္ အေကာင္းဆုံး လူငယ္ကစားသမားဆုကို ရရွိထားသူလည္းျဖစ္သည္။
ထို႔အျပင္ AFC Cup, AFFChampionship, World Cup Qulifiers စသည့္ နိုင္ငံတကာ ပြဲေပါင္းမ်ားစြာ ကစားခဲ့ေသာအေတြ႕ အၾကဳံရွိၿပီး Philippine Peace Cup 2014 ခ်န္ပီယံဆု ကို ပိုင္ဆိုင္ထားသူလည္းျဖစ္သည္။
၎သည္ လွိုင္းဘိုဘို၊ ေဒးဗစ္ထန္း၊ ေအာင္သူ၊ ေက်ာ္ကိုကို တို႔ႏွင့္ ကစားေဖာ္ျဖစ္ၿပီ အေရွ႕ေတာင္အာရွ SEA Game ၿပိဳင္ပြဲ ၂၀၁၃၊ ၂၀၁၅၊ ၂၀၁၇၊ ၂၀၁၉ ေလးႏွစ္ဆက္တိုက္ ပါဝင္ကစားခြင့္ရသည့္ ပထမဆုံး ျမန္မာေဘာလုံးသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ေၾကာင္း သိရသည္။
၂၀၁၅ စကၤာပူ ဆီးဂိမ္းတြင္ ေငြတံဆိပ္ရယူေပးခဲ့သည့္အျပင္ ၿပိဳင္ပြဲတြင္ ဂိုးသြင္းအမ်ားဆုံးဆု (၅ဂိုး)ႏွင့္ ျမန္မာ့ဂုဏ္ေဆာင္နိုင္ခဲ့ၿပီး ၂၀၁၉ ဆီးဂိမ္းမွာလည္း ေၾကးတံဆိပ္ ရယူေပးခဲ့သူတစ္ဦးျဖစ္သည္။

======

Samut Praken City FC ကွင်းလယ်ကစားသမား စည်သူအောင်ကို ရခိုင်အသင်း ခေါ်ယူ

ထိုင်းနိုင်ငံ‌ ဘောလုံးကလပ်တစ်ခုဖြစ်သည့် Samut Praken City FC ၌ ကစားနေသော မြန်မာ့လက်ရွှေးစင်ကစားသမားဟောင်း ကွင်းလယ်လူ စည်သူအောင်ကို ရခိုင်ယူနိုက်တက်အသင်းက ခေါ်ယူလိုက်ပြီ ဖြစ်ကြောင်း ယင်းအသင်းထံက သိရသည်။
စည်သူအောင်သည် အသင်း၏ ဂျာစီကျောနံပါတ် (၃၀) ဝတ်ဆင်ကာ ကစားသွားမည်ဖြစ်ပြီး ပြည်တွင်းလိဂ်ပြိုင်ပွဲများတွင် ရန်ကုန်ယူနိုက်တက်အသင်း၊ ရတနာပုံအသင်း၊ ရှမ်းယူနိုက်တက်အသင်းတို့အပြင် ထိုင်းကလပ်အသင်းများဖြစ်သည့် Chonburi FC, Ayutthaya Utd, Chinat Utd နှင့် လက် ရှိ Samut Praken City FC တို့တွင် ကစားခဲ့သူတစ်ဦးဖြစ် သည်။
၎င်းသည် ဘယ်တောင်ပံ ကွင်းလယ်လူ ကစားသမားဖြစ်ပြီး မြန်မာနေရှင်နယ်လိဂ်ပွဲစဥ်များ၌ ကစားခဲ့ကာ အသင်းတိုင်း ချန်ပီယံဆွတ်ခူးနိုင်ခဲ့ပြီး ၂၀၁၄ ခုနှစ် အကောင်းဆုံး လူငယ်ကစားသမားဆုကို ရရှိထားသူလည်းဖြစ်သည်။
ထို့အပြင် AFC Cup, AFFChampionship, World Cup Qulifiers စသည့် နိုင်ငံတကာ ပွဲပေါင်းများစွာ ကစားခဲ့သောအတွေ့ အကြုံရှိပြီး Philippine Peace Cup 2014 ချန်ပီယံဆု ကို ပိုင်ဆိုင်ထားသူလည်းဖြစ်သည်။
၎င်းသည် လှိုင်းဘိုဘို၊ ဒေးဗစ်ထန်း၊ အောင်သူ၊ ကျော်ကိုကို တို့နှင့် ကစားဖော်ဖြစ်ပြီ အရှေ့တောင်အာရှ SEA Game ပြိုင်ပွဲ ၂၀၁၃၊ ၂၀၁၅၊ ၂၀၁၇၊ ၂၀၁၉ လေးနှစ်ဆက်တိုက် ပါဝင်ကစားခွင့်ရသည့် ပထမဆုံး မြန်မာဘောလုံးသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
၂၀၁၅ စင်္ကာပူ ဆီးဂိမ်းတွင် ငွေတံဆိပ်ရယူပေးခဲ့သည့်အပြင် ပြိုင်ပွဲတွင် ဂိုးသွင်းအများဆုံးဆု (၅ဂိုး)နှင့် မြန်မာ့ဂုဏ်ဆောင်နိုင်ခဲ့ပြီး ၂၀၁၉ ဆီးဂိမ်းမှာလည်း ကြေးတံဆိပ် ရယူပေးခဲ့သူတစ်ဦးဖြစ်သည်။