ျပည္သူကိုဗဟိုျပဳ ေသာ ပါတီစည္း႐ုံး ေရးဆိုင္ရာကိစၥရပ္မ်ား ၊ ပါတီစည္းကမ္းထိန္းသိမ္း ေရးဆိုင္ရာကိစၥရပ္မ်ားအားပါတီဒုတိယဥကၠဌ ဦးလွထြန္းမွ ေနျပည္ေတာ္၊ ျပည္ေထာင္စုနယ္ေၿမ တိုင္း/ခရိုင္/ၿမိဳ႕နယ္ပါတီဝင္မ်ားအား ေတြ႕ဆုံမွာၾကား

ေနျပည္ေတာ္ ဧၿပီ ၃၀

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီဒုတိယ ဥကၠ႒ဦးလွထြန္းသည္ဗဟိုအလုပ္အမႈေဆာင္ ဦးတင့္လွိုင္ျမင့္ ႏွင့္အဖြဲ႕ဝင္မ်ားလိုက္ပါလ်က္(၃၀.၄.၂၀၂၄)ေန႔တြင္ ေနျပည္ေတာ္၊ျပည္ေထာင္စုနယ္ေၿမ ျပည္ခိုင္ၿဖိဳးပါတီမွတိုင္းေကာ္မတီဝင္မ်ား၊ (၄)ခရိုင္၊(၈)ၿမိဳ႕နယ္မွခရိုင္ဥကၠ႒မ်ား၊ၿမိဳ႕နယ္ဥကၠ႒မ်ားႏွင့္ေတြ႕ဆုံခဲ့ပါသည္။
ေတြ႕ဆုံပြဲတြင္ဒုတိယဥကၠ႒ဦးလွထြန္းမွ ႏႈတ္ခြန္းဆက္အမွာစကားေျပာၾကားရာ၌ မိမိတို႔နိုင္ငံသည္ယခင္တစ္ပါတီစနစ္မွမိမိတို႔ပါတီ အပါအဝင္နိုင္ငံေရးပါတီမ်ားစုံလင္စြာပါရွိေသာ ပါတီစုံစနစ္ကိုကူးေျပာင္းခဲ့ေၾကာင္း၊ မိမိတို႔ပါတီသည္နိုင္ငံ့အက်ိဳး၊ျပည့္သူ႔အက်ိဳးတို႔ကို ဦးထိပ္ထားေဆာင္ရြက္လၽွက္ရွိေၾကာင္း၊
ယခုလိုအစည္းအေဝးမ်ားမၾကာခဏျပဳလုပ္ရျခင္းမွာ ပါတီလုပ္ငန္းမ်ားလုပ္ကိုင္ေဆာင္ရြက္ရာတြင္ လြယ္ကူလ်င္ျမန္ေခ်ာေမြ႕ေစဖို႔ျဖစ္ေၾကာင္းဦးစြာ
ႏႈတ္ခြန္းဆက္အမွာစကားေျပာၾကားပါသည္။
၎ေနာက္ျပည္ေထာင္စုနယ္ေျမ‌ ေခတၱဥကၠ႒ ဦးလွေဆြမွျပည္ေထာင္စုနယ္ေျမျပည္ခိုင္ၿဖိဳးပါတီမွ ပါတီလုပ္ငန္းေဆာင္ရြက္ေနမႈမ်ား၊ျပည္သူ႔အက်ိဳးျပဳ
လုပ္ငန္းမ်ားလုပ္ေဆာင္ေနမႈမ်ားႏွင့္ဆက္လက္ လုပ္ေဆာင္မည့္လုပ္ငန္းမ်ားအား အေသးစိတ္တင္ျပရွင္းလင္းေဆြးေႏြးခဲ့ၿပီး
ျပည္ေထာင္စုနယ္ေျမပါတီနာယကမ်ားျဖစ္ၾကေသာ ဦးခင္ေမာင္ေဌးႏွင့္ဦးေဌးဝင္းတို႔မွျပည့္မ႑ိဳင္လုပ္ ငန္းစဥ္မ်ားအေကာင္အထည္ေဆာင္ရြက္ေနမႈမ်ားအား တင္ျပေဆြးေႏြးခဲ့ၾကပါသည္။
၎ေနာက္ဗဟိုအလုပ္အမႈေဆာင္ ဦးတင့္လွိုင္ျမင့္မွပါတီစည္းကမ္းထိန္းသိမ္းေရးဆိုင္ရာကိစၥရပ္မ်ားအားရွင္းလင္းေဆြးေႏြးခဲ့ပါသည္။
တင္ျပေဆြးေႏြးမႈမ်ားအေပၚဒုတိယဥကၠ႒မွ ျပန္လည္ရွင္းလင္းေဆြးေႏြးခဲ့ၿပီး
မိမိတို႔ပါတီသည္နိုင္ငံေရးပါတီတစ္ခုျဖစ္ေၾကာင္း၊ နိုင္ငံေရးပါတီျဖစ္သည့္အေလ်ာက္မိမိတို႔ပါတီကို ေထာက္ခံေနၾကမည့္ျပည္သူမ်ားလိုအပ္ေၾကာင္း၊
ျပည္သူမ်ားႏွင့္စဥ္ဆက္မျပတ္ထိေတြ႕ဆက္ဆံေနရန္ လိုအပ္ေၾကာင္း၊ပါတီလုပ္ငန္းမ်ားလုပ္ေဆာင္ရာတြင္လည္းေကာင္း၊ျပည္သူမ်ားႏွင့္ထိေတြ႕ဆက္ဆံရာတြင္ လည္းေကာင္းမိမိကိုယ္မိမိဗဟိုျပဳေသာအတၱကိုေလၽွာ့ခ်ရန္လိုအပ္ၿပီးပါတီအတြက္လုပ္ေဆာင္ရာတြင္လည္းအေပၚယံလုပ္ေဆာင္ျခင္းမ်ိဳးေရွာင္ရွားရန္လိုေၾကာင္း၊ ပါတီလုပ္ငန္းမ်ား အေကာင္အထည္ေဖာ္ေဆာင္ရြက္ရာတြင္မိမိတို႔လုပ္နိုင္သမၽွကို ကိုယ္စြမ္းဥာဏ္စြမ္းရွိ သေရြ႕လုပ္ေဆာင္ဖို႔လိုေၾကာင္း နိုင္ငံေရးအလုပ္ဆိုသည္မွာ Volunteer Service တစ္ခုျဖစ္သည့္အတြက္ မိမိကိုေပးအပ္ထားေသာတာဝန္ကိုေက်ပြန္ေအာင္ လုပ္ေဆာင္ရန္လိုၿပီးဝတ္ေက်တန္းေက်လုပ္ေဆာင္ျခင္းမ်ိဳးေရွာင္ရွားရန္လိုေၾကာင္းနိဂုံးခ်ဳပ္အမွာစကားေျပာၾကားၿပီး ျပည္ေထာင္စုနယ္ေျမပါတီ႐ုံးအတြင္းလွည့္လည္ၾကည့္ရႈ၍ပါတီပိုင္ပစၥည္းမ်ားထားရွိမႈႏွင့္ ႐ုံးလုပ္ငန္းလုပ္ေဆာင္ေနမႈမ်ားအားစစ္ေဆးခဲ့ပါသည္။

======

ပြည်သူကိုဗဟိုပြု သော ပါတီစည်းရုံး ရေးဆိုင်ရာကိစ္စရပ်များ ၊ ပါတီစည်းကမ်းထိန်းသိမ်း ရေးဆိုင်ရာကိစ္စရပ်များအားပါတီဒုတိယဥက္ကဌ ဦးလှထွန်းမှ
နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ တိုင်း/ခရိုင်/မြို့နယ်ပါတီဝင်များအား တွေ့ဆုံမှာကြား

နေပြည်တော် ဧပြီ ၃၀

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဒုတိယ ဥက္ကဋ္ဌဦးလှထွန်းသည်ဗဟိုအလုပ်အမှုဆောင် ဦးတင့်လှိုင်မြင့် နှင့်အဖွဲ့ဝင်များလိုက်ပါလျက်(၃၀.၄.၂၀၂၄)နေ့တွင် နေပြည်တော်၊ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီမှတိုင်းကော်မတီဝင်များ၊ (၄)ခရိုင်၊(၈)မြို့နယ်မှခရိုင်ဥက္ကဋ္ဌများ၊မြို့နယ်ဥက္ကဋ္ဌများနှင့်တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံပွဲတွင်ဒုတိယဥက္ကဋ္ဌဦးလှထွန်းမှ နှုတ်ခွန်းဆက်အမှာစကားပြောကြားရာ၌ မိမိတို့နိုင်ငံသည်ယခင်တစ်ပါတီစနစ်မှမိမိတို့ပါတီ အပါအဝင်နိုင်ငံရေးပါတီများစုံလင်စွာပါရှိသော ပါတီစုံစနစ်ကိုကူးပြောင်းခဲ့ကြောင်း၊ မိမိတို့ပါတီသည်နိုင်ငံ့အကျိုး၊ပြည့်သူ့အကျိုးတို့ကို ဦးထိပ်ထားဆောင်ရွက်လျှက်ရှိကြောင်း၊
ယခုလိုအစည်းအဝေးများမကြာခဏပြုလုပ်ရခြင်းမှာ ပါတီလုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်ရာတွင် လွယ်ကူလျင်မြန်ချောမွေ့စေဖို့ဖြစ်ကြောင်းဦးစွာ
နှုတ်ခွန်းဆက်အမှာစကားပြောကြားပါသည်။
၎င်းနောက်ပြည်ထောင်စုနယ်မြေ‌ ခေတ္တဥက္ကဋ္ဌ ဦးလှဆွေမှပြည်ထောင်စုနယ်မြေပြည်ခိုင်ဖြိုးပါတီမှ ပါတီလုပ်ငန်းဆောင်ရွက်နေမှုများ၊ပြည်သူ့အကျိုးပြု
လုပ်ငန်းများလုပ်ဆောင်နေမှုများနှင့်ဆက်လက် လုပ်ဆောင်မည့်လုပ်ငန်းများအား အသေးစိတ်တင်ပြရှင်းလင်းဆွေးနွေးခဲ့ပြီး
ပြည်ထောင်စုနယ်မြေပါတီနာယကများဖြစ်ကြသော ဦးခင်မောင်ဌေးနှင့်ဦးဌေးဝင်းတို့မှပြည့်မဏ္ဍိုင်လုပ် ငန်းစဉ်များအကောင်အထည်ဆောင်ရွက်နေမှုများအား တင်ပြဆွေးနွေးခဲ့ကြပါသည်။
၎င်းနောက်ဗဟိုအလုပ်အမှုဆောင် ဦးတင့်လှိုင်မြင့်မှပါတီစည်းကမ်းထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များအားရှင်းလင်းဆွေးနွေးခဲ့ပါသည်။
တင်ပြဆွေးနွေးမှုများအပေါ်ဒုတိယဥက္ကဋ္ဌမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး
မိမိတို့ပါတီသည်နိုင်ငံရေးပါတီတစ်ခုဖြစ်ကြောင်း၊ နိုင်ငံရေးပါတီဖြစ်သည့်အလျောက်မိမိတို့ပါတီကို ထောက်ခံနေကြမည့်ပြည်သူများလိုအပ်ကြောင်း၊
ပြည်သူများနှင့်စဉ်ဆက်မပြတ်ထိတွေ့ဆက်ဆံနေရန် လိုအပ်ကြောင်း၊ပါတီလုပ်ငန်းများလုပ်ဆောင်ရာတွင်လည်းကောင်း၊ပြည်သူများနှင့်ထိတွေ့ဆက်ဆံရာတွင် လည်းကောင်းမိမိကိုယ်မိမိဗဟိုပြုသောအတ္တကိုလျှော့ချရန်လိုအပ်ပြီးပါတီအတွက်လုပ်ဆောင်ရာတွင်လည်းအပေါ်ယံလုပ်ဆောင်ခြင်းမျိုးရှောင်ရှားရန်လိုကြောင်း၊ ပါတီလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်မိမိတို့လုပ်နိုင်သမျှကို ကိုယ်စွမ်းဥာဏ်စွမ်းရှိ သရွေ့လုပ်ဆောင်ဖို့လိုကြောင်း နိုင်ငံရေးအလုပ်ဆိုသည်မှာ Volunteer Service တစ်ခုဖြစ်သည့်အတွက် မိမိကိုပေးအပ်ထားသောတာဝန်ကိုကျေပွန်အောင် လုပ်ဆောင်ရန်လိုပြီးဝတ်ကျေတန်းကျေလုပ်ဆောင်ခြင်းမျိုးရှောင်ရှားရန်လိုကြောင်းနိဂုံးချုပ်အမှာစကားပြောကြားပြီး ပြည်ထောင်စုနယ်မြေပါတီရုံးအတွင်းလှည့်လည်ကြည့်ရှု၍ပါတီပိုင်ပစ္စည်းများထားရှိမှုနှင့် ရုံးလုပ်ငန်းလုပ်ဆောင်နေမှုများအားစစ်ဆေးခဲ့ပါသည်။