တ႐ုတ္ဖိုက္တာနဲ႔ ယွဥ္ၿပိဳင္သြားမယ့္ ေဂ်ာ့ရႈဝါဗန္

ဧၿပီ ၁၀

ခ်င္းတိုင္းရင္းသားဖိုက္တာ ေဂ်ာ့ရႈဝါဗန္သည္ UFC- 302 ပြဲစဥ္တြင္ ဘရာဇီးနိုင္ငံသားဖိုက္တာ Lucas Rocha ႏွင့္ ယွဥ္ၿပိဳင္ရန္ စီစဥ္ထားေသာ္လည္း ၿပိဳင္ဘက္ဘက္မွ က်န္းမာေရးအေျခအေနအရ ႏႈတ္ထြက္သြားခဲ့ၿပီးေနာက္ တ႐ုတ္နိုင္ငံသား Sumudaerji ႏွင့္ ပြဲတည္ျဖစ္ခဲ့ျခင္းျဖစ္ပါတယ္။

၄င္းတို႔ႏွစ္ဉီးလာမည့္ ဇြန္လ(၁)ရက္ေန႔တြင္ ယွဥ္ၿပိဳင္ထိုးသတ္ရန္ သေဘာတူစာခ်ဳပ္လက္မွတ္ေရးထိုးထားၿပီျဖစ္ေၾကာင္း သိရပါတယ္။

တ႐ုတ္နိုင္ငံသား ဖိုက္တာ sumudaerji သည္ အသက္ (၂၈) ႏွစ္အရြယ္ျဖစ္ၿပီး အရပ္ (၅)ေပ (၈)လက္မ ခန႔္ရွိကာ MMA ပြဲေပါင္း (၂၂) ပြဲထိုးသတ္ထားကာ(၁၆) ပြဲနိုင္ (၆)ပြဲရႈံးထားၿပီး၊ UFC တြင္ (၆) ပြဲထိုး(၃) ပြဲနိုင္ (၃) ပြဲရႈံးထားသူတစ္ဦးလည္းျဖစ္ပါတယ္။

အသက္ (၂၃) ႏွစ္အရြယ္ ေဂ်ာ့ရႉဝါဗန္ သည္ ၂၀၂၃ ဇြန္လက UFC မွာ ပထမဉီးဆုံး ယွဥ္ၿပိဳင္ထိုးသတ္ အနိုင္ရ‌ထားေသာ ျမန္မာနိုင္ငံဖြား ခ်င္းတိုင္းရင္းသားအျဖစ္ မွတ္တမ္းဝင္ထားသူတစ္ဦးျဖစ္ပါတယ္။

၂၀၂၄ ဇန္နဝါရီ (၁၄) ရက္ UFC Fight Night 234 ၿပိဳင္ပြဲမွာ ၿပိဳင္ဘက္ ဘရာဇီးနိုင္ငံသား Felipe Bunes ကို ဒုတိယအခ်ီ၌ပင္ အနိုင္ယူျပခဲ့ၿပီး (၃) ပြဲထိုး၊ (၃) ပြဲအနိုင္ရထားသည့္ စံခ်ိန္ေကာင္းကို ပိုင္ဆိုင္ထားသူတစ္ဦးလည္း ျဖစ္ပါတယ္။

======

တရုတ်ဖိုက်တာနဲ့ ယှဉ်ပြိုင်သွားမယ့် ဂျော့ရှုဝါဗန်

ဧပြီ ၁၀

ချင်းတိုင်းရင်းသားဖိုက်တာ ဂျော့ရှုဝါဗန်သည် UFC- 302 ပွဲစဉ်တွင် ဘရာဇီးနိုင်ငံသားဖိုက်တာ Lucas Rocha နှင့် ယှဉ်ပြိုင်ရန် စီစဉ်ထားသော်လည်း ပြိုင်ဘက်ဘက်မှ ကျန်းမာရေးအခြေအနေအရ နှုတ်ထွက်သွားခဲ့ပြီးနောက် တရုတ်နိုင်ငံသား Sumudaerji နှင့် ပွဲတည်ဖြစ်ခဲ့ခြင်းဖြစ်ပါတယ်။

၄င်းတို့နှစ်ဉီးလာမည့် ဇွန်လ(၁)ရက်နေ့တွင် ယှဉ်ပြိုင်ထိုးသတ်ရန် သဘောတူစာချုပ်လက်မှတ်ရေးထိုးထားပြီဖြစ်ကြောင်း သိရပါတယ်။

တရုတ်နိုင်ငံသား ဖိုက်တာ sumudaerji သည် အသက် (၂၈) နှစ်အရွယ်ဖြစ်ပြီး အရပ် (၅)ပေ (၈)လက်မ ခန့်ရှိကာ MMA ပွဲပေါင်း (၂၂) ပွဲထိုးသတ်ထားကာ(၁၆) ပွဲနိုင် (၆)ပွဲရှုံးထားပြီး၊ UFC တွင် (၆) ပွဲထိုး(၃) ပွဲနိုင် (၃) ပွဲရှုံးထားသူတစ်ဦးလည်းဖြစ်ပါတယ်။

အသက် (၂၃) နှစ်အရွယ် ဂျော့ရှူဝါဗန် သည် ၂၀၂၃ ဇွန်လက UFC မှာ ပထမဉီးဆုံး ယှဉ်ပြိုင်ထိုးသတ် အနိုင်ရ‌ထားသော မြန်မာနိုင်ငံဖွား ချင်းတိုင်းရင်းသားအဖြစ် မှတ်တမ်းဝင်ထားသူတစ်ဦးဖြစ်ပါတယ်။

၂၀၂၄ ဇန်နဝါရီ (၁၄) ရက် UFC Fight Night 234 ပြိုင်ပွဲမှာ ပြိုင်ဘက် ဘရာဇီးနိုင်ငံသား Felipe Bunes ကို ဒုတိယအချီ၌ပင် အနိုင်ယူပြခဲ့ပြီး (၃) ပွဲထိုး၊ (၃) ပွဲအနိုင်ရထားသည့် စံချိန်ကောင်းကို ပိုင်ဆိုင်ထားသူတစ်ဦးလည်း ဖြစ်ပါတယ်။