အခြန္ပ်က္ကြက္မႈ သတင္းေပးသူကို ၃၀ ရာခိုင္ႏႈန္း ဆုေၾကးခ်ီးျမႇင့္မည္
မတ္လ ၂၈
ေျပစာေတြမွာ အခြန္အမွတ္တံဆိပ္ကပ္ဖို႔ ပ်က္ကြက္မႈအတြက္ သတင္းေပးတင္ျပသူမ်ားကို တပ္ရိုက္တဲ့ ဒဏ္ေၾကးေငြရဲ့ ၃၀ ရာခိုင္ႏႈန္းကို ဆုေၾကးအျဖစ္ ခ်ီးျမႇင့္သြားမယ္လို႔ စီမံကိန္းႏွင့္ဘ႑ာေရး ဝန္ႀကီးဌာန၊ ျပည္တြင္းအခြန္ မ်ား ဦးစီးဌာနက အသိေပးထုတ္ျပန္ပါတယ္။
စားေသာက္ဆိုင္လုပ္ငန္းရွင္ေတြ၊ ဟိုတယ္နဲ႔တည္းခိုခန္း လုပ္ငန္းရွင္ေတြ၊ ႐ုပ္သံလႊင့္မီဒီယာလုပ္ငန္းရွင္ေတြ၊ ေရႊ ထည္လက္ဝတ္ရတနာေရာင္းခ်တဲ့ လုပ္ငန္းရွင္ေတြ၊ လက္ကိုင္ဖုန္း Handset နဲ႔ ဆက္စပ္ပစၥည္းေတြေရာင္းခ်မႈ၊ ဝန္ေဆာင္မႈေဆာင္ရြက္တဲ့ လုပ္ငန္းရွင္ေတြအေနနဲ႔ က်သင့္ကုန္သြယ္လုပ္ငန္းခြန္ကို စားသုံးသူျပည္သူေတြဆီက တစ္ပါတည္းေကာက္ခံေပးဖို႔ တာဝန္ရွိသလို သက္ဆိုင္ရာအခြန္႐ုံးကိုလည္း ေပးသြင္းဖို႔တာဝန္ရွိတယ္လို႔ ဆိုပါတယ္။
ေျပစာ ဒါမွမဟုတ္ ေငြလက္ခံရရွိေၾကာင္း အေထာက္အထားေတြမွာ သက္မွတ္ခ်က္ေတြနဲ႔အညီ အခြန္အမွတ္ တံဆိပ္ကပ္ဖို႔ ပ်က္ကြက္မႈအတြက္ စာရြက္စာတမ္း အေထာက္အထားနဲ႔ျဖစ္ေစ၊ အသံဖိုင္နဲ႔ျဖစ္ေစ တင္ျပလာပါက သတင္းေပးတင္ျပသူကို ဒဏ္ရိုက္တဲ့ ဒဏ္ေၾကးေငြရဲ့ ၃၀ ရာခိုင္ႏႈန္းကို ဆုေၾကးအျဖစ္ ခ်ီးျမႇင့္မယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ လက္ကိုင္ဖုန္းေတြအေပၚမွာေတာ့ အခြန္အမွတ္တံဆိပ္ကပ္ဖို႔ ပ်က္ကြက္မႈအတြက္ သတင္းေပး တင္ျပသူကို ၂၀ ရာခိုင္ႏႈန္း ဆုေၾကးအျဖစ္ ခ်ီးျမႇင့္မွာ ျဖစ္တယ္လို႔ ထုတ္ျပန္ခ်က္အရ သိရပါတယ္။
စားသုံးသူျပည္သူေတြအေနနဲ႔ က်သင့္ေငြေပးခ်ိန္မွာ အခြန္အမွတ္တံဆိပ္ကပ္ထားတဲ့ ေျပစာကို ေတာင္းယူတာနဲ႔ လုပ္ငန္းရွင္ေတြကလည္း စားသုံးသူေတြေတာင္းခံတာျဖစ္ေစ၊ မေတာင္းခံတာျဖစ္ေစ အခြန္အမွတ္တံဆိပ္ ကပ္ထားတဲ့ ေျပစာေတြကို မျဖစ္မေန ထုတ္ေပးတာေတြကို ပူးေပါင္းပါဝင္လိုက္နာေဆာင္ရြက္ၾကဖို႔လည္း အသိေပးႏွိုးေဆာ္ထားပါ တယ္။
=========
အခွန်ပျက်ကွက်မှု သတင်းပေးသူကို ၃၀ ရာခိုင်နှုန်း ဆုကြေးချီးမြှင့်မည်
မတ်လ ၂၈
ပြေစာတွေမှာ အခွန်အမှတ်တံဆိပ်ကပ်ဖို့ ပျက်ကွက်မှုအတွက် သတင်းပေးတင်ပြသူများကို တပ်ရိုက်တဲ့ ဒဏ်ကြေးငွေရဲ့ ၃၀ ရာခိုင်နှုန်းကို ဆုကြေးအဖြစ် ချီးမြှင့်သွားမယ်လို့ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်တွင်းအခွန် များ ဦးစီးဌာနက အသိပေးထုတ်ပြန်ပါတယ်။
စားသောက်ဆိုင်လုပ်ငန်းရှင်တွေ၊ ဟိုတယ်နဲ့တည်းခိုခန်း လုပ်ငန်းရှင်တွေ၊ ရုပ်သံလွှင့်မီဒီယာလုပ်ငန်းရှင်တွေ၊ ရွှေ ထည်လက်ဝတ်ရတနာရောင်းချတဲ့ လုပ်ငန်းရှင်တွေ၊ လက်ကိုင်ဖုန်း Handset နဲ့ ဆက်စပ်ပစ္စည်းတွေရောင်းချမှု၊ ဝန်ဆောင်မှုဆောင်ရွက်တဲ့ လုပ်ငန်းရှင်တွေအနေနဲ့ ကျသင့်ကုန်သွယ်လုပ်ငန်းခွန်ကို စားသုံးသူပြည်သူတွေဆီက တစ်ပါတည်းကောက်ခံပေးဖို့ တာဝန်ရှိသလို သက်ဆိုင်ရာအခွန်ရုံးကိုလည်း ပေးသွင်းဖို့တာဝန်ရှိတယ်လို့ ဆိုပါတယ်။
ပြေစာ ဒါမှမဟုတ် ငွေလက်ခံရရှိကြောင်း အထောက်အထားတွေမှာ သက်မှတ်ချက်တွေနဲ့အညီ အခွန်အမှတ် တံဆိပ်ကပ်ဖို့ ပျက်ကွက်မှုအတွက် စာရွက်စာတမ်း အထောက်အထားနဲ့ဖြစ်စေ၊ အသံဖိုင်နဲ့ဖြစ်စေ တင်ပြလာပါက သတင်းပေးတင်ပြသူကို ဒဏ်ရိုက်တဲ့ ဒဏ်ကြေးငွေရဲ့ ၃၀ ရာခိုင်နှုန်းကို ဆုကြေးအဖြစ် ချီးမြှင့်မယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လက်ကိုင်ဖုန်းတွေအပေါ်မှာတော့ အခွန်အမှတ်တံဆိပ်ကပ်ဖို့ ပျက်ကွက်မှုအတွက် သတင်းပေး တင်ပြသူကို ၂၀ ရာခိုင်နှုန်း ဆုကြေးအဖြစ် ချီးမြှင့်မှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
စားသုံးသူပြည်သူတွေအနေနဲ့ ကျသင့်ငွေပေးချိန်မှာ အခွန်အမှတ်တံဆိပ်ကပ်ထားတဲ့ ပြေစာကို တောင်းယူတာနဲ့ လုပ်ငန်းရှင်တွေကလည်း စားသုံးသူတွေတောင်းခံတာဖြစ်စေ၊ မတောင်းခံတာဖြစ်စေ အခွန်အမှတ်တံဆိပ် ကပ်ထားတဲ့ ပြေစာတွေကို မဖြစ်မနေ ထုတ်ပေးတာတွေကို ပူးပေါင်းပါဝင်လိုက်နာဆောင်ရွက်ကြဖို့လည်း အသိပေးနှိုးဆော်ထားပါ တယ်။