ဂါဇာစစ္ပြဲအပစ္အခတ္ရပ္စဲေရးေတာင္းဆိုထားသည့္ ဆုံးျဖတ္ခ်က္မူၾကမ္းကို လုံျခဳံေရးေကာင္စီအတည္ျပဳ
မတ္ ၂၈
အစၥေရးႏွင့္ ဂါဇာအေျခစိုက္ ဟားမတ္စ္အုပ္စုတိုၾကား အပစ္အခတ္ခ်က္ခ်င္းရပ္စဲရန္ ေတာင္းဆို ထားေသာ ဆုံးျဖတ္ခ်က္မူၾကမ္းကို ကုလသမဂၢလုံျခဳံေရးေကာင္စီက မတ္လ ၂၅ ရက္တြင္ မဲခြဲအတည္ျပဳ နိုင္ခဲ့သည္။
အဆိုပါဆုံးျဖတ္ခ်က္မူၾကမ္းကို လုံျခဳံေရးေကာင္စီ အဖြဲဝင္နိုင္ငံ ၁၀ နိုင္ငံတိုက ပူးတြဲေရးဆြဲထားျခင္း ျဖစ္သည္။ ယင္းဆုံးျဖတ္ခ်က္မူၾကမ္းကို မတ္လ ၂၅ ရက္က မဲခြဲရာတြင္ လုံျခဳံေရးေကာင္စီအဖြဲဝင္ နိုင္ငံ ၁၄ နိုင္ငံတိုက ေထာက္ခံေပးခဲ့ၿပီး အေမရိကန္နိုင္ငံက ပါဝင္မဲေပးျခင္းမရွိခဲ့ေၾကာင္း သိရသည္။
သို႔ေသာ္ အပစ္အခတ္ရပ္စဲေရး ေတာင္းဆိုထားသည့္ လုံျခဳံေရးေကာင္စီ ဆုံးျဖတ္ခ်က္မူၾကမ္းကို လုံျခဳံေရးေကာင္စီက အတည္ျပဳနိုင္ခဲ့ၿပီးေနာက္ အေမရိကန္နိုင္ငံႏွင့္ မဟာမိတ္အစၥေရးနိုင္ငံတိုၾကား ဆက္ဆံေရးတင္းမာခဲ့ရသည္။
အေမရိကန္နိုင္ငံသည္ ေရွးယခင္က ဂါဇာစစ္ပြဲအပစ္အခတ္ရပ္စဲေရး ေတာင္းဆိုထားသည့္ လုံျခဳံေရး ေကာင္စီ ဆုံးျဖတ္ခ်က္မူၾကမ္းမ်ားကို ဗီတိုအာဏာျဖင့္ သုံးႀကိမ္အထိ ပိတ္ပင္ခဲ့ဖူးသည္။
မတ္လ ၂၅ ရက္တြင္ အတည္ျပဳနိုင္ခဲ့သည့္ လုံျခဳံေရးေကာင္စီဆုံးျဖတ္ခ်က္မူၾကမ္းတြင္ ဖမ္းဆီးထားသည့္ ဓားစာခံမ်ားအားလုံး ႁခြင္းခ်က္မရွိျပန္လႊတ္ေပးရန္လည္း ဟားမတ္စ္အုပ္စုကို ေတာင္းဆိုထားေၾကာင္း သိရသည္။
===========
ဂါဇာစစ်ပွဲအပစ်အခတ်ရပ်စဲရေးတောင်းဆိုထားသည့် ဆုံးဖြတ်ချက်မူကြမ်းကို လုံခြုံရေးကောင်စီအတည်ပြု
မတ် ၂၈
အစ္စရေးနှင့် ဂါဇာအခြေစိုက် ဟားမတ်စ်အုပ်စုတိုကြား အပစ်အခတ်ချက်ချင်းရပ်စဲရန် တောင်းဆို ထားသော ဆုံးဖြတ်ချက်မူကြမ်းကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက မတ်လ ၂၅ ရက်တွင် မဲခွဲအတည်ပြု နိုင်ခဲ့သည်။
အဆိုပါဆုံးဖြတ်ချက်မူကြမ်းကို လုံခြုံရေးကောင်စီ အဖွဲဝင်နိုင်ငံ ၁၀ နိုင်ငံတိုက ပူးတွဲရေးဆွဲထားခြင်း ဖြစ်သည်။ ယင်းဆုံးဖြတ်ချက်မူကြမ်းကို မတ်လ ၂၅ ရက်က မဲခွဲရာတွင် လုံခြုံရေးကောင်စီအဖွဲဝင် နိုင်ငံ ၁၄ နိုင်ငံတိုက ထောက်ခံပေးခဲ့ပြီး အမေရိကန်နိုင်ငံက ပါဝင်မဲပေးခြင်းမရှိခဲ့ကြောင်း သိရသည်။
သို့သော် အပစ်အခတ်ရပ်စဲရေး တောင်းဆိုထားသည့် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မူကြမ်းကို လုံခြုံရေးကောင်စီက အတည်ပြုနိုင်ခဲ့ပြီးနောက် အမေရိကန်နိုင်ငံနှင့် မဟာမိတ်အစ္စရေးနိုင်ငံတိုကြား ဆက်ဆံရေးတင်းမာခဲ့ရသည်။
အမေရိကန်နိုင်ငံသည် ရှေးယခင်က ဂါဇာစစ်ပွဲအပစ်အခတ်ရပ်စဲရေး တောင်းဆိုထားသည့် လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက်မူကြမ်းများကို ဗီတိုအာဏာဖြင့် သုံးကြိမ်အထိ ပိတ်ပင်ခဲ့ဖူးသည်။
မတ်လ ၂၅ ရက်တွင် အတည်ပြုနိုင်ခဲ့သည့် လုံခြုံရေးကောင်စီဆုံးဖြတ်ချက်မူကြမ်းတွင် ဖမ်းဆီးထားသည့် ဓားစာခံများအားလုံး ခြွင်းချက်မရှိပြန်လွှတ်ပေးရန်လည်း ဟားမတ်စ်အုပ်စုကို တောင်းဆိုထားကြောင်း သိရသည်။