႐ုရွားသမၼတ ေရြးေကာက္ပြဲမွာ ပူတင္သာ အျပတ္အသတ္ အနိုင္ရ

သမၼတ ဗလာဒီမာပူတင္ဟာ တနဂၤေႏြေန႔က ေရြးေကာက္ပြဲမွာ ဆိုဗီယက္ေခတ္လြန္ စံခ်ိန္မွတ္တမ္းတစ္ခုနဲ႔ အျပတ္အသတ္အနိုင္ရခဲ့ၿပီး ဒီေအာင္ပြဲက သူ႔ရဲ့ တင္းၾကပ္တဲ့အုပ္ခ်ဳပ္မႈကို ဆက္လက္ ခိုင္ျမဲေစခဲ့ပါတယ္။
၁၉၉၉ ခုႏွစ္မွာ အာဏာစရလာခဲ့တဲ့ KGB ဒုဗိုလ္မႉးႀကီးေဟာင္း ပူတင္အတြက္ ဒီရလဒ္ဟာ အေနာက္ေခါင္းေဆာင္ေတြအေနနဲ႔ စစ္ပြဲမွာျဖစ္ေစ ၿငိမ္းခ်မ္းေရးမွာျဖစ္ေစ လာမယ့္ႏွစ္ေပါင္းမ်ားစြာအထိ ထက္ျမက္တဲ့႐ုရွားကို ထည့္သြင္းစဥ္းစားရမယ္ဆိုတာ အေနာက္တိုင္းကို မီးေမာင္ထိုးျပဖို႔ ရည္ရြယ္ခဲ့ပါတယ္။
ေရြးေကာက္ပြဲရလဒ္အရ ေနာက္ထပ္ ၆ ႏွစ္သက္တမ္းထမ္းေဆာင္ရေတာ့မယ့္ အသက္ ၇၁ ႏွစ္အရြယ္ ပူတင္ဟာ ဂ်ိဳးဇက္စတာလင္ကို ေက်ာ္ျဖတ္ကာ ႏွစ္ေပါင္း ၂၀၀ ေက်ာ္ၿပီျဖစ္တဲ့ ႐ုရွားနိုင္ငံေတာ္ရဲ့ သက္တမ္းအရွည္ဆုံးေခါင္းေဆာင္ျဖစ္လာဖို႔ရွိေနပါတယ္။
Public Opinion Foundation ရဲ့ မဲဆႏၵရွင္ စစ္တမ္းေကာက္ယူမႈအရ ပူတင္ဟာ ဆႏၵမဲ ၈၇.၈ ရာခိုင္ႏႈန္းရရွိခဲ့ၿပီး ဒါဟာ ဆိုဗီယက္ေခတ္လြန္ ႐ုရွားနိုင္ငံသမိုင္းမွာ အျမင့္ဆုံးရရွိခဲ့တဲ့ မဲအေရအတြက္လို႔ သိရပါတယ္။ တဖန္ ႐ုရွားျပည္သူ႔သေဘာထားသုေတသနစင္တာ(VCIOM) ရဲ့ စစ္တမ္းအရလည္း ပူတင္ဟာ ဆႏၵမဲ ၈၇ ရာခိုင္ႏႈန္းရရွိခဲ့တယ္လို႔ဆိုပါတယ္။ ပထမဆုံး တရားဝင္ထုတ္ျပန္တဲ့ ရလဒ္ေတြအရ ဒီစစ္တမ္းေတြဟာ မွန္ကန္မႈရွိေနခဲ့တယ္လို႔ သိရပါတယ္။
ပူတင္အနိုင္ရမယ္ဆိုတာက သံသယျဖစ္စရာလုံး၀ မရွိေပမယ့္ ေထာက္ခံမႈနဲ႔ မဲေပးသူဦးေရ ျမင့္မားခဲ့တာကေတာ့ အနည္းငယ္အံ့အားသင့္စရာျဖစ္ေၾကာင္း ဆစ္ဒနီတကၠသိုလ္မွ အစိုးရနဲ႔ နိုင္ငံတကာဆက္ဆံေရးဆိုင္ရာ ဂုဏ္ထူးေဆာင္ ပါေမာကၡ Graeme Gill က ေျပာဆိုပါတယ္။
ပူတင္ကေတာ့ ျပတ္သားတဲ့ အေစာပိုင္းရလဒ္ေတြအရ သူ႔အေပၚ “ေမၽွာ္လင့္ခ်က္” နဲ႔ “ယုံၾကည္မႈ” ကို ညႊန္ျပေနတယ္လို႔ ေႂကြးေၾကာ္ခဲ့ၿပီး ေဝဖန္သူေတြကေတာ့ ႀကိဳတင္သတ္မွတ္ၿပီးျဖစ္တဲ့ ေရြးေကာက္ပြဲသေဘာသဘာဝရဲ့ ထင္ဟပ္မႈသာျဖစ္တယ္လို႔ ဆိုခဲ့ၾကပါတယ္။
Ref: CNA

========

ရုရှားသမ္မတ ရွေးကောက်ပွဲမှာ ပူတင်သာ အပြတ်အသတ် အနိုင်ရ

သမ္မတ ဗလာဒီမာပူတင်ဟာ တနင်္ဂနွေနေ့က ရွေးကောက်ပွဲမှာ ဆိုဗီယက်ခေတ်လွန် စံချိန်မှတ်တမ်းတစ်ခုနဲ့ အပြတ်အသတ်အနိုင်ရခဲ့ပြီး ဒီအောင်ပွဲက သူ့ရဲ့ တင်းကြပ်တဲ့အုပ်ချုပ်မှုကို ဆက်လက် ခိုင်မြဲစေခဲ့ပါတယ်။
၁၉၉၉ ခုနှစ်မှာ အာဏာစရလာခဲ့တဲ့ KGB ဒုဗိုလ်မှူးကြီးဟောင်း ပူတင်အတွက် ဒီရလဒ်ဟာ အနောက်ခေါင်းဆောင်တွေအနေနဲ့ စစ်ပွဲမှာဖြစ်စေ ငြိမ်းချမ်းရေးမှာဖြစ်စေ လာမယ့်နှစ်ပေါင်းများစွာအထိ ထက်မြက်တဲ့ရုရှားကို ထည့်သွင်းစဉ်းစားရမယ်ဆိုတာ အနောက်တိုင်းကို မီးမောင်ထိုးပြဖို့ ရည်ရွယ်ခဲ့ပါတယ်။
ရွေးကောက်ပွဲရလဒ်အရ နောက်ထပ် ၆ နှစ်သက်တမ်းထမ်းဆောင်ရတော့မယ့် အသက် ၇၁ နှစ်အရွယ် ပူတင်ဟာ ဂျိုးဇက်စတာလင်ကို ကျော်ဖြတ်ကာ နှစ်ပေါင်း ၂၀၀ ကျော်ပြီဖြစ်တဲ့ ရုရှားနိုင်ငံတော်ရဲ့ သက်တမ်းအရှည်ဆုံးခေါင်းဆောင်ဖြစ်လာဖို့ရှိနေပါတယ်။
Public Opinion Foundation ရဲ့ မဲဆန္ဒရှင် စစ်တမ်းကောက်ယူမှုအရ ပူတင်ဟာ ဆန္ဒမဲ ၈၇.၈ ရာခိုင်နှုန်းရရှိခဲ့ပြီး ဒါဟာ ဆိုဗီယက်ခေတ်လွန် ရုရှားနိုင်ငံသမိုင်းမှာ အမြင့်ဆုံးရရှိခဲ့တဲ့ မဲအရေအတွက်လို့ သိရပါတယ်။ တဖန် ရုရှားပြည်သူ့သဘောထားသုတေသနစင်တာ(VCIOM) ရဲ့ စစ်တမ်းအရလည်း ပူတင်ဟာ ဆန္ဒမဲ ၈၇ ရာခိုင်နှုန်းရရှိခဲ့တယ်လို့ဆိုပါတယ်။ ပထမဆုံး တရားဝင်ထုတ်ပြန်တဲ့ ရလဒ်တွေအရ ဒီစစ်တမ်းတွေဟာ မှန်ကန်မှုရှိနေခဲ့တယ်လို့ သိရပါတယ်။
ပူတင်အနိုင်ရမယ်ဆိုတာက သံသယဖြစ်စရာလုံး၀ မရှိပေမယ့် ထောက်ခံမှုနဲ့ မဲပေးသူဦးရေ မြင့်မားခဲ့တာကတော့ အနည်းငယ်အံ့အားသင့်စရာဖြစ်ကြောင်း ဆစ်ဒနီတက္ကသိုလ်မှ အစိုးရနဲ့ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ ဂုဏ်ထူးဆောင် ပါမောက္ခ Graeme Gill က ပြောဆိုပါတယ်။
ပူတင်ကတော့ ပြတ်သားတဲ့ အစောပိုင်းရလဒ်တွေအရ သူ့အပေါ် “မျှော်လင့်ချက်” နဲ့ “ယုံကြည်မှု” ကို ညွှန်ပြနေတယ်လို့ ကြွေးကြော်ခဲ့ပြီး ဝေဖန်သူတွေကတော့ ကြိုတင်သတ်မှတ်ပြီးဖြစ်တဲ့ ရွေးကောက်ပွဲသဘောသဘာဝရဲ့ ထင်ဟပ်မှုသာဖြစ်တယ်လို့ ဆိုခဲ့ကြပါတယ်။
Ref: CNA