မတ် ၁၄
=========
မွေထိုင်းဖိုက်တာ ဆန်ချိုင်းနှင့် ရိုးရာလက်ဝှေ့ကျော် မင်းရဲကျော်စွာတို့ တစ်ကျော့ပြန် စိန်ခေါ်ထိုးသတ်မည်
မတ် ၁၄
မွေထိုင်းဖိုက်တာ ဆန်ချိုင်းနှင့် ရိုးရာလက်ဝှေ့ကျော် မင်းရဲကျော်စွာတို့ ယခု မတ်လ (၂၄)ရက်တွင် တစ်ကျော့ပြန် စိန် ခေါ်ထိုးသတ်မည်ဖြစ်ကြောင်း ပွဲစီစဉ်ပေးသည့် King Of Muay Thai က အသိပေးထားပါတယ်။
ပြီးခဲ့သသည့် ဖေဖော်ဝါရီလအတွင်းက ၎င်းတို့ နှစ်ဦးစိန်ခေါ် ထိုးသတ်ရန် ပွဲတည်ပေးခဲ့သော်လည်း ရိုးရာလက်ဝှေ့ကျော် မင်းရဲကျော်စွာဘက်မှ လေ့ကျင့်နေစဉ်အတွင်း ဒဏ်ရာရရှိခဲ့ခြင်းကြောင့် ပွဲပျက်ခဲ့ရပြီး ယခု မတ်လအတွင်း တစ်ကျော့ပြန် ပွဲတည်လာခဲ့ခြင်းလည်း ဖြစ်ပါတယ်။