တစ္ပတ္အတြင္း ကိုဗစ္ (၁၉) ေရာဂါကူးစက္ခံရသည့္ လူနာ (၃၆) ဦး ေတြ႕ရွိ
မတ္လ (၁၁) ရက္ ညပိုင္း က်န္းမာေရးဝန္ႀကီးဌာန၏ သတင္းထုတ္ျပန္ခ်က္အရ ကိုဗစ္ (၁၉) ေရာဂါ တစ္ပတ္အတြင္း ကူးစက္ခံရသူ (၃၆) ဦးေတြ႕ရွိခဲ့ေၾကာင္း သိရသည္။
အဆိုပါ ေရာဂါကူးစက္ခံရသူ အေရအတြက္မွာ ၿပီးခဲ့သည့္ မတ္လ (၃) ရက္ ည (၈) နာရီမွ မတ္လ(၁၀) ရက္ ည (၈) နာရီအထိ တစ္ပတ္အတြင္း ဓာတ္ခြဲနမူနာ (၂၀၇၆၀) ခုအား စစ္ ေဆးခဲ့ရာမွ ေတြ႕ရွိရသည့္ အတည္ျပဳလူနာမ်ားျဖစ္ေၾကာင္း သိရသည္။
အဆိုပါ အေရအတြက္အရ ေရာဂါပိုးကူးစက္ခံရမႈ ရာခိုင္ႏႈန္းမွာ (၀.၁၇) ရာခိုင္ႏႈန္းျဖစ္ေၾကာင္း သိရသည္။
ထို႔အျပင္ က်န္းမာေရးဝန္ႀကီးဌာန၏ သတင္းထုတ္ျပန္ခ်က္အရ ကိုဗစ္(၁၉) ေရာဂါကူးစက္ခံရမႈေၾကာင့္ ေ-သဆုံးသူမရွိေၾကာင္း သိရသည္။
ကိုဗစ္-၁၉ ေရာဂါဆိုင္ရာ သတင္းအခ်က္အလက္မ်ားကို က်န္းမာေရးဝန္ႀကီးဌာန၏ အင္တာနက္စာမ်က္ႏွာ moh. gov.mm တြင္ ဝင္ေရာက္ၾကည့္ရႈနိုင္ေၾကာင္း သိရသည္။
=========
တစ်ပတ်အတွင်း ကိုဗစ် (၁၉) ရောဂါကူးစက်ခံရသည့် လူနာ (၃၆) ဦး တွေ့ရှိ
မတ်လ (၁၁) ရက် ညပိုင်း ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ ကိုဗစ် (၁၉) ရောဂါ တစ်ပတ်အတွင်း ကူးစက်ခံရသူ (၃၆) ဦးတွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ရောဂါကူးစက်ခံရသူ အရေအတွက်မှာ ပြီးခဲ့သည့် မတ်လ (၃) ရက် ည (၈) နာရီမှ မတ်လ(၁၀) ရက် ည (၈) နာရီအထိ တစ်ပတ်အတွင်း ဓာတ်ခွဲနမူနာ (၂၀၇၆၀) ခုအား စစ် ဆေးခဲ့ရာမှ တွေ့ရှိရသည့် အတည်ပြုလူနာများဖြစ်ကြောင်း သိရသည်။
အဆိုပါ အရေအတွက်အရ ရောဂါပိုးကူးစက်ခံရမှု ရာခိုင်နှုန်းမှာ (၀.၁၇) ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ ကိုဗစ်(၁၉) ရောဂါကူးစက်ခံရမှုကြောင့် ေ-သဆုံးသူမရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ moh. gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။