ရန္ကုန္ – မႏၲေလး အထူးရထားေျပးဆြဲမည္

မတ္လ (၈)ရက္မွစတင္ကာ ရန္ကုန္ – မႏၲေလး အထူးရထား ခရီးစဥ္ ေျပးဆြဲေပးသြားမည္ျဖစ္ေၾကာင္း ျမန္မာ့မီးရထားမွ သိရသည္။
အဆိုပါ အထူးရထားေျပးဆြဲျခင္းကို အပတ္စဥ္ ေသာၾကာ ႏွင့္ တနဂၤေႏြ ေန႔တိုင္း ေျပးဆြဲေပးသြားမည္ျဖစ္ၿပီး ရန္ကုန္ မွ နံနက္ (၁၀) နာရီအခ်ိန္တြင္ ထြက္ခြာမည္ျဖစ္ၿပီး မႏၲေလးသို႔ နံနက္ (၃) နာရီ (၁၅) မိနစ္အခ်ိန္တြင္ ေရာက္ရွိမည္ျဖစ္ ေၾကာင္း သိရသည္။
အလားတူ မႏၲေလးမွ ည (၉) နာရီခြဲ အခ်ိန္တြင္ ထြက္ခြာမည္ျဖစ္ၿပီး ရန္ကုန္သို႔ ေန႔လည္ (၂) နာရီ (၄၅) မိနစ္အခ်ိန္တြင္ေရာက္ရွိမည္ျဖစ္ေၾကာင္း သိရသည္။
ရထားလက္မွတ္ခ ႏႈန္းထားမ်ားမွာ ရိုးရိုးတန္း(၁၂၀၀၀) က်ပ္၊ အထက္တန္း (၂၄၀၀၀) က်ပ္သတ္မွတ္ထားၿပီး လမ္းခရီးဘူတာမ်ား အေနျဖင့္ ပဲခူး ၊ ေတာင္ငူ ၊ ပ်ဥ္းမနား ၊ ေနျပည္ေတာ္၊ သာစည္ဘူတာမ်ားတြင္ ရပ္တန႔္ေပးမည္ျဖစ္ေၾကာင္း သိရသည္။
လက္ရွိတြင္ ေန႔စဥ္ေျပးဆြဲေနသည့္ ရန္ကုန္-မႏၲေလး အျမန္ရထားႏွင့္ စာပို႔ရထားခရီးစဥ္မ်ားအား ဒီဇင္ဘာ (၂၆) ရက္မွစတင္ကာ ရပ္နားထားၿပီး ရန္ကုန္ – မႏၲေလးအမွတ္ (၅) အဆန္ႏွင့္ မႏၲေလး – ရန္ကုန္ အမွတ္ (၆) အစုန္ရထားတစ္စီးစီသာ ေျပာင္းလဲေျပးဆြဲေပးေနျခင္း ျဖစ္သည္။

========

ရန်ကုန် – မန္တလေး အထူးရထားပြေးဆွဲမည်

မတ်လ (၈)ရက်မှစတင်ကာ ရန်ကုန် – မန္တလေး အထူးရထား ခရီးစဉ် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
အဆိုပါ အထူးရထားပြေးဆွဲခြင်းကို အပတ်စဉ် သောကြာ နှင့် တနင်္ဂနွေ နေ့တိုင်း ပြေးဆွဲပေးသွားမည်ဖြစ်ပြီး ရန်ကုန် မှ နံနက် (၁၀) နာရီအချိန်တွင် ထွက်ခွာမည်ဖြစ်ပြီး မန္တလေးသို့ နံနက် (၃) နာရီ (၁၅) မိနစ်အချိန်တွင် ရောက်ရှိမည်ဖြစ် ကြောင်း သိရသည်။
အလားတူ မန္တလေးမှ ည (၉) နာရီခွဲ အချိန်တွင် ထွက်ခွာမည်ဖြစ်ပြီး ရန်ကုန်သို့ နေ့လည် (၂) နာရီ (၄၅) မိနစ်အချိန်တွင်ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
ရထားလက်မှတ်ခ နှုန်းထားများမှာ ရိုးရိုးတန်း(၁၂၀၀၀) ကျပ်၊ အထက်တန်း (၂၄၀၀၀) ကျပ်သတ်မှတ်ထားပြီး လမ်းခရီးဘူတာများ အနေဖြင့် ပဲခူး ၊ တောင်ငူ ၊ ပျဉ်းမနား ၊ နေပြည်တော်၊ သာစည်ဘူတာများတွင် ရပ်တန့်ပေးမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် နေ့စဉ်ပြေးဆွဲနေသည့် ရန်ကုန်-မန္တလေး အမြန်ရထားနှင့် စာပို့ရထားခရီးစဉ်များအား ဒီဇင်ဘာ (၂၆) ရက်မှစတင်ကာ ရပ်နားထားပြီး ရန်ကုန် – မန္တလေးအမှတ် (၅) အဆန်နှင့် မန္တလေး – ရန်ကုန် အမှတ် (၆) အစုန်ရထားတစ်စီးစီသာ ပြောင်းလဲပြေးဆွဲပေးနေခြင်း ဖြစ်သည်။