မုဒုံမွာ ေရႊဖ႐ုံ ေစ်းေကာင္းလို ေတာင္သူေတြ အဆင္ေျပေန

မြန္ျပည္နယ္ မုဒုံၿမိဳတြင္ ၿမိဳအနီးပတ္ဝန္းက်င္ႏွင့္ ေက်းရြာမ်ား၌ စိုက္ပ်ိဳးထားၾကသည့္ ေဆာင္းသီးႏွံမ်ား ရိတ္သိမ္းခ်ိန္ ေရႊဖ႐ုံသီးမ်ား ေအာင္ျမင္ျဖစ္ထြန္းၿပီး ေစ်းေကာင္းရရွိကာ ေတာင္သူမ်ား အဆင္ေျပလ်က္ရွိေၾကာင္း သိရသည္။

မုဒုံၿမိဳနယ္တြင္ ေဆာင္းသီးႏွံမ်ားကို မိုးစပါးမ်ားရိတ္သိမ္းၿပီးခ်ိန္ ဒီဇင္ဘာလမွစ၍ ပန္းေဂၚဖီ၊ ဖူးစားေျပာင္း၊ ပဲေတာက္ရွည္၊ခရမ္းသီး၊ မုန္လာဥျဖဴ၊ ၾကက္ဟင္းခါးသီး၊ဟင္းႏုနယ္၊ ေက်ာက္ဖ႐ုံသီး၊ ေရႊဖ႐ုံသီး စသည့္ ဟင္းသီးဟင္းမ်ားကို စိုက္ပ်ိဳးၾကေၾကာင္း၊ ေျမတစ္ေနရာတည္းတြင္ သီးႏွံတစ္မ်ိဳးထဲ ဆက္တိုက္စိုက္ပ်ိဳးပါက ပိုးမႊားေရာဂါအႏၲရာယ္မ်ား က်ေရာက္ဖ်တ္စီးမႈမ်ားသျဖင့္ သီးႏွံအလွည့္က် စိုက္ပ်ိဳးၾကေၾကာင္း၊ ေရႊဖ႐ုံပင္မ်ားကို စိုက္ပ်ိဳးရာတြင္ စိုက္ခင္းမ်ားေရမဝပ္ေစရန္ အထူးဂ႐ုျပဳရၿပီး အပင္မစိုက္ခင္ လယ္ယာေျမထယ္ထိုး၍ ေျမျပဳျပင္ရျခင္း၊သဘာဝဓာတ္ေျမၾသဇာမ်ား စနစ္တက်ထည့္သြင္းျခင္း လုပ္ငန္းမ်ားကို ေဆာင္ရြက္ရေၾကာင္း၊ အပင္မ်ားကို မ်ားေသာအားျဖင့္ ေျမေပၚတြင္ ေလၽွာက္သြားစနစ္ျဖင့္ စိုက္ပ်ိဳးၾက၍ ရက္ ၁၀၀ ခန္႔အၾကာတြင္ စတင္ခူးဆြတ္နိုင္ေၾကာင္း မွိန္ကနိမ္ေက်းရြာေန ေတာင္သူတစ္ဦးက ေျပာသည္။

ေရႊဖ႐ုံသီးမ်ားကို ၿမိဳေပၚေစ်းမ်ားအျပင္ အျခားေဒသမ်ားမွ ကုန္စိမ္းကုန္သည္မ်ားက ေရႊဖ႐ုံသီးအပါအဝင္ အျခားဟင္းသီးဟင္းရြက္မ်ားကို လာေရာက္ဝယ္ယူၾကၿပီး ေရႊဖ႐ုံသီးတစ္လုံးလၽွင္ အရြယ္အစားအလိုက္ ေငြက်ပ္ ၁၀၀၀ မွ ၄၀၀၀ က်ပ္အထိရရွိကာ ေရႊဖ႐ုံစိုက္ခင္း တစ္ဧကလၽွင္ အလုံေရ ၁၅၀၀ မွ ၂၀၀၀ ထြက္ရွိေၾကာင္း သိရသည္။

==========

မုဒုံမှာ ရွှေဖရုံ စျေးကောင်းလို တောင်သူတွေ အဆင်ပြေနေ

မွန်ပြည်နယ် မုဒုံမြိုတွင် မြိုအနီးပတ်ဝန်းကျင်နှင့် ကျေးရွာများ၌ စိုက်ပျိုးထားကြသည့် ဆောင်းသီးနှံများ ရိတ်သိမ်းချိန် ရွှေဖရုံသီးများ အောင်မြင်ဖြစ်ထွန်းပြီး စျေးကောင်းရရှိကာ တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

မုဒုံမြိုနယ်တွင် ဆောင်းသီးနှံများကို မိုးစပါးများရိတ်သိမ်းပြီးချိန် ဒီဇင်ဘာလမှစ၍ ပန်းဂေါ်ဖီ၊ ဖူးစားပြောင်း၊ ပဲတောက်ရှည်၊ခရမ်းသီး၊ မုန်လာဥဖြူ၊ ကြက်ဟင်းခါးသီး၊ဟင်းနုနယ်၊ ကျောက်ဖရုံသီး၊ ရွှေဖရုံသီး စသည့် ဟင်းသီးဟင်းများကို စိုက်ပျိုးကြကြောင်း၊ မြေတစ်နေရာတည်းတွင် သီးနှံတစ်မျိုးထဲ ဆက်တိုက်စိုက်ပျိုးပါက ပိုးမွှားရောဂါအန္တရာယ်များ ကျရောက်ဖျတ်စီးမှုများသဖြင့် သီးနှံအလှည့်ကျ စိုက်ပျိုးကြကြောင်း၊ ရွှေဖရုံပင်များကို စိုက်ပျိုးရာတွင် စိုက်ခင်းများရေမဝပ်စေရန် အထူးဂရုပြုရပြီး အပင်မစိုက်ခင် လယ်ယာမြေထယ်ထိုး၍ မြေပြုပြင်ရခြင်း၊သဘာဝဓာတ်မြေသြဇာများ စနစ်တကျထည့်သွင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ရကြောင်း၊ အပင်များကို များသောအားဖြင့် မြေပေါ်တွင် လျှောက်သွားစနစ်ဖြင့် စိုက်ပျိုးကြ၍ ရက် ၁၀၀ ခန့်အကြာတွင် စတင်ခူးဆွတ်နိုင်ကြောင်း မှိန်ကနိမ်ကျေးရွာနေ တောင်သူတစ်ဦးက ပြောသည်။

ရွှေဖရုံသီးများကို မြိုပေါ်စျေးများအပြင် အခြားဒေသများမှ ကုန်စိမ်းကုန်သည်များက ရွှေဖရုံသီးအပါအဝင် အခြားဟင်းသီးဟင်းရွက်များကို လာရောက်ဝယ်ယူကြပြီး ရွှေဖရုံသီးတစ်လုံးလျှင် အရွယ်အစားအလိုက် ငွေကျပ် ၁၀၀၀ မှ ၄၀၀၀ ကျပ်အထိရရှိကာ ရွှေဖရုံစိုက်ခင်း တစ်ဧကလျှင် အလုံရေ ၁၅၀၀ မှ ၂၀၀၀ ထွက်ရှိကြောင်း သိရသည်။