ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ပါတီတြင္းေဆြးေႏြးပြဲက်င္းပျပဳလုပ္
ေဖေဖာ္ဝါရီ ၂၊ ေနျပည္ေတာ္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီက ပါတီတြင္းေဆြးေႏြးပြဲကို အပတ္စဥ္ ဗုဒၶဟူးေန႔ နံနက္ ၀၉၃၀ အခ်ိန္တြင္ က်င္းပျပဳလုပ္လ်က္ရွိၿပီး (၁၅)ႀကိမ္ေျမာက္ ပါတီတြင္းေဆြးေႏြးပြဲကို ၂၀၂၄ ခုႏွစ္၊ ဇန္နဝါရီလ ၃၁ ရက္ေန႔တြင္ ပါတီဌာနခ်ဳပ္ရွိ ညီလာခံခန္းမ၌ ျပဳလုပ္ခဲ့ပါသည္။
ယေန႔ေဆြးေႏြးပြဲတြင္ “သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဆိုင္ရာ ေဆာင္ရြက္မႈမ်ား” ေခါင္းစဥ္ျဖင့္ ပါတီဗဟိုေကာ္မတီဝင္ ဦးရဲထြဋ္ေအာင္ ႏွင့္ ဗဟိုေကာ္မတီဝင္ ေဒၚနီနီမာတို႔ ဦးေဆာင္ေဆြးေႏြးခဲ့ၿပီး တက္ေရာက္လာၾကသူမ်ားမွ သစ္ေတာထိန္းသိမ္းေရး၊ ကာကြယ္ေရး၊ ပတ္ဝန္းက်င္ထိန္းသိမ္းေရး၊ ထင္းအစားထိုးေလာင္စာအသုံးျပဳေရး၊ အမွိုက္ပစ္မႈစနစ္ ထိန္းခ်ဳပ္ေရး၊ ႐ုပ္ႂကြင္း ေလာင္စာသုံးစြဲမႈေလ်ာ့ခ်ေရး၊ ေျမဆီလႊာပ်က္စီးမႈ၊ မ်ိဳးတုန္းေပ်ာက္ကြယ္ေတာ့မည့္ သက္ရွိဇီဝေတြရဲ့အေရး၊ လၽွပ္စစ္ယာဥ္မ်ား အသုံးျပဳလာမႈႏွင့္ မိမိတို႔ပါတီ အစိုးရတာဝန္ထမ္းေဆာင္ခဲ့စဥ္က အစိုးရအဖြဲ႕ႏွင့္လႊတ္ေတာ္အတြင္း သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဆိုင္ရာ ေဆာင္ရြက္ခ်က္မ်ား အပါအဝင္ မိမိတို႔အေတြ႕အၾကဳံ၊ ေလ့လာထားရွိသည့္ သုံးသပ္ခ်က္၊ အႀကံျပဳခ်က္မ်ားအား တင္ျပေဆြးေႏြးခဲ့ၾကပါသည္။
ထို႔ေနာက္ ပါတီအေထြေထြအတြင္းေရးမႉးႏွင့္ ဒုတိယဥကၠ႒မ်ားက သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး ကိစၥရပ္မ်ားႏွင့္ပတ္သက္သည့္ တင္ျပေဆြးေႏြးခ်က္မ်ားအေပၚ ျဖည့္စြက္ေဆြးေႏြးခဲ့ၿပီး ပါတီဥကၠ႒မွ နိဂုံးခ်ဳပ္အမွာစကားေျပာၾကားရာ “ ပတ္ဝန္းက်င္ထိန္းသိမ္းေရးႏွင့္ ဆက္ႏြယ္ေနတဲ့ ျပည္သူေတြ သက္ရွည္၊ က်န္းမာ၊ ႀကံ့ခိုင္စြာနဲ႔ စြမ္းအားျပည့္ဝတဲ့ နိုင္ငံ့သားေကာင္းေတြ ျဖစ္ေပၚလာေရး၊ ေလေကာင္းေလသန႔္၊ ေရေကာင္းေရသန႔္ ထိန္းသိမ္းေရးစနစ္၊ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ဓာတ္ေငြ႕ ထုတ္လႊတ္မႈထိန္းသိမ္းေရးစနစ္၊ ျမန္မာနိုင္ငံရဲ့ ပ်မ္းမၽွ သက္တမ္း၊ အိမ္နီးနားခ်င္း နိုင္ငံေတြနဲ႔ ႏွိုင္းယွဥ္ခ်က္၊ ကမၻာ့အသက္ရွည္ဆုံး နိုင္ငံေတြရဲ့ ပတ္ဝန္းက်င္ထိန္းသိမ္းမႈဆိုင္ရာလုပ္ငန္းမ်ား၊ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ဓာတ္ေငြ႕ ေလ်ာ့ခ်ေရးအစီအမံမ်ား၊ ျပန္လည္ျပည့္ၿဖိဳးျမဲစြမ္းအင္ ထိန္းသိမ္းေရး လုပ္ငန္းစဥ္မ်ား၊ Green City ၊ Smart City ျဖစ္ေရး အတြက္ ေဆာင္ရြက္ေနတဲ့ အစီအမံမ်ားႏွင့္ နိုင္ငံေရးပါတီတစ္ခုအေနျဖင့္ ျပည္သူလူထုအတြင္း နိုင္ငံအက်ိဳးစီးပြားကို အေထာက္အကူျပဳနိုင္တဲ့ ပတ္ဝန္းက်င္ထိန္းသိမ္းေရးလုပ္ငန္းစဥ္ေတြမွာ ျပည္သူလူထုနဲ႔အတူ ပူးေပါင္းပါဝင္ေစေရး၊ လႈံ႔ေဆာ္အသိပညာေပးေရး စတဲ့လုပ္ငန္းစဥ္ေတြမွာ ပူးေပါင္းပါဝင္ေရး ကိစၥရပ္မ်ားအား ” ရွင္းလင္းေျပာၾကားကာ ေဆြးေႏြးပြဲအား႐ုတ္သိမ္းခဲ့ပါသည္။
အဆိုပါ ပါတီတြင္းေဆြးေႏြးပြဲသို႔ ပါတီဥကၠ႒ ဦးခင္ရီ၊ ဒုတိယဥကၠ႒ ဦးျမတ္ဟိန္း၊ ဦးလွထြန္း၊ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး၊ တြဲဖက္အေထြေထြ အတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္၊ ဗဟိုအတြင္းေရးမႉးမ်ား၊ ဗဟိုအလုပ္အမႈေဆာင္မ်ား၊ ဗဟိုေကာ္မတီဝင္မ်ား၊ ဌာနခ်ဳပ္မႉးႏွင့္ ဌာနမႉးမ်ား၊ သက္ဆိုင္ရာတာဝန္ရွိသူမ်ားတက္ေရာက္ခဲ့ၾကပါသည္။
=========
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီတွင်းဆွေးနွေးပွဲကျင်းပပြုလုပ်
ဖေဖော်ဝါရီ ၂၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ပါတီတွင်းဆွေးနွေးပွဲကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ နံနက် ၀၉၃၀ အချိန်တွင် ကျင်းပပြုလုပ်လျက်ရှိပြီး (၁၅)ကြိမ်မြောက် ပါတီတွင်းဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ပါတီဌာနချုပ်ရှိ ညီလာခံခန်းမ၌ ပြုလုပ်ခဲ့ပါသည်။
ယနေ့ဆွေးနွေးပွဲတွင် “သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆောင်ရွက်မှုများ” ခေါင်းစဉ်ဖြင့် ပါတီဗဟိုကော်မတီဝင် ဦးရဲထွဋ်အောင် နှင့် ဗဟိုကော်မတီဝင် ဒေါ်နီနီမာတို့ ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများမှ သစ်တောထိန်းသိမ်းရေး၊ ကာကွယ်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ထင်းအစားထိုးလောင်စာအသုံးပြုရေး၊ အမှိုက်ပစ်မှုစနစ် ထိန်းချုပ်ရေး၊ ရုပ်ကြွင်း လောင်စာသုံးစွဲမှုလျော့ချရေး၊ မြေဆီလွှာပျက်စီးမှု၊ မျိုးတုန်းပျောက်ကွယ်တော့မည့် သက်ရှိဇီဝတွေရဲ့အရေး၊ လျှပ်စစ်ယာဉ်များ အသုံးပြုလာမှုနှင့် မိမိတို့ပါတီ အစိုးရတာဝန်ထမ်းဆောင်ခဲ့စဉ်က အစိုးရအဖွဲ့နှင့်လွှတ်တော်အတွင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဆောင်ရွက်ချက်များ အပါအဝင် မိမိတို့အတွေ့အကြုံ၊ လေ့လာထားရှိသည့် သုံးသပ်ချက်၊ အကြံပြုချက်များအား တင်ပြဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် ပါတီအထွေထွေအတွင်းရေးမှူးနှင့် ဒုတိယဥက္ကဋ္ဌများက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကိစ္စရပ်များနှင့်ပတ်သက်သည့် တင်ပြဆွေးနွေးချက်များအပေါ် ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပါတီဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားရာ “ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဆက်နွယ်နေတဲ့ ပြည်သူတွေ သက်ရှည်၊ ကျန်းမာ၊ ကြံ့ခိုင်စွာနဲ့ စွမ်းအားပြည့်ဝတဲ့ နိုင်ငံ့သားကောင်းတွေ ဖြစ်ပေါ်လာရေး၊ လေကောင်းလေသန့်၊ ရေကောင်းရေသန့် ထိန်းသိမ်းရေးစနစ်၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ထုတ်လွှတ်မှုထိန်းသိမ်းရေးစနစ်၊ မြန်မာနိုင်ငံရဲ့ ပျမ်းမျှ သက်တမ်း၊ အိမ်နီးနားချင်း နိုင်ငံတွေနဲ့ နှိုင်းယှဉ်ချက်၊ ကမ္ဘာ့အသက်ရှည်ဆုံး နိုင်ငံတွေရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာလုပ်ငန်းများ၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ လျော့ချရေးအစီအမံများ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထိန်းသိမ်းရေး လုပ်ငန်းစဉ်များ၊ Green City ၊ Smart City ဖြစ်ရေး အတွက် ဆောင်ရွက်နေတဲ့ အစီအမံများနှင့် နိုင်ငံရေးပါတီတစ်ခုအနေဖြင့် ပြည်သူလူထုအတွင်း နိုင်ငံအကျိုးစီးပွားကို အထောက်အကူပြုနိုင်တဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းစဉ်တွေမှာ ပြည်သူလူထုနဲ့အတူ ပူးပေါင်းပါဝင်စေရေး၊ လှုံ့ဆော်အသိပညာပေးရေး စတဲ့လုပ်ငန်းစဉ်တွေမှာ ပူးပေါင်းပါဝင်ရေး ကိစ္စရပ်များအား ” ရှင်းလင်းပြောကြားကာ ဆွေးနွေးပွဲအားရုတ်သိမ်းခဲ့ပါသည်။
အဆိုပါ ပါတီတွင်းဆွေးနွေးပွဲသို့ ပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များ၊ ဌာနချုပ်မှူးနှင့် ဌာနမှူးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။