ျပည္ခိုင္ၿဖိဳးပါတီ ရန္ကုန္တိုင္းေဒသႀကီး၏ (၇၆) ႀကိမ္ေျမာက္ လြတ္လပ္ေရးေန႔အား ဂုဏ္ျပဳေသာအားျဖင့္ စုေပါင္းေသြးလႉဒါန္းပြဲျပဳလုပ္

ရန္ကုန္ ဇန္နဝါရီ ၆

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံၿဖိဳးေရးပါတီ ရန္ကုန္တိုင္းေဒသႀကီး၏ (၇၆) ႀကိမ္ေျမာက္ လြတ္လပ္ေရးေန႔အား ဂုဏ္ျပဳေသာအာျဖင့္ စုေပါင္းေသြးလႉဒါန္းပြဲအား ဇႏၷဝါရီ ၆ရက္ေန႔ နံနက္(၈း၀၀)နာရီက ရန္ကုန္တိုင္းေဒသႀကီး မဂၤလာဒုံၿမိဳနယ္ တပ္မေတာ္အရိုးေရာဂါအထူးကုေဆး႐ုံႀကီး(ခုတင္၅၀၀) တြင္ က်င္းပျပဳလုပ္ခဲ့ၾကသည္။

ေရွးဦးစြာ ျပည္ခိုင္ၿဖိဳးပါတီရန္ကုန္တိုင္းေဒသႀကီး တိုင္းပါတီဥကၠဌ ဦးခင္ေမာင္စိုးႏွင့္ တပ္မေတာ္အရိုးေရာဂါအထူးကုေဆး႐ုံႀကီး(ခုတင္၅၀၀) တပ္မႉး ဗိုလ္မႉးခ်ဳပ္ ေက်ာ္ဇင္ညႊန္႔ႏွင့္ တပ္မေတာ္ ေဆးဘက္ဆိုင္ရာ အရာရွိမ်ားမွ စုေပါင္းေသြးလႉဒါန္းမႈအား လိုက္လံၾကည့္ရႈအားေပးခဲ့ၾကၿပီး ေစတနာရွင္ေသြးအလႉရွင္မ်ားအား အဟာရ ၾကက္ဥ ႏွင့္ ေဆးဝါးမ်ား ေထာက္ပံ့လႉဒါန္းေပးခဲ့ၾကသည္။

ထိုေနာက္ အစည္းအေဝးခန္း၌ တိုင္းပါတီဥကၠဌ ဦးခင္ေမာင္စိုးႏွင့္ဇနီးေဒၚနီနီ မိသားစုမွ (၁၀)သိန္းက်ပ္ႏွင့္ ရန္ကုန္တိုင္းျပည္ခိုင္ၿဖိဳးပါတီမွ (၁၀)သိန္း က်ပ္ ၊ စုစုေပါင္း က်ပ္သိန္း (၂၀) တိတိအား တပ္မေတာ္အရိုးေရာဂါအထူးကုေဆး႐ုံႀကီး(ခုတင္၅၀၀) တပ္မႉးဗိုလ္မႉးခ်ဳပ္ ေက်ာ္ဇင္ညႊန္႔ထံ ေပးအပ္လႉဒါန္းခဲ့ၾကၿပီး တပ္မႉးမွ ေက်းဇူးတင္ဂုဏ္ျပဳလႊာ ျပန္လည္ေပးအပ္ခဲ့ပါသည္။

အဆိုပါ ေသြးလႉဒါန္းပြဲသို ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံၿဖိဳးေရးပါတီ ရန္ကုန္တိုင္းေဒသႀကီး တိုင္းပါတီဥကၠဌဦးခင္ေမာင္စိုး တိုင္းေကာ္မတီဝင္မ်ားျဖစ္ၾကေသာ ဦးတင္ေမာင္ဝင္း၊ ေဒၚသင္းသင္းမိုး၊ ဦးေနဝင္း၊ လွည္းကူးခရိုင္ဥကၠဌ ဦးေအာင္မ်ိဳးနိုင္ႏွင့္ ခရိုင္ေကာ္မတီဝင္မ်ား မဂၤလာဒုံၿမိဳနယ္၊ လွည္ကူးၿမိဳနယ္၊ ေရႊျပည္သာၿမိဳတိုမွ ၿမိဳနယ္ ရပ္/ေက်း ပါတီဝင္မ်ားႏွင့္ ေစတနာေသြးအလႉရွင္ စုစုေပါင္း ( ၅၈ )ဦးတက္ေရာက္
လႉဒါန္းခဲ့ၾကသည္။

ရန္ကုန္တိုင္းေဒသႀကီးပါတီဥကၠ႒၏ဦးေဆာင္မႈျဖင့္ ဇီဝိတဒါနေသြးလႉဒါန္းျခင္းအား သက္ဆိုင္ရာ တိုင္း ၊ ခရိုင္ ၊ၿမိဳနယ္ ၊ ရပ္ကြက္/ေက်းရြာအုပ္စုမ်ားရွိ ပါတီဝင္မ်ားမွ လူမူပရဟိတအသင္းအဖြဲမ်ားႏွင့္ခ်ိတ္ဆက္၍လႉဒါန္းျခင္း ၊ နိုင္ငံေတာ္၏အထင္ကရေန႔ထူး ေန႔ျမတ္မ်ားတြင္လည္း စုေပါင္းလႉဒါန္းျခင္းမ်ားအား ေဆာင္ရြက္လၽွက္ရွိသည္။

=============

ပြည်ခိုင်ဖြိုးပါတီ ရန်ကုန်တိုင်းဒေသကြီး၏ (၇၆) ကြိမ်မြောက် လွတ်လပ်ရေးနေ့အား ဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲပြုလုပ်

ရန်ကုန် ဇန်နဝါရီ ၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး၏ (၇၆) ကြိမ်မြောက် လွတ်လပ်ရေးနေ့အား ဂုဏ်ပြုသောအာဖြင့် စုပေါင်းသွေးလှူဒါန်းပွဲအား ဇန္နဝါရီ ၆ရက်နေ့ နံနက်(၈း၀၀)နာရီက ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြိုနယ် တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး(ခုတင်၅၀၀) တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်ခိုင်ဖြိုးပါတီရန်ကုန်တိုင်းဒေသကြီး တိုင်းပါတီဥက္ကဌ ဦးခင်မောင်စိုးနှင့် တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး(ခုတင်၅၀၀) တပ်မှူး ဗိုလ်မှူးချုပ် ကျော်ဇင်ညွှန့်နှင့် တပ်မတော် ဆေးဘက်ဆိုင်ရာ အရာရှိများမှ စုပေါင်းသွေးလှူဒါန်းမှုအား လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး စေတနာရှင်သွေးအလှူရှင်များအား အဟာရ ကြက်ဥ နှင့် ဆေးဝါးများ ထောက်ပံ့လှူဒါန်းပေးခဲ့ကြသည်။

ထိုနောက် အစည်းအဝေးခန်း၌ တိုင်းပါတီဥက္ကဌ ဦးခင်မောင်စိုးနှင့်ဇနီးဒေါ်နီနီ မိသားစုမှ (၁၀)သိန်းကျပ်နှင့် ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီမှ (၁၀)သိန်း ကျပ် ၊ စုစုပေါင်း ကျပ်သိန်း (၂၀) တိတိအား တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး(ခုတင်၅၀၀) တပ်မှူးဗိုလ်မှူးချုပ် ကျော်ဇင်ညွှန့်ထံ ပေးအပ်လှူဒါန်းခဲ့ကြပြီး တပ်မှူးမှ ကျေးဇူးတင်ဂုဏ်ပြုလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။

အဆိုပါ သွေးလှူဒါန်းပွဲသို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး တိုင်းပါတီဥက္ကဌဦးခင်မောင်စိုး တိုင်းကော်မတီဝင်များဖြစ်ကြသော ဦးတင်မောင်ဝင်း၊ ဒေါ်သင်းသင်းမိုး၊ ဦးနေဝင်း၊ လှည်းကူးခရိုင်ဥက္ကဌ ဦးအောင်မျိုးနိုင်နှင့် ခရိုင်ကော်မတီဝင်များ မင်္ဂလာဒုံမြိုနယ်၊ လှည်ကူးမြိုနယ်၊ ရွှေပြည်သာမြိုတိုမှ မြိုနယ် ရပ်/ကျေး ပါတီဝင်များနှင့် စေတနာသွေးအလှူရှင် စုစုပေါင်း ( ၅၈ )ဦးတက်ရောက်
လှူဒါန်းခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ၏ဦးဆောင်မှုဖြင့် ဇီဝိတဒါနသွေးလှူဒါန်းခြင်းအား သက်ဆိုင်ရာ တိုင်း ၊ ခရိုင် ၊မြိုနယ် ၊ ရပ်ကွက်/ကျေးရွာအုပ်စုများရှိ ပါတီဝင်များမှ လူမူပရဟိတအသင်းအဖွဲများနှင့်ချိတ်ဆက်၍လှူဒါန်းခြင်း ၊ နိုင်ငံတော်၏အထင်ကရနေ့ထူး နေ့မြတ်များတွင်လည်း စုပေါင်းလှူဒါန်းခြင်းများအား ဆောင်ရွက်လျှက်ရှိသည်။