ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီဌာနခ်ဳပ္တြင္ “ၿဖိဳးေမတၱာ” ကိုယ္ထူကိုယ္ထ မူလတန္းႀကိဳေက်ာင္းဖြင့္လွစ္
ဇန္နဝါရီ ၅၊ ေနျပည္ေတာ္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးပါတီ ဒုတိယဥကၠ႒မ်ားျဖစ္ၾကသည့္ ဦးျမတ္ဟိန္း၊ ဦးလွထြန္းတို႔သည္ အဖြဲ႕ဝင္မ်ားႏွင့္အတူ ၂၀၂၄ ခုႏွစ္၊ ဇန္နဝါရီလ ၅ ရက္ေန႔ နံနက္ ၀၉၃၀ အခ်ိန္တြင္ ပါတီဌာနခ်ဳပ္အတြင္းတြင္ က်င္းပသည့္ “ၿဖိဳးေမတၱာ” ကိုယ္ထူကိုယ္ထ မူလတန္းႀကိဳေက်ာင္းဖြင့္ပြဲအခမ္းအနားသို႔ တက္ေရာက္ၿပီး ပါတီဒုတိယဥကၠ႒ ဦးျမတ္ဟိန္းက အဖြင့္အမွာစကားေျပာၾကားပါသည္။
၎ေနာက္ ပါတီဒုတိယဥကၠ႒မ်ားျဖစ္ၾကသည့္ ဦးျမတ္ဟိန္း၊ ဦးလွထြန္း၊ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအးတို႔သည္ ကိုယ္ထူကိုယ္ထ မူလတန္းႀကိဳေက်ာင္းအား ဖဲႀကိဳးျဖတ္၍ လည္းေကာင္း၊ ေက်ာင္းဆိုင္းဘုတ္အား စက္ခလုပ္ႏွိပ္၍လည္းေကာင္း ဖြင့္လွစ္ေပးခဲ့ၿပီး ဖြင့္ပြဲအခမ္းအနားကို ႐ုတ္သိမ္းခဲ့ပါသည္။ ထို႔ေနာက္မူလတန္းႀကိဳေက်ာင္းအတြင္း ကေလးမ်ား ေပ်ာ္ရႊင္စြာ ကစားေနမႈမ်ား၊ ကေလးမ်ားေဘးအႏၲရာယ္မရွိေစေရး ေက်ာင္းႏွင့္ဝန္းက်င္ သန႔္ရွင္းသာယာမႈရွိေစေရးအတြက္ လိုက္လံၾကည့္ရႈၿပီး တာဝန္ရွိသူမ်ားအား လိုအပ္သည္မ်ား မွာၾကားခဲ့ပါသည္။
အဆိုပါ ဖြင့္ပြဲအခမ္းအနားသို႔ ပါတီဒုတိယဥကၠ႒ ဦးျမတ္ဟိန္း၊ ပါတီဒုတိယဥကၠ႒ ဦးလွထြန္း၊ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး၊ တြဲဖက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္၊ ဗဟိုအတြင္းေရးမႉးမ်ား၊ ဗဟိုအလုပ္အမႈေဆာင္မ်ား၊ ဗဟိုေကာ္မတီဝင္မ်ား၊ ေနျပည္ေတာ္တိုင္း လူမႈဖူလုံေရးအဖြဲ႕မွ တာဝန္ရွိသူမ်ား၊ ဒကၡိဏသီရိၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနႏွင့္ ၿမိဳ႕နယ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီမွ တာဝန္ရွိသူမ်ား၊ ပါတီဌာနခ်ဳပ္ဦးစီး႐ုံးအဖြဲ႕ဝင္မ်ားႏွင့္ မိသားစုဝင္မ်ား၊ ဆရာ/ဆရာမမ်ား၊ ရင္ေသြးငယ္မ်ား တက္ေရာက္ခဲ့ၾကပါသည္။
==============
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်တွင် “ဖြိုးမေတ္တာ” ကိုယ်ထူကိုယ်ထ မူလတန်းကြိုကျောင်းဖွင့်လှစ်
ဇန်နဝါရီ ၅၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးမြတ်ဟိန်း၊ ဦးလှထွန်းတို့သည် အဖွဲ့ဝင်များနှင့်အတူ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့ နံနက် ၀၉၃၀ အချိန်တွင် ပါတီဌာနချုပ်အတွင်းတွင် ကျင်းပသည့် “ဖြိုးမေတ္တာ” ကိုယ်ထူကိုယ်ထ မူလတန်းကြိုကျောင်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ပါတီဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်းက အဖွင့်အမှာစကားပြောကြားပါသည်။
၎င်းနောက် ပါတီဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးတို့သည် ကိုယ်ထူကိုယ်ထ မူလတန်းကြိုကျောင်းအား ဖဲကြိုးဖြတ်၍ လည်းကောင်း၊ ကျောင်းဆိုင်းဘုတ်အား စက်ခလုပ်နှိပ်၍လည်းကောင်း ဖွင့်လှစ်ပေးခဲ့ပြီး ဖွင့်ပွဲအခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။ ထို့နောက်မူလတန်းကြိုကျောင်းအတွင်း ကလေးများ ပျော်ရွှင်စွာ ကစားနေမှုများ၊ ကလေးများဘေးအန္တရာယ်မရှိစေရေး ကျောင်းနှင့်ဝန်းကျင် သန့်ရှင်းသာယာမှုရှိစေရေးအတွက် လိုက်လံကြည့်ရှုပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ပါသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ပါတီဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ ပါတီဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များ၊ နေပြည်တော်တိုင်း လူမှုဖူလုံရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဒက္ခိဏသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ တာဝန်ရှိသူများ၊ ပါတီဌာနချုပ်ဦးစီးရုံးအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ဆရာ/ဆရာမများ၊ ရင်သွေးငယ်များ တက်ရောက်ခဲ့ကြပါသည်။