အိႏၵိယနိုင္ငံသို႔ ျမန္မာ့ေထာပတ္သီးကို ေရလမ္းေၾကာင္းမွ တင္ပို႔နိုင္ေရး ေဆာင္ရြက္လ်က္ရွိ
အိႏၵိယနိုင္ငံအေျခစိုက္ ေထာပတ္သီး ကုမၸဏီတစ္ခုမွ ျမန္မာ့ေထာပတ္သီးကို ဝယ္ယူရန္ ကမ္းလွမ္းထားၿပီး သယ္ယူပို႔ေဆာင္ စရိတ္သက္သာေစမည့္ ေရလမ္း ေၾကာင္းမွတင္ပို႔နိုင္ရန္ ေဆာင္ရြက္လ်က္ရွိေၾကာင္း ေထာပတ္သီးစိုက္ပ်ိဳး ထုတ္လုပ္ သူမ်ား၏ ေျပာျပခ်က္အရ သိရသည္။ျမန္မာနိုင္ငံမွထြက္ရွိသည့္ ပဲမ်ိဳးစုံႏွင့္ ေထာပတ္သီးတို႔ကို အိႏၵိယနိုင္ငံသံ႐ုံး၌ ျပဳလုပ္ခဲ့သည့္ ႏွစ္နိုင္ငံ သံတမန္ဆက္ဆံမႈ (၇၅) ႏွစ္ေျမာက္ အထိမ္းအမွတ္ပြဲတြင္ မိတ္ဆက္ျပသခဲ့ၿပီး အရည္အေသြးေကာင္းမြန္ေသာ Hass အမ်ိဳးအစား ေထာပတ္သီးကို ႏွစ္သက္ၾကသျဖင့္ အိႏၵိယနိုင္ငံမွ ဝယ္ယူရန္ ကမ္းလွမ္းခဲ့ေၾကာင္း သိရသည္။“အိႏၵိယနိုင္ငံက ေထာပတ္သီးဝယ္ဖို႔ ကမ္းလွမ္းထားတာရွိေတာ့ အဆင္ေျပဆုံးနဲ႔ စရိတ္အသက္သာဆုံး ျဖစ္မယ့္လမ္းေၾကာင္းကို စဥ္းစားရတာေပါ့။ ေလာေလာဆယ္ ေရလမ္းေၾကာင္းကေန စမ္းသပ္တင္ပို႔ဖို႔ လုပ္ေနပါတယ္”ဟု ေထာပတ္သီး စိုက္ပ်ိဳးထုတ္လုပ္သူ ဦးခြန္ထြန္းကေျပာသည္။ကမၻာ့ေဈးကြက္တြင္ ေထာပတ္သီး တစ္ကီလိုလၽွင္ အေမရိကန္ေဒၚလာ ငါးေဒၚလာအထိ ေဈးရရွိေနၿပီး ျပည္ပသို႔ ေလေၾကာင္းျဖင့္ ပို႔ေဆာင္စရိတ္မွာ တစ္ကီလိုလၽွင္ အေမရိကန္ေဒၚလာ သုံးေဒၚလာရွိသည့္အတြက္ ေရလမ္းေၾကာင္းမွ တင္ပို႔ရန္ ႀကိဳးပမ္းေနျခင္းျဖစ္ေၾကာင္း၊ ထို႔အတူ ေတာင္ႀကီးၿမိဳ႕၌ အေအးခန္းစက္႐ုံမ်ား တည္ေဆာက္နိုင္ရန္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕၊ ျမန္မာကုန္သြယ္မႈ ျမႇင့္တင္ေရးအဖြဲ႕ႏွင့္ ေထာပတ္သီးစိုက္ပ်ိဳး ထုတ္လုပ္သူမ်ား အသင္းတို႔ ပူးေပါင္း ေဆာင္ရြက္ေနေၾကာင္း သိရသည္။ျမန္မာနိုင္ငံ၌ ေဒသထြက္ေထာပတ္သီးႏွင့္ ကိုင္းဆက္အသီးဟူ၍ စိုက္ပ်ိဳးထုတ္လုပ္လ်က္ ရွိကာ ရွမ္းျပည္နယ္ေတာင္ပိုင္း၊ မႏၲေလးတိုင္းေဒသႀကီး၊ ကခ်င္ျပည္နယ္၊ ခ်င္းျပည္နယ္ႏွင့္ စစ္ကိုင္းတိုင္းေဒသႀကီး တို႔၌ စိုက္ပ်ိဳး ထုတ္လုပ္လ်က္ရွိၿပီး ျပည္ပသို႔ ရွမ္းျပည္နယ္ေတာင္ပိုင္းမွ ထြက္ရွိသည့္ ေထာပတ္သီးကို အမ်ားဆုံး တင္ပို႔လ်က္ရွိေၾကာင္း၊ ျမန္မာနိုင္ငံ၌ ေဒသထြက္ေထာပတ္သီးတန္ခ်ိန္ ၄၀၀၀ မွ ၅၀၀၀ အထိ ထြက္ရွိၿပီး ျပည္ပေဈးကြက္ဝင္ ကိုင္းဆက္ေထာပတ္သီး တန္ခ်ိန္ ၁၅၀၀ မွ ၂၅၀၀ အထိ ထြက္ရွိေၾကာင္း သိရသည္။
=================
အိန္ဒိယနိုင်ငံသို့ မြန်မာ့ထောပတ်သီးကို ရေလမ်းကြောင်းမှ တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိ
အိန္ဒိယနိုင်ငံအခြေစိုက် ထောပတ်သီး ကုမ္ပဏီတစ်ခုမှ မြန်မာ့ထောပတ်သီးကို ဝယ်ယူရန် ကမ်းလှမ်းထားပြီး သယ်ယူပို့ဆောင် စရိတ်သက်သာစေမည့် ရေလမ်း ကြောင်းမှတင်ပို့နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ထောပတ်သီးစိုက်ပျိုး ထုတ်လုပ် သူများ၏ ပြောပြချက်အရ သိရသည်။မြန်မာနိုင်ငံမှထွက်ရှိသည့် ပဲမျိုးစုံနှင့် ထောပတ်သီးတို့ကို အိန္ဒိယနိုင်ငံသံရုံး၌ ပြုလုပ်ခဲ့သည့် နှစ်နိုင်ငံ သံတမန်ဆက်ဆံမှု (၇၅) နှစ်မြောက် အထိမ်းအမှတ်ပွဲတွင် မိတ်ဆက်ပြသခဲ့ပြီး အရည်အသွေးကောင်းမွန်သော Hass အမျိုးအစား ထောပတ်သီးကို နှစ်သက်ကြသဖြင့် အိန္ဒိယနိုင်ငံမှ ဝယ်ယူရန် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။“အိန္ဒိယနိုင်ငံက ထောပတ်သီးဝယ်ဖို့ ကမ်းလှမ်းထားတာရှိတော့ အဆင်ပြေဆုံးနဲ့ စရိတ်အသက်သာဆုံး ဖြစ်မယ့်လမ်းကြောင်းကို စဉ်းစားရတာပေါ့။ လောလောဆယ် ရေလမ်းကြောင်းကနေ စမ်းသပ်တင်ပို့ဖို့ လုပ်နေပါတယ်”ဟု ထောပတ်သီး စိုက်ပျိုးထုတ်လုပ်သူ ဦးခွန်ထွန်းကပြောသည်။ကမ္ဘာ့ဈေးကွက်တွင် ထောပတ်သီး တစ်ကီလိုလျှင် အမေရိကန်ဒေါ်လာ ငါးဒေါ်လာအထိ ဈေးရရှိနေပြီး ပြည်ပသို့ လေကြောင်းဖြင့် ပို့ဆောင်စရိတ်မှာ တစ်ကီလိုလျှင် အမေရိကန်ဒေါ်လာ သုံးဒေါ်လာရှိသည့်အတွက် ရေလမ်းကြောင်းမှ တင်ပို့ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း၊ ထို့အတူ တောင်ကြီးမြို့၌ အအေးခန်းစက်ရုံများ တည်ဆောက်နိုင်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့နှင့် ထောပတ်သီးစိုက်ပျိုး ထုတ်လုပ်သူများ အသင်းတို့ ပူးပေါင်း ဆောင်ရွက်နေကြောင်း သိရသည်။မြန်မာနိုင်ငံ၌ ဒေသထွက်ထောပတ်သီးနှင့် ကိုင်းဆက်အသီးဟူ၍ စိုက်ပျိုးထုတ်လုပ်လျက် ရှိကာ ရှမ်းပြည်နယ်တောင်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး တို့၌ စိုက်ပျိုး ထုတ်လုပ်လျက်ရှိပြီး ပြည်ပသို့ ရှမ်းပြည်နယ်တောင်ပိုင်းမှ ထွက်ရှိသည့် ထောပတ်သီးကို အများဆုံး တင်ပို့လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၌ ဒေသထွက်ထောပတ်သီးတန်ချိန် ၄၀၀၀ မှ ၅၀၀၀ အထိ ထွက်ရှိပြီး ပြည်ပဈေးကွက်ဝင် ကိုင်းဆက်ထောပတ်သီး တန်ချိန် ၁၅၀၀ မှ ၂၅၀၀ အထိ ထွက်ရှိကြောင်း သိရသည်။