၂၀၂၄ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲေျဖဆိုမည့္ ေက်ာင္းသား/ေက်ာင္းသူ ၁၄၅,၀၀၀ ေက်ာ္ရွိ
ဒီဇင္ဘာ ၂၆
၂၀၂၄ ခုႏွစ္၊ မတ္လတြင္ က်င္းပမည့္ ၂၀၂၄ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲကို ဝင္ေရာက္ေျဖဆိုရန္ စာရင္းေပးသြင္းထားသူ ၁၄၅,၂၀၀ ဝန္းက်င္ရွိသည္ဟု ပညာ ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာညြန႔္ေဖ က ဒီဇင္ဘာလ ၂၃ ရက္က ေျပာၾကားခဲ့ပါသည္။
ယခုက်င္းပမည့္ တကၠသိုလ္ဝင္စာေမးပြဲမွာ စနစ္သစ္ပညာေရး၏ ပထမဆုံးတကၠသိုလ္ဝင္တန္း စာေမး ပြဲျဖစ္သည့္အတြက္ ဆရာ၊ ဆရာမမ်ားအေနႏွင့္ ေအာင္ျမင္စြာက်င္းပနိုင္ေရး ပိုမိုအေလးထား ေဆာင္ ရြက္ရမည္ဟု ဆိုပါသည္။
၂၀၂၄ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲကို မတ္လ ၁၁ ရက္မွ ၁၉ ရက္အထိ က်င္းပသြားမွာျဖစ္သည္ဟု ျမန္မာနိုင္ငံစာစစ္ဦးစီးဌာနက ထုတ္ျပန္ထားပါသည္။
ၿပီးခဲ့သည့္ ၂၀၂၃ ခုႏွစ္ စနစ္ေဟာင္း တကၠသိုလ္ဝင္စာေမးပြဲတြင္ ဝင္ေရာက္ေျဖဆိုသူ ၁၆၀,၀၀၀ ေက်ာ္ရွိခဲ့ၿပီး ေအာင္ျမင္သူ တစ္သိန္းတစ္ေသာင္းနီးပါး ရွိခဲ့သည္ဟု ပညာေရးဝန္ႀကီး ဌာနမွ သိရပါသည္။
============
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ကျောင်းသူ ၁၄၅,၀၀၀ ကျော်ရှိ
ဒီဇင်ဘာ ၂၆
၂၀၂၄ ခုနှစ်၊ မတ်လတွင် ကျင်းပမည့် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားသူ ၁၄၅,၂၀၀ ဝန်းကျင်ရှိသည်ဟု ပညာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ က ဒီဇင်ဘာလ ၂၃ ရက်က ပြောကြားခဲ့ပါသည်။
ယခုကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲမှာ စနစ်သစ်ပညာရေး၏ ပထမဆုံးတက္ကသိုလ်ဝင်တန်း စာမေး ပွဲဖြစ်သည့်အတွက် ဆရာ၊ ဆရာမများအနေနှင့် အောင်မြင်စွာကျင်းပနိုင်ရေး ပိုမိုအလေးထား ဆောင် ရွက်ရမည်ဟု ဆိုပါသည်။
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်မှ ၁၉ ရက်အထိ ကျင်းပသွားမှာဖြစ်သည်ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်ထားပါသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် စနစ်ဟောင်း တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသူ ၁၆၀,၀၀၀ ကျော်ရှိခဲ့ပြီး အောင်မြင်သူ တစ်သိန်းတစ်သောင်းနီးပါး ရှိခဲ့သည်ဟု ပညာရေးဝန်ကြီး ဌာနမှ သိရပါသည်။