နီေပါနိုင္ငံ၏ လၽွပ္စစ္ကားမ်ား တင္သြင္းမႈ သုံးဆနီးပါး ျမင့္တက္

ဒီဇင္ဘာ ၂၆

နီေပါနိုင္ငံ၏ လၽွပ္စစ္ေမာ္ေတာ္ကား တင္သြင္းမႈသည္ ဇူလိုင္လလယ္မွစတင္သည့္ ၂၀၂၃ – ၂၀၂၄ ဘ႑ာႏွစ္၏ ပထမ ငါးလတာကာလအတြင္း သုံးဆနီးပါး ျမင့္တက္လာခဲ့ေၾကာင္း နီေပါနိုင္ငံ အေကာက္ ခြန္ဦးစီးဌာနက ဒီဇင္ဘာ ၂၄ ရက္တြင္ သတင္းထုတ္ျပန္ခဲ့သည္။

ဒီဇင္ဘာလလယ္တြင္ လၽွပ္စစ္ကား စုစုေပါင္းအစီး ေရ ၃၆၈၆ စီး တင္သြင္းခဲ့ၿပီး ယခင္ဘ႑ာႏွစ္ အလား တူကာလ အတြင္း တင္သြင္းမႈ အစီးေရသည္ ၁၃၅၃ စီးရွိခဲ့ေၾကာင္း အဆိုပါအေကာက္ခြန္ဦးစီး ဌာန၏ စာရင္းမ်ားအရ သိရသည္။ ၎တို႔အနက္ ၂၂၉၇ စီးကို တ႐ုတ္နိုင္ငံမွ တင္သြင္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

နီေပါနိုင္ငံသည္ ၂၀၂၂-၂၀၂၃ ဘ႑ာႏွစ္တြင္ လၽွပ္စစ္ကား အစီးေရ ၄၀၅၀ တင္သြင္းခဲ့ၿပီး ၂၀၂၁ – ၂၀၂၂ ဘ႑ာႏွစ္တြင္ ၁၈၀၇ စီး တင္သြင္းခဲ့ေၾကာင္း နီေပါနိုင္ငံ အေကာက္ခြန္ဦးစီးဌာနက ေျပာၾကား သည္။

နီေပါနိုင္ငံသို႔ တင္သြင္းလာသည့္ လၽွပ္စစ္ကားမ်ားသည္ ပုဂၢလိကခရီးသည္တင္ယာဥ္ ေရာင္းခ်ရမႈအားလုံး၏ ၉၀ ရာခိုင္ႏႈန္းႏွင့္ ၂၀၃၀ ျပည့္ႏွစ္တြင္ ေလးဘီးတပ္ အမ်ားျပည္သူခရီးသည္တင္ယာဥ္ ေရာင္းခ်မႈ၏ ၆၀ ရာခိုင္ႏႈန္းအထိ ပါဝင္မည္ျဖစ္ ေၾကာင္း ဆင္ဟြာသတင္းအရ သိရသည္။

================

နီပေါနိုင်ငံ၏ လျှပ်စစ်ကားများ တင်သွင်းမှု သုံးဆနီးပါး မြင့်တက်

ဒီဇင်ဘာ ၂၆

နီပေါနိုင်ငံ၏ လျှပ်စစ်မော်တော်ကား တင်သွင်းမှုသည် ဇူလိုင်လလယ်မှစတင်သည့် ၂၀၂၃ – ၂၀၂၄ ဘဏ္ဍာနှစ်၏ ပထမ ငါးလတာကာလအတွင်း သုံးဆနီးပါး မြင့်တက်လာခဲ့ကြောင်း နီပေါနိုင်ငံ အကောက် ခွန်ဦးစီးဌာနက ဒီဇင်ဘာ ၂၄ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ဒီဇင်ဘာလလယ်တွင် လျှပ်စစ်ကား စုစုပေါင်းအစီး ရေ ၃၆၈၆ စီး တင်သွင်းခဲ့ပြီး ယခင်ဘဏ္ဍာနှစ် အလား တူကာလ အတွင်း တင်သွင်းမှု အစီးရေသည် ၁၃၅၃ စီးရှိခဲ့ကြောင်း အဆိုပါအကောက်ခွန်ဦးစီး ဌာန၏ စာရင်းများအရ သိရသည်။ ၎င်းတို့အနက် ၂၂၉၇ စီးကို တရုတ်နိုင်ငံမှ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နီပေါနိုင်ငံသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် လျှပ်စစ်ကား အစီးရေ ၄၀၅၀ တင်သွင်းခဲ့ပြီး ၂၀၂၁ – ၂၀၂၂ ဘဏ္ဍာနှစ်တွင် ၁၈၀၇ စီး တင်သွင်းခဲ့ကြောင်း နီပေါနိုင်ငံ အကောက်ခွန်ဦးစီးဌာနက ပြောကြား သည်။

နီပေါနိုင်ငံသို့ တင်သွင်းလာသည့် လျှပ်စစ်ကားများသည် ပုဂ္ဂလိကခရီးသည်တင်ယာဉ် ရောင်းချရမှုအားလုံး၏ ၉၀ ရာခိုင်နှုန်းနှင့် ၂၀၃၀ ပြည့်နှစ်တွင် လေးဘီးတပ် အများပြည်သူခရီးသည်တင်ယာဉ် ရောင်းချမှု၏ ၆၀ ရာခိုင်နှုန်းအထိ ပါဝင်မည်ဖြစ် ကြောင်း ဆင်ဟွာသတင်းအရ သိရသည်။