တရုတ်မှာ စမတ်ဖုန်း ရောင်းအား အများဆုံး ဖြစ်နေတဲ့ Xiaomi
Xiaomi ဟာ တရုတ်ရဲ့ စမတ်ဖုန်း ဈေးကွက်မှာ ဦးဆောင်နေပါတယ်။ Xiaomi ဟာ နိုဝင်ဘာလမှာ ရောင်းအားအကောင်းဆုံး ကုမ္ပဏီ စာရင်းမှာ နံပါတ် ၂ နေရာကို ရထားပါတယ်။ စမတ်ဖုန်း ဈေးကွက်ဝေစုမှာ ၁၈.၃ ရာခိုင်နှုန်းရထားပါတယ်။ Xiaomi ဟာ နိုဝင်ဘာလမှာ စမတ်ဖုန်း ၅.၂ သန်း ရောင်းချနိုင်ခဲ့ပြီး အရင်နှစ်ကထက် ရောင်းအား ၄၄ ရာခိုင်နှုန်း တိုးတက်လာပါတယ်။
နံပါတ် ၁ နေရာကို ဆရာကြီး Apple က သိမ်းပိုက်ထားပါတယ်။ နိုဝင်ဘာလရဲ့ နောက်ဆုံးရက်တွေမှာ Xiaomi ဟာ Apple ရဲ့ ရောင်းအားထက်တောင်များခဲ့ပါသေးတယ်။ ၁ လလုံးကို နှိုင်းယှဉ်ရင်တော့ Apple နဲ့ Xiaomi ရဲ့ ရောင်းအားဟာ ကွာခြားနေပါတယ်။
Honor က ဖုန်း ၄ သန်း ရောင်းချထားနိုင်ပြီး နံပါတ် ၃ နေရာကို ရထားပါတယ်။ Huawei က နံပါတ် ၄ နေရာကို ရထားပြီး အရင်နှစ်ကထက် ရောင်းအား ၇၄ ရာခိုင်နှုန်း ပိုများလာပါတယ်။ vivo က နံပါတ် ၅ နေရာမှာ ရှိနေပါတယ်။
vivo , OnePlus နဲ့ realme တို့ရဲ့ ရောင်းအားကတော့ အရင်နှစ်ကထက် ကျဆင်းသွားပါတယ်။ ဒီဇင်ဘာလဟာလည်း ပွဲတော်ရာသီ ဖြစ်တဲ့အတွက် တရုတ်မှာ စမတ်ဖုန်း ရောင်းအား ဆက်လက်ကောင်းနေမယ်လို့ ထင်ပါတယ်။
ref : gizmochina
====================