ဂါနာခ်ိဳ၏သြင္းဂိုး တစ္ရာသီအတြင္းအေကာင္းဆုံးဂိုး ျဖစ္လိမ့္မည္ဟု နည္းျပတန္ဟတ္ဂ္သုံးသပ္

နိုဝင္ဘာ ၂၈

မန္ယူအသင္းနည္းၿပ အဲရစ္တန္ဟက္ဂ္က အဲဗာတန္အသင္းႏွင့္ပြဲ၌ ေနာက္ျပန္ကန္ခ်က္ျဖင့္ လွလွပပသြင္းယူခဲ့သည့္ ဂါနာခ်ိဳ၏သြင္းဂိုးမွာ ယခုရာသီအတြက္ အေကာင္းဆုံးဂိုးျဖစ္နိုင္ၿပီး ၎အေနျဖင့္ ကမၻာ့အေကာင္းဆုံးကစားသမားျဖစ္လာရန္ အလားအလာရွိေၾကာင္း ခ်ီးက်ဴးေျပာၾကားသုံးသပ္ခဲ့ပါတယ္။

မေန႔ညက ကစားခဲ့တဲ့ အဲဗာတန္နဲ႔ပြဲမွာ မန္ယူအသင္းက အေဝးကြင္း၌ (၀-၃) ဂိုးနဲ႔ အနိုင္ရခဲ့ၿပီး ဂါနာခ်ိဳက ပြဲခ်ိန္ ၃ မိနစ္မွာပဲ ၁၅ ကိုက္အကြာကေန ေနာက္ျပန္ကန္ခ်က္နဲ႔ ဦးေဆာင္ဂိုးသြင္းခဲ့တာလည္းျဖစ္ပါတယ္။

အသက္ ၁၉ ႏွစ္ရွိ ဂါနာခ်ိဳက အဲဗာတန္အသင္း၏ ဂူဒီဆင္ပါ့ခ္ကြင္း၌ကစားသည့္ ပရီးမီးယားလိဂ္ပြဲစဥ္မ်ားတြင္ ဂိုးသြင္းဖူးသည့္ မန္ယူအသင္းကစားသမားမ်ားအနက္ ၂၀၀၅ ခုႏွစ္ ၾသဂုတ္တြင္ ဝိန္းရြန္နီ စံခ်ိန္တင္ထားသည့္ ၁၉ ႏွစ္၊ ၂၉၃ ရက္ကိုေက်ာ္ျဖတ္၍ အသက္အငယ္ဆုံးစံခ်ိန္တင္ခဲ့ေၾကာင္းလည္း သိရပါတယ္။

================

ဂါနာချို၏သွင်းဂိုး တစ်ရာသီအတွင်းအကောင်းဆုံးဂိုး ဖြစ်လိမ့်မည်ဟု နည်းပြတန်ဟတ်ဂ်သုံးသပ်

နိုဝင်ဘာ ၂၈

မန်ယူအသင်းနည်းပြ အဲရစ်တန်ဟက်ဂ်က အဲဗာတန်အသင်းနှင့်ပွဲ၌ နောက်ပြန်ကန်ချက်ဖြင့် လှလှပပသွင်းယူခဲ့သည့် ဂါနာချို၏သွင်းဂိုးမှာ ယခုရာသီအတွက် အကောင်းဆုံးဂိုးဖြစ်နိုင်ပြီး ၎င်းအနေဖြင့် ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်လာရန် အလားအလာရှိကြောင်း ချီးကျူးပြောကြားသုံးသပ်ခဲ့ပါတယ်။

မနေ့ညက ကစားခဲ့တဲ့ အဲဗာတန်နဲ့ပွဲမှာ မန်ယူအသင်းက အဝေးကွင်း၌ (၀-၃) ဂိုးနဲ့ အနိုင်ရခဲ့ပြီး ဂါနာချိုက ပွဲချိန် ၃ မိနစ်မှာပဲ ၁၅ ကိုက်အကွာကနေ နောက်ပြန်ကန်ချက်နဲ့ ဦးဆောင်ဂိုးသွင်းခဲ့တာလည်းဖြစ်ပါတယ်။

အသက် ၁၉ နှစ်ရှိ ဂါနာချိုက အဲဗာတန်အသင်း၏ ဂူဒီဆင်ပါ့ခ်ကွင်း၌ကစားသည့် ပရီးမီးယားလိဂ်ပွဲစဉ်များတွင် ဂိုးသွင်းဖူးသည့် မန်ယူအသင်းကစားသမားများအနက် ၂၀၀၅ ခုနှစ် သြဂုတ်တွင် ဝိန်းရွန်နီ စံချိန်တင်ထားသည့် ၁၉ နှစ်၊ ၂၉၃ ရက်ကိုကျော်ဖြတ်၍ အသက်အငယ်ဆုံးစံချိန်တင်ခဲ့ကြောင်းလည်း သိရပါတယ်။