

===============

ကျောင်းကုန်း မြို့နယ် လူငယ်တွေ့ဆုံပွဲသို့ လူငယ်ရေးရာတာဝန်ခံ ဗဟိုအလုပ်အမှုဆောင်များတက်ရောက်

၉.၁၁.၂၀၂၃ နေ့ ၁၄း၀၀နာရီတွင် ကျောင်းကုန်းမြို့နယ်ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီစည်းဝေးခန်းမ၌Project Cycle Managementလူငယ်အကဲဖြတ်သုံးသပ်ရေးဗဟိုအဖွဲ့ကွင်းဆင်းဆောင်ရွက်မှု့လုပ်ငန်းစဉ်အတွက် လူငယ်​တွေ့ဆုံပွဲအား ဗဟိုလူငယ်ရေးရာတာဝန်ခံ ဒေါက်တာအောင်မြတ်ဦး၊အောက်မြန်မာနိုင်ငံလူငယ်တာဝန်ခံ ဒေါ်သိင်္ဂီဝင်းရွှေ၊တိုင်းပါတီဥက္ကဌဦးသိန်းထွန်း၊ တိုင်းလူငယ်ရေးရာတာဝန်ခံ၊ဒေါက်တာ ထိန်ဝင်း၊(ခရိုင်တာဝန်ခံ)နှင့်တိုင်း​ကော်မတီဝင်များ၊ကျုံ​ပျော်ခရိုင်ဥက္ကဌဦးမြင့်ကြိုင်နှင့်​ကော်မတီဝင်များ၊ကျောင်းကုန်းမြို့နယ်ပါတီဥက္ကဌဦးကျော်ဝင်းစိန်နှင့်ကော်မတီဝင်များ First Time Voterများ၊ပါတီဝန်းရံလူငယ်မျာတိုင်းရင်း သား လူငယ်များ၊ပါတီအမာခံလူငယ်များ (၁၀၀)ဦး တက် ရောက်ကြပါသည်။
တက်ရောက်လာသူလူငယ်များ၏မေးမြန်း​ဆွေးနွေးမှုများအား ဗဟိုလူငယ်တာဝန်ခံဒေါက်တာအောင်မြတ်ဦးနှင့် တိုင်းလူငယ်တာဝန်ခံဒေါက်တာထိန်ဝင်း တိုင်းပါတီဥက္ကဌဦးသိန်းထွန်းတို့မှ လက်ရှိ​ဆောင်ရွက်နိုင်မှု့ တင်ပြနိုင်မှု့ ဆက်စပ်​ဆောင်ရွက်နိုင်မှု့များကိုဖြေကြားပြီး ညနေ၁၆း၀၀ တွင်အောင်မြင်စွာတွေ့ဆုံပြီးစီးပါသည်။