တရားမဝင္ သစ္မ်ိဳးစုံ၊ စက္သုံးဆီမ်ား၊ လုပ္ငန္းသုံးပစၥည္းမ်ား၊ လူသုံးကုန္ပစၥည္းမ်ားႏွင့္ ယာဥ္မ်ား သိမ္းဆည္းရမိ
နိုဝင္ဘာ ၇
တရားမဝင္ကုန္သြယ္မႈတိုက္ဖ်က္ေရး ဦး ေဆာင္ေကာ္မတီ၏ ႀကီးၾကပ္ကြပ္ကဲမႈျဖင့္ တရားမဝင္ ကုန္ သြယ္မႈမ်ားကို ဥပေဒႏွင့္အညီ ထိေရာက္စြာတားဆီး အေရးယူနိုင္ေရးေဆာင္ရြက္လ်က္ရွိရာ နိုဝင္ဘာ ၅ ရက္တြင္ စစ္ကိုင္းတိုင္းေဒသႀကီး တရားမဝင္ ကုန္ သြယ္မႈတိုက္ဖ်က္ေရးအထူးအဖြဲ႕၏ စီမံခန႔္ခြဲမႈျဖင့္ တာဝန္က်ပူး ေပါင္းအဖြဲ႕က စစ္ေဆးမႈမ်ား ေဆာင္ရြက္ရာတြင္ မုံရြာၿမိဳ႕ ေအးသာယာရပ္ကြက္၌ သုံးဘီး ယာဥ္ ႏွစ္စီးေပၚမွ တရားဝင္စာရြက္စာတမ္း အေထာက္ အထားတင္ျပနိုင္ျခင္းမရွိသည့္ ဒီဇယ္ဆီ(ခ်က္ဆီ) ပီပါ ၁၅ လုံး စုစုေပါင္း(ခန႔္မွန္းတန္ဖိုးေငြ က်ပ္ ၂,၈၈၀,၀၀၀)ကို သိမ္းဆည္းရမိခဲ့ၿပီး ေရနံ ႏွင့္ ေရနံထြက္ပစၥည္းဆိုင္ရာဥပေဒအရ အေရးယူေဆာင္ရြက္လ်က္ရွိသည္။
ထို႔အျပင္ နိုဝင္ဘာ ၅ ရက္တြင္ မႏၲေလးတိုင္းေဒသႀကီး တရားမဝင္ကုန္သြယ္မႈ တိုက္ဖ်က္ေရးအထူးအဖြဲ႕၏ စီမံခန႔္ခြဲမႈျဖင့္ တာဝန္က်ပူးေပါင္း အဖြဲ႕က စစ္ေဆးမႈမ်ားေဆာင္ရြက္ခဲ့ရာ ေအာင္ေျမသာစံၿမိဳ႕နယ္၊ ေညာင္ကြဲရပ္ကြက္ ထက္ေဝယံကားဂိတ္၌ ရပ္တန႔္ထားေသာ ယာဥ္တစ္စီးေပၚမွတရားဝင္ စာရြက္စာတမ္းအေထာက္အထား တင္ ျပနိုင္ျခင္းမရွိသည့္ Brush Cutter ျမက္ျဖတ္စက္ ၂၃၂လုံး အပါ အဝင္ ကုန္ပစၥည္းသုံးမ်ိဳး (ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၁၈,၃၆၀,၀၀၀)ႏွင့္အဆိုပါပစၥည္းမ်ားတင္ေဆာင္လာသည့္ Mitsubishi Canter တစ္စီး(ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၁၂,၀၀၀,၀၀၀) စုစုေပါင္း(ခန႔္မွန္းတန္ဖိုး ေငြက်ပ္
၃၀,၃၆၀,၀၀၀)ကို သိမ္းဆည္းရမိခဲ့ၿပီး အေကာက္ခြန္လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ အေရးယူေဆာင္ရြက္လ်က္ရွိသည္။
ထို႔အျပင္ နိုဝင္ဘာ ၆ ရက္တြင္ ပဲခူးတိုင္းေဒသႀကီး တရားမဝင္ကုန္သြယ္မႈတိုက္ဖ်က္ေရး အထူးအဖြဲ႕၏စီမံခန႔္ခြဲမႈျဖင့္ တာဝန္က်ပူးေပါင္း အဖြဲ႕မ်ားက စစ္ေဆးမႈမ်ားေဆာင္ရြက္ခဲ့ရာ ဘုရားႀကီးၿမိဳ႕၊ ေရႊသံလြင္တိုးဂိတ္အနီး၌ ျမဝတီမွမႏၲေလးသို႔ သြား ေရာက္မည့္ယာဥ္တစ္စီးႏွင့္ ျမဝတီမွ ရန္ကုန္သို႔ သြားေရာက္မည့္ ယာဥ္တစ္စီးတို႔ ေပၚမွတရားဝင္စာရြက္စာတမ္းအေထာက္အထား တင္ျပနိုင္ျခင္းမရွိသည့္ Solex Door Lock အခု ၁၂၀၀၊ APP Toilet Commode အိမ္သာေႂကြခြက္ ၈၀(ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၂၀,၄၀၀,၀၀၀)၊ အဆိုပါပစၥည္းမ်ား တင္ေဆာင္လာသည့္ Diamond Truck တစ္စီး Mitsubishi Fuso Truck တစ္စီး (ခန႔္မွန္းတန္ဖိုး ေငြက်ပ္
၅၀,၀၀၀,၀၀၀) ကို အေကာက္ခြန္ လုပ္ထုံးလုပ္ နည္းမ်ားအရ လည္းေကာင္း၊ ေတာင္ငူခရိုင္အတြင္း၌ တရားမဝင္ ကၽြန္းသစ္ ၁၄ ဒသမ ၇၆၁ တန္ (ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၄,၀၅၂,၇၆၈) ကိုသစ္ေတာဥပေဒအရလည္းေကာင္း စုစုေပါင္း (ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၇၄,၄၅၂,၇၆၈)ကို သိမ္းဆည္းအေရးယူ ေဆာင္ရြက္လ်က္ရွိသည္။
ထို႔အျပင္ နိုဝင္ဘာ ၆ ရက္တြင္ အေကာက္ခြန္ဦးစီးဌာန၏ စီမံခန႔္ခြဲမႈျဖင့္ တာဝန္က် ပူး ေပါင္းအဖြဲ႕က စစ္ေဆးမႈမ်ားေဆာင္ရြက္ခဲ့ရာ ေကာ့ရိတ္(တံတား က်ိဳး) စုေပါင္းစစ္ေဆးေရးစခန္း၌ ယာဥ္တစ္စီးေပၚမွ တရားဝင္စာရြက္စာတမ္းအေထာက္အထား တင္ျပနိုင္ျခင္းမရွိသည့္ သြားတိုက္တံအေခ်ာင္း ၃၆၀၀၊ Accord လၽွပ္စစ္ပန္ကာ ၁၅ လုံး၊ DRC ဆိုင္ကယ္တာယာ အလုံး ၂၀၀ (ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၄,၁၀၀,၀၀၀) ႏွင့္ အဆိုပါပစၥည္းမ်ား တင္ေဆာင္လာသည့္ Toyota Hiace တစ္စီး(ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၃၀,၀၀၀,၀၀၀) စုစုေပါင္း (ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၃၄,၁၀၀,၀၀၀)ကို သိမ္းဆည္းရမိခဲ့ၿပီး အေကာက္ခြန္လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီအေရးယူ ေဆာင္ရြက္လ်က္ရွိသည္။
သို႔ျဖစ္ပါ၍ နိုဝင္ဘာ ၅ ရက္ႏွင့္ ၆ ရက္တို႔တြင္ သိမ္းဆည္းရမိမႈစုစုေပါင္းမွာ အမႈတြဲ ၁၁ မႈ၊ (ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၁၄၁,၇၉၂,၇၆၈)ျဖစ္ေၾကာင္း တရားမဝင္ကုန္သြယ္မႈ တိုက္ဖ်က္ေရး ဦးေဆာင္ေကာ္မတီမွ သိရသည္။
=====================
တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် ယာဉ်များ သိမ်းဆည်းရမိ
နိုဝင်ဘာ ၇
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦး ဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန် သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီး အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၅ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန် သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူး ပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မုံရွာမြို့ အေးသာယာရပ်ကွက်၌ သုံးဘီး ယာဉ် နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက် အထားတင်ပြနိုင်ခြင်းမရှိသည့် ဒီဇယ်ဆီ(ချက်ဆီ) ပီပါ ၁၅ လုံး စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေ ကျပ် ၂,၈၈၀,၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး ရေနံ နှင့် ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် နိုဝင်ဘာ ၅ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက် ထက်ဝေယံကားဂိတ်၌ ရပ်တန့်ထားသော ယာဉ်တစ်စီးပေါ်မှတရားဝင် စာရွက်စာတမ်းအထောက်အထား တင် ပြနိုင်ခြင်းမရှိသည့် Brush Cutter မြက်ဖြတ်စက် ၂၃၂လုံး အပါ အဝင် ကုန်ပစ္စည်းသုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈,၃၆၀,၀၀၀)နှင့်အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Mitsubishi Canter တစ်စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂,၀၀၀,၀၀၀) စုစုပေါင်း(ခန့်မှန်းတန်ဖိုး ငွေကျပ်
၃၀,၃၆၀,၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် နိုဝင်ဘာ ၆ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဘုရားကြီးမြို့၊ ရွှေသံလွင်တိုးဂိတ်အနီး၌ မြဝတီမှမန္တလေးသို့ သွား ရောက်မည့်ယာဉ်တစ်စီးနှင့် မြဝတီမှ ရန်ကုန်သို့ သွားရောက်မည့် ယာဉ်တစ်စီးတို့ ပေါ်မှတရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Solex Door Lock အခု ၁၂၀၀၊ APP Toilet Commode အိမ်သာကြွေခွက် ၈၀(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၄၀၀,၀၀၀)၊ အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Diamond Truck တစ်စီး Mitsubishi Fuso Truck တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ်
၅၀,၀၀၀,၀၀၀) ကို အကောက်ခွန် လုပ်ထုံးလုပ် နည်းများအရ လည်းကောင်း၊ တောင်ငူခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ် ၁၄ ဒသမ ၇၆၁ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၀၅၂,၇၆၈) ကိုသစ်တောဥပဒေအရလည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၄,၄၅၂,၇၆၈)ကို သိမ်းဆည်းအရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် နိုဝင်ဘာ ၆ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူး ပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကော့ရိတ်(တံတား ကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် သွားတိုက်တံအချောင်း ၃၆၀၀၊ Accord လျှပ်စစ်ပန်ကာ ၁၅ လုံး၊ DRC ဆိုင်ကယ်တာယာ အလုံး ၂၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၁၀၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Hiace တစ်စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄,၁၀၀,၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီအရေးယူ ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ နိုဝင်ဘာ ၅ ရက်နှင့် ၆ ရက်တို့တွင် သိမ်းဆည်းရမိမှုစုစုပေါင်းမှာ အမှုတွဲ ၁၁ မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၁,၇၉၂,၇၆၈)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။