တူကီယဲနိုင္ငံက လၽွပ္စစ္ကားေဈးကြက္ႀကီးထြားလာေစရန္ ရည္ရြယ္လ်က္ရွိ

 

နိုဝင္ဘာ ၆

တူကီယဲနိုင္ငံသည္ ၿပီးခဲ့သည့္ႏွစ္က နိုင္ငံ၏ ျပည္ တြင္း၌ ပထမဆုံးထုတ္လုပ္ေသာ လၽွပ္စစ္ကား TOGG ကို မိတ္ဆက္ၿပီးေနာက္ လၽွပ္စစ္ကား(EV) ေဈးကြက္ကို လ်င္ျမန္စြာ ႀကီးထြားလာေစရန္ လုပ္ေဆာင္လ်က္ရွိေၾကာင္း နိုဝင္ဘာ ၄ ရက္တြင္ တူကီယသမၼတ အာဒိုဂန္က ေျပာၾကားသည္။

တူကီယဲနိုင္ငံ အေနာက္ေျမာက္ပိုင္း ကိုကာအီလီျပည္နယ္ရွိ ကားစက္႐ုံ ဖြင့္ပြဲအခမ္းအနားတြင္ လက္ရွိ လၽွပ္စစ္ကားကုမၸဏီမ်ားၾကား ၿပိဳင္ဆိုင္မႈျပင္းထန္လ်က္ရွိၿပီး ေဈးကြက္အတြင္းသို႔ အမ်ိဳးအစားအသစ္ မ်ား ေရာက္ရွိလာလိမ့္မည္ ျဖစ္ ေၾကာင္း အာဒိုဂန္က အႀကံျပဳခဲ့သည္။

မိမိတို႔၏ ရည္မွန္းခ်က္မွာ တူကီယဲနိုင္ငံအား လၽွပ္စစ္ကားႏွင့္ ဘက္ထရီထုတ္လုပ္မႈတြင္ ကမၻာ့ထိပ္တန္းနိုင္ငံမ်ားထဲတြင္ တစ္နိုင္ငံျဖစ္လာေစရန္ ျဖစ္ေၾကာင္း ၎က ေျပာၾကားခဲ့သည္။တူကီယဲနိုင္ငံ၌ လၽွပ္စစ္ကားမ်ားအား စိတ္ဝင္စားမႈ တိုးလာလ်က္ရွိၿပီး တူကီယဲနိုင္ငံအေနျဖင့္ လၽွပ္စစ္ကားေဈးကြက္တြင္ ရင္းႏွီးျမႇုပ္ႏွံမႈမ်ား လုပ္ ေဆာင္မႈသည္ အထူးအေရးပါလာေၾကာင္းလည္း တူကီယဲနိုင္ငံ သမၼတ အာဒိုဂန္က ေျပာၾကား သည္။

စက္တင္ဘာလတြင္ ထုတ္ျပန္ခဲ့သည့္ ေမာ္ ေတာ္ကားျဖန႔္ျဖဴးသူမ်ားႏွင့္ ေရြ႕လ်ားသြားလာေရးအဖြဲ႕၏ အခ်က္အလက္မ်ားအရ တူကီယဲနိုင္ငံတြင္ ယခုႏွစ္ ဇန္နဝါရီလမွ ၾသဂုတ္လအထိ လၽွပ္စစ္ကားအစီးေရ ၂၂၉၀၀ ခန႔္ ေရာင္းခ်ခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။
Source; Xinhua

=====================

တူကီယဲနိုင်ငံက လျှပ်စစ်ကားဈေးကွက်ကြီးထွားလာစေရန် ရည်ရွယ်လျက်ရှိ

နိုဝင်ဘာ ၆

တူကီယဲနိုင်ငံသည် ပြီးခဲ့သည့်နှစ်က နိုင်ငံ၏ ပြည် တွင်း၌ ပထမဆုံးထုတ်လုပ်သော လျှပ်စစ်ကား TOGG ကို မိတ်ဆက်ပြီးနောက် လျှပ်စစ်ကား(EV) ဈေးကွက်ကို လျင်မြန်စွာ ကြီးထွားလာစေရန် လုပ်ဆောင်လျက်ရှိကြောင်း နိုဝင်ဘာ ၄ ရက်တွင် တူကီယသမ္မတ အာဒိုဂန်က ပြောကြားသည်။

တူကီယဲနိုင်ငံ အနောက်မြောက်ပိုင်း ကိုကာအီလီပြည်နယ်ရှိ ကားစက်ရုံ ဖွင့်ပွဲအခမ်းအနားတွင် လက်ရှိ လျှပ်စစ်ကားကုမ္ပဏီများကြား ပြိုင်ဆိုင်မှုပြင်းထန်လျက်ရှိပြီး ဈေးကွက်အတွင်းသို့ အမျိုးအစားအသစ် များ ရောက်ရှိလာလိမ့်မည် ဖြစ် ကြောင်း အာဒိုဂန်က အကြံပြုခဲ့သည်။

မိမိတို့၏ ရည်မှန်းချက်မှာ တူကီယဲနိုင်ငံအား လျှပ်စစ်ကားနှင့် ဘက်ထရီထုတ်လုပ်မှုတွင် ကမ္ဘာ့ထိပ်တန်းနိုင်ငံများထဲတွင် တစ်နိုင်ငံဖြစ်လာစေရန် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။တူကီယဲနိုင်ငံ၌ လျှပ်စစ်ကားများအား စိတ်ဝင်စားမှု တိုးလာလျက်ရှိပြီး တူကီယဲနိုင်ငံအနေဖြင့် လျှပ်စစ်ကားဈေးကွက်တွင် ရင်းနှီးမြှုပ်နှံမှုများ လုပ် ဆောင်မှုသည် အထူးအရေးပါလာကြောင်းလည်း တူကီယဲနိုင်ငံ သမ္မတ အာဒိုဂန်က ပြောကြား သည်။

စက်တင်ဘာလတွင် ထုတ်ပြန်ခဲ့သည့် မော် တော်ကားဖြန့်ဖြူးသူများနှင့် ရွေ့လျားသွားလာရေးအဖွဲ့၏ အချက်အလက်များအရ တူကီယဲနိုင်ငံတွင် ယခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ လျှပ်စစ်ကားအစီးရေ ၂၂၉၀၀ ခန့် ရောင်းချခဲ့ပြီးဖြစ်ကြောင်း သိရသည်။
Source; Xinhua