Thai Fight ေမြထိုင္းလက္ေဝွ႕ပြဲတြင္ ကယန္းလက္ေဝွ႕မယ္ ဘေရာ္နီကာ အနိုင္ရ

ေအာက္တိုဘာ ၃၁

ထိုင္းနိုင္ငံ ေလာ့ပ္ဘူရီၿမိဳ႕၌ ေအာက္တိုဘာ ၂၉ ရက္ ညေနပိုင္းက က်င္းပခဲ့သည့္ Thai Fight ကလပ္၏ ေမြထိုင္းလက္ေဝွ႕ စိန္ေခၚပြဲတြင္ ကယန္းလက္ေဝွ႕မယ္ ဘေရာ္နီကာက ထိုင္းလက္ေဝွ႕မယ္ ဖယာဆင္ကို သုံးခ်ီအထိ ယွဥ္ၿပိဳင္ ထိုးသတ္ခဲ့ၿပီးေနာက္ အမွတ္ျဖင့္ အနိုင္ရရွိခဲ့သည္။

အဆိုပါပြဲသည္ ဘေရာ္နီကာအတြက္ ၿပိဳင္ပြဲႏွင့္ ေလးလၾကာ ေဝးကြာခဲ့ၿပီးေနာက္ ျပန္လည္ထိုးသတ္ခဲ့သည့္ပြဲျဖစ္ၿပီး က်န္းမာေရးအေျခအေနေၾကာင့္ ေဆးသြင္းၿပီး ယွဥ္ၿပိဳင္ထိုးသတ္ခဲ့ရျခင္းျဖစ္သည္။ ပြဲအတြင္း တံေတာင္ႏွင့္ လက္သီးတို႔ကို အားျပဳအသုံးခ်ယွဥ္ၿပိဳင္ခဲ့ၿပီး သုံးခ်ီေျမာက္တြင္ အမွတ္ျဖင့္ အနိုင္ရရွိခဲ့ျခင္း ျဖစ္သည္။ အမ်ိဳးသမီးေမြထိုင္း ၅၃ ကီလိုဝိတ္တန္း ကမၻာ့နံပါတ္(၁) ေနရာရထားသည့္ ဘေရာ္နီကာသည္ ၂၀၂၂ခုႏွစ္ ႏွစ္ကုန္ပိုင္းတြင္ ထိုင္းကလပ္ Thai Fight ကို ေရာက္ရွိခဲ့ၿပီးေနာက္ တစ္ႏွစ္ခြဲေက်ာ္အတြင္း ၁၅ ပြဲ ယွဥ္ၿပိဳင္ထိုးသတ္ထားၿပီး ၁၄ ပြဲ အနိုင္ရရွိထားေၾကာင္း သိရသည္။

ဘေရာ္နီကာသည္ ၿပီးခဲ့တဲ့လ ဇြန္ ၁၈ ရက္က Thai Fight ၿပိဳင္ပြဲတြင္ ဆီးဂိမ္းေရႊတံဆိပ္ဆုရွင္ ဗီယက္နမ္လက္ေဝွ႕မယ္ သီရသီဖုန္းကိုလည္း အနိုင္ရရွိခဲ့ပါသည္။

========================

Thai Fight မွေထိုင်းလက်ဝှေ့ပွဲတွင် ကယန်းလက်ဝှေ့မယ် ဘရော်နီကာ အနိုင်ရ

အောက်တိုဘာ ၃၁

ထိုင်းနိုင်ငံ လော့ပ်ဘူရီမြို့၌ အောက်တိုဘာ ၂၉ ရက် ညနေပိုင်းက ကျင်းပခဲ့သည့် Thai Fight ကလပ်၏ မွေထိုင်းလက်ဝှေ့ စိန်ခေါ်ပွဲတွင် ကယန်းလက်ဝှေ့မယ် ဘရော်နီကာက ထိုင်းလက်ဝှေ့မယ် ဖယာဆင်ကို သုံးချီအထိ ယှဉ်ပြိုင် ထိုးသတ်ခဲ့ပြီးနောက် အမှတ်ဖြင့် အနိုင်ရရှိခဲ့သည်။

အဆိုပါပွဲသည် ဘရော်နီကာအတွက် ပြိုင်ပွဲနှင့် လေးလကြာ ဝေးကွာခဲ့ပြီးနောက် ပြန်လည်ထိုးသတ်ခဲ့သည့်ပွဲဖြစ်ပြီး ကျန်းမာရေးအခြေအနေကြောင့် ဆေးသွင်းပြီး ယှဉ်ပြိုင်ထိုးသတ်ခဲ့ရခြင်းဖြစ်သည်။ ပွဲအတွင်း တံတောင်နှင့် လက်သီးတို့ကို အားပြုအသုံးချယှဉ်ပြိုင်ခဲ့ပြီး သုံးချီမြောက်တွင် အမှတ်ဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ အမျိုးသမီးမွေထိုင်း ၅၃ ကီလိုဝိတ်တန်း ကမ္ဘာ့နံပါတ်(၁) နေရာရထားသည့် ဘရော်နီကာသည် ၂၀၂၂ခုနှစ် နှစ်ကုန်ပိုင်းတွင် ထိုင်းကလပ် Thai Fight ကို ရောက်ရှိခဲ့ပြီးနောက် တစ်နှစ်ခွဲကျော်အတွင်း ၁၅ ပွဲ ယှဉ်ပြိုင်ထိုးသတ်ထားပြီး ၁၄ ပွဲ အနိုင်ရရှိထားကြောင်း သိရသည်။

ဘရော်နီကာသည် ပြီးခဲ့တဲ့လ ဇွန် ၁၈ ရက်က Thai Fight ပြိုင်ပွဲတွင် ဆီးဂိမ်းရွှေတံဆိပ်ဆုရှင် ဗီယက်နမ်လက်ဝှေ့မယ် သီရသီဖုန်းကိုလည်း အနိုင်ရရှိခဲ့ပါသည်။