




====================

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ၏ လူငယ်တာဝန်ခံမှတိုက်ကြီးမြို့နယ်ရှိ လူငယ်များနှင့်တွေ့ဆုံဆွေးနွေး

တိုက်ကြီး အောက်တိုဘာ ၂၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာတာဝန်ခံဒေါက်တာထွန်းထွန်းဝင်းနှင့် တိုက်ကြီးခရိုင်/မြိုနယ်ပါတီဥက္ကဌ ဦးခင်မောင်မြင့်၊ ခရိုင်အတွင်းရေးမှူးဦးဝင်းသက်နှင့် ခရိုင်ကော်မတီဝင်များ၊ မင်္ဂလာဒုံခရိုင်အတွင်းရေးမှူး ဒေါ်ချမ်းမြအေးနှင့် တိုက်ကြီးမြိုနယ်ပါတီကော်မတီဝင်များ လိုက်ပါ၍ အောက်တိုဘာလ(၂၅)ရက်နေ့ နံနက် (၁၀)နာရီအချိန်က တိုက်ကြီးမြိုနယ် အိုးတန်းရပ်ကွက်လူငယ်များနှင့် ရွာတန်းရှည်လူငယ်များပရဟိတအသင်းရုံး၌ တွေ့ဆုံခဲ့ကြပါသည်။

တွေ့ဆုံပွဲတွင် ပြည်ခိုင်ဖြိုးပါတီရန်ကုန်တိုင်းဒေသကြီး လူငယ်တာဝန်ခံဒေါက်တာထွန်းထွန်းဝင်းမှနှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ရာတွင် လူငယ်များ၏အနာဂတ်၊ အနာဂတ်နိုင်ငံရေး၏ အရေးပါပုံများ၊ပါတီနှင့်လူငယ်များ၏အခွင့်အရေး၊ အလုပ်အကိုင်အခွင့်အလမ်းကိစ္စရပ်များအား အကျယ်တစ်ဝင့်အသေးစိတ်ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

အစီစဥ်အရ တက်ရောက်လာကြသော ပါတီအားစိတ်ဝင်စားသူ လူငယ်(၃၆)ဦးနှင့် First time Voiters(၁၄)ဦးတိုမှ သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ တိုင်းတာဝန်ခံမှ ဆွေးနွေးချက် ၊ အကြံပြုချက်၊မေးမြန်းချက်များအား အကျယ်တစ်ဝင့် ပြန်လည်ဖြေကြားခဲ့ပြီး တွေ့ဆုံပွဲအား နံနက်(၁၁) နာရီခွဲအချိန်ခန့်တွင် တွေ့ဆုံပွဲအား အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ပါတီဝင်လူငယ်ထုပိုမိုများပြားလာရေး ၊ပါတီအားဝန်းရံဝန်းရံအားပေးမည်လူငယ်များ ၊ပထမဆုံးမဲဆန္ဒပေးမည့်လူငယ်မျိုးဆက်သစ်များ၊ ပရဟိတလုပ်ငန်းများအား လုပ်ဆောင်နေသော မိတ်ဖက်အဖွဲအစည်းများနှင့် လုပ်ငန်းစီမံချက်များရေးဆွဲ၍ နယ်မြေကွင်းဆင်း ထိတွေ့ စည်းရုံး ဆွေးနွေးလျှက်ရှိပါသည်။