ပါတီတြဲဖက္အေထြေထြအတြင္းေရးမႉး ပဲခူးအေနာက္နယ္ေၿမ ေတြ႕ဆုံ
ျပည္ စက္တင္ဘာ ၂၆
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ တြဲဖက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္သည္ ယေန႔ ေန႔လည္ ၂နာရီတြင္ ပဲခူးတိုင္းေဒသႀကီး(အေနာက္)၊ ျပည့္ၿမိဳ႕ရွိ တိုင္းပါတီ႐ုံးခန္းမတြင္ျပဳလုပ္သည့္ ပဲခူးတိုင္းေဒသႀကီး(အေနာက္) တိုင္းပါတီဥကၠ႒ႏွင့္ တိုင္းပါတီေကာ္မတီဝင္မ်ား ျပည္ခရိုင္ဥကၠ႒၊ အတြင္းေရးမႉးႏွင့္ေကာ္မတီဝင္မ်ား ျပည္ခရိုင္အတြင္းရွိ ျပည္၊ ေပါက္ေခါင္း၊ ပန္းေတာင္း၊ ေရႊေတာင္ၿမိဳ႕နယ္မ်ားမွ ပါတီဥကၠ႒မ်ား၊ အတြင္းေရးမႉးမ်ားႏွင့္ ပါတီဝင္မ်ားအား ေတြ႕ဆုံခဲ့ပါသည္။
ေရွးဦးစြာ တိုင္းပါတီဥကၠ႒ ဦးေအာင္ခ်ိဳဦးက တိုင္းေဒသႀကီးပါတီ ေဆာင္ရြက္ခ်က္မ်ားအား ရွင္းလင္းတင္ျပၿပီးျပည္ခရိုင္ဥကၠ႒ႏွင့္ ေရႊေတာင္ၿမိဳ႕နယ္ ဥကၠ႒မ်ားက တင္ျပလိုသည့္အခ်က္မ်ားကို တင္ျပခဲ့ၾကပါသည္။
ဆက္လက္ၿပီး တြဲဖက္အေထြေထြအတြင္းေရးမႉးက ပါတီလုပ္ငန္းစဥ္မ်ား ေရတို ေရရွည္ေဆာင္ရြက္ခ်က္မ်ား ရက္၉၀စီမံခ်က္အပါအဝင္ ပါတီ ေဆာင္ရြက္ခ်က္မ်ားအားအေသးစိတ္ရွင္လင္းေဆြးေႏြးခဲ့ပါသည္။
=======================
ပါတီတွဲဖက်အထွေထွေအတွင်းရေးမှူး ပဲခူးအနောက်နယ်မြေ တွေ့ဆုံ
ပြည် စက်တင်ဘာ ၂၆
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်သည် ယနေ့ နေ့လည် ၂နာရီတွင် ပဲခူးတိုင်းဒေသကြီး(အနောက်)၊ ပြည့်မြို့ရှိ တိုင်းပါတီရုံးခန်းမတွင်ပြုလုပ်သည့် ပဲခူးတိုင်းဒေသကြီး(အနောက်) တိုင်းပါတီဥက္ကဋ္ဌနှင့် တိုင်းပါတီကော်မတီဝင်များ ပြည်ခရိုင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်ကော်မတီဝင်များ ပြည်ခရိုင်အတွင်းရှိ ပြည်၊ ပေါက်ခေါင်း၊ ပန်းတောင်း၊ ရွှေတောင်မြို့နယ်များမှ ပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် ပါတီဝင်များအား တွေ့ဆုံခဲ့ပါသည်။
ရှေးဦးစွာ တိုင်းပါတီဥက္ကဋ္ဌ ဦးအောင်ချိုဦးက တိုင်းဒေသကြီးပါတီ ဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြပြီးပြည်ခရိုင်ဥက္ကဋ္ဌနှင့် ရွှေတောင်မြို့နယ် ဥက္ကဋ္ဌများက တင်ပြလိုသည့်အချက်များကို တင်ပြခဲ့ကြပါသည်။
ဆက်လက်ပြီး တွဲဖက်အထွေထွေအတွင်းရေးမှူးက ပါတီလုပ်ငန်းစဉ်များ ရေတို ရေရှည်ဆောင်ရွက်ချက်များ ရက်၉၀စီမံချက်အပါအဝင် ပါတီ ဆောင်ရွက်ချက်များအားအသေးစိတ်ရှင်လင်းဆွေးနွေးခဲ့ပါသည်။