
2023, Sep, 23



#Arkar(S/Dagon)

===========================

ဒဂုံတောင်ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးလှုပ်ရှားမှုအဖြစ် သီလရှင်ဝတ်စုံနှင့်စာရေးကိရိယာများလှုဒါန်း

2023, Sep, 23
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိုသစ်ခရိုင် ဒဂုံမြိုသစ်(တောင်ပိုင်း)မြိုနယ် ပြည်ထောင်စုကြံခိုင်ရေး နှင့် ဖွံဖြိုးရေးပါတီ ၏ အင်အားစုတစ်ရပ်ဖြစ်သော အမျိုးသမီးထုအဖွဲများ၏ လှုပ်ရှားမှုတစ်ရပ်အဖြစ် သီလရှင်ဝတ်စုံများလှုဒါန်းခြင်း နှင့် စာရေးကိရိယာများလှုဒါန်းခြင်း အခမ်းအနားတစ်ရပ်ကိုရှမ်းတဲကြီးရပ်ကွက်ရှိ ဒေါ်ဖွားသီရှင်စာသင်တိုက် နှင့် သီလရှင်သင်ပညာရေးကျောင်း တွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို နံနက် (၉:၀၀)အချိန်တွင် နမောတဿသုံးကြိမ်ရွတ်ဆို၍ စတင်ခဲ့ပြီး သီလရှင်ဆရာကြီးများထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့သည်။ဆက်လက်ပြီး ကျောင်းတိုက်အတွင်းရှိ သီလရှင် ဆရာကြီး/ဆရာလေးများကို ဝါဆိုသီလရှင်ဝတ်ဆုံများ နှင့် လှုဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်ကာ ပညာဒါန ကျောင်းသား/သူ များအတွက် ဗလာစာအုပ်နှင့် ကျောင်းသုံးစာရေးကိရိယာများ လှုဒါန်းပေးခဲ့ပြီး လှုဒါန်းမှုအစုစုတိုအတွက် ရေစက်သွန်ချ အမျှအတန်းပေးကာ သီလရှင်ဆရာကြီး/ဆရာလေး များကို နေ့ဆွမ်းဆက်ကပ်လှုဒါန်းခဲ့ပြီး အခမ်းအနားပြီးဆုံးခဲ့သည်။

အဆိုပါ သီလရှင်သင်ပညာရေးကျောင်းတိုက်တွင် ကျောင်းသား/သူ (၃၂၆)ဦး ပညာသင်ကြားနေလျှက်ရှိပြီး အခမ်းအနားကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဒဂုံမြိုသစ်ခရိုင်ဥက္ကဌ ဒေါ်စမ်းစမ်းဌေးမှဦးဆောင်ကာ မြိုနယ်ကော်မတီဝင်များ၊ ရပ်ကွက်ပါတီဥက္ကဌများ နှင့် အမျိုးသမီးထုအဖွဲ အင်အား(၅၀)ကျော်ခန့် တက်ရောက်ခဲ့သည်။

#Arkar(S/Dagon)