Huawei ဖုန္းပဲ ကိုင္ေလ့ရွိတဲ့ ဂ်က္ကီခ်မ္း
ကမၻာေက်ာ္မင္းသားႀကီး ဂ်က္ကီခ်မ္းဟာ တ႐ုတ္နိုင္ငံထုတ္အမွတ္တံဆိပ္ေတြကို ႏွစ္သက္ေၾကာင္းျပသၿပီးေတာ့ သူ႔ရဲ့မ်ိဳးခ်စ္စိတ္ဓာတ္ကို အႀကိမ္ေပါင္းမ်ားစြာ လူသိရွင္ၾကားထုတ္ေဖာ္ျပခဲ့ဖူးပါတယ္။ မၾကာေသးခင္ကလည္း ခ်န္ဒူးၿမိဳ႕က Huawei ဖုန္းဆိုင္မွာ ဂ်က္ကီခ်မ္းဖုန္းဝယ္ေနတာကို လူမႈကြန္ယက္အသုံးျပဳသူတစ္ဦးေတြ႕ခဲ့ၿပီး အဲ့ဒီအေၾကာင္းကို လူမႈကြန္ယက္ေပၚတင္ခဲ့ပါတယ္။
“Wanda Plaza က Huawei ဖုန္းဆိုင္မွာ ရွိေနတုန္း ဂ်က္ကီခ်မ္းနဲ႔ အမွတ္မတင္ေတြ႕ခဲ့တယ္။ ဖုန္းဝယ္ဖို႔ သူကိုယ္တိုင္ ဆိုင္လာမယ္လို႔ မေမၽွာ္လင့္ခဲ့တာ၊ သူ႔ကို မေႏွာင့္ယွက္ခ်င္လို႔ လက္မွတ္မထိုးခိုင္းလိုက္ဘူး။ သူနဲ႔အတူ ဓာတ္ပုံတြဲရိုက္ဖို႔အတြက္ သူ ဖုန္းဝယ္ၿပီးတဲ့အထိ ေစာင့္ခဲ့ေပမဲ့ သူ႔ရဲ့ဝန္ထမ္းက ျငင္းခဲ့တယ္”လို႔ ေရးသားခဲ့တာပါ။
ဂ်က္ကီခ်မ္းက Huawei ဖုန္းေမာ္ဒယ္အမ်ိဳးမ်ိဳးကို ၾကည့္ေနၿပီး Huawei ဝန္ထမ္းကို ဖုန္းအေၾကာင္းေမးျမန္းေနတာကို ပုံေတြမွာ ျမင္ေတြ႕ရပါတယ္။ ဂ်က္ကီခ်မ္းက အသစ္ထြက္ရွိထားတဲ့ Mate 60 စမတ္ဖုန္းကို ဝယ္ယူခ်င္ခဲ့ေပမဲ့ ပစၥည္းကုန္ေနခဲ့တယ္။ ဒါေၾကာင့္ Mate X3 ကိုပဲ ဝယ္ယူျဖစ္ခဲ့တယ္လို႔ အဲ့ဒီလူမႈကြန္ယက္အသုံးျပဳသူက ေျပာပါတယ္။
ဂ်က္ကီခ်မ္းဟာ Huawei ဖုန္းေတြကို ၂၀၁၆ ခုႏွစ္ကတည္းက အသုံးျပဳေနခဲ့တာပါ။ ၂၀၁၉ ခုႏွစ္ကလည္း ပရိသတ္တစ္ဦးက ပြဲတစ္ပြဲမွာ ဂ်က္ကီခ်မ္းကို Huawei ဖုန္းတစ္လုံးေပးခဲ့တဲ့အခ်ိန္က သူဟာ Huawei ဖုန္း ၃ လုံးကို ထုတ္ျပခဲ့ၿပီး “ကၽြန္ေတာ္ Huawei ဖုန္းကို သုံးၿပီး ဒီဖုန္းအမ်ိဳးအစားေတာ္ေတာ္မ်ားမ်ားရွိပါတယ္။ တ႐ုတ္လူမ်ိဳးေတြက ျပည္တြင္းထုတ္ကုန္ေတြကို အသုံးျပဳသင့္တယ္။ ကၽြန္ေတာ္ ဘယ္ေနရာသြားသြား အျခားသူေတြကို ဒါကိုပဲသုံးဖို႔ အႀကံျပဳေပးမွာပါ။ ဒါေတြကို အသုံးျပဳခဲ့တာေတာ္ေတာ္ၾကာပါၿပီ။ ဖုန္းစကရင္ေတြလည္း ကြဲအက္ေနၿပီ”လို႔ေျပာခဲ့တာပါ။
Ref: Jackie Chan Seen Buying Huawei Phone; Once Said All Chinese People Should Use Chinese Products
crd;yoyarlay
=============================
Huawei ဖုန်းပဲ ကိုင်လေ့ရှိတဲ့ ဂျက်ကီချမ်း
ကမ္ဘာကျော်မင်းသားကြီး ဂျက်ကီချမ်းဟာ တရုတ်နိုင်ငံထုတ်အမှတ်တံဆိပ်တွေကို နှစ်သက်ကြောင်းပြသပြီးတော့ သူ့ရဲ့မျိုးချစ်စိတ်ဓာတ်ကို အကြိမ်ပေါင်းများစွာ လူသိရှင်ကြားထုတ်ဖော်ပြခဲ့ဖူးပါတယ်။ မကြာသေးခင်ကလည်း ချန်ဒူးမြို့က Huawei ဖုန်းဆိုင်မှာ ဂျက်ကီချမ်းဖုန်းဝယ်နေတာကို လူမှုကွန်ယက်အသုံးပြုသူတစ်ဦးတွေ့ခဲ့ပြီး အဲ့ဒီအကြောင်းကို လူမှုကွန်ယက်ပေါ်တင်ခဲ့ပါတယ်။
“Wanda Plaza က Huawei ဖုန်းဆိုင်မှာ ရှိနေတုန်း ဂျက်ကီချမ်းနဲ့ အမှတ်မတင်တွေ့ခဲ့တယ်။ ဖုန်းဝယ်ဖို့ သူကိုယ်တိုင် ဆိုင်လာမယ်လို့ မမျှော်လင့်ခဲ့တာ၊ သူ့ကို မနှောင့်ယှက်ချင်လို့ လက်မှတ်မထိုးခိုင်းလိုက်ဘူး။ သူနဲ့အတူ ဓာတ်ပုံတွဲရိုက်ဖို့အတွက် သူ ဖုန်းဝယ်ပြီးတဲ့အထိ စောင့်ခဲ့ပေမဲ့ သူ့ရဲ့ဝန်ထမ်းက ငြင်းခဲ့တယ်”လို့ ရေးသားခဲ့တာပါ။
ဂျက်ကီချမ်းက Huawei ဖုန်းမော်ဒယ်အမျိုးမျိုးကို ကြည့်နေပြီး Huawei ဝန်ထမ်းကို ဖုန်းအကြောင်းမေးမြန်းနေတာကို ပုံတွေမှာ မြင်တွေ့ရပါတယ်။ ဂျက်ကီချမ်းက အသစ်ထွက်ရှိထားတဲ့ Mate 60 စမတ်ဖုန်းကို ဝယ်ယူချင်ခဲ့ပေမဲ့ ပစ္စည်းကုန်နေခဲ့တယ်။ ဒါကြောင့် Mate X3 ကိုပဲ ဝယ်ယူဖြစ်ခဲ့တယ်လို့ အဲ့ဒီလူမှုကွန်ယက်အသုံးပြုသူက ပြောပါတယ်။
ဂျက်ကီချမ်းဟာ Huawei ဖုန်းတွေကို ၂၀၁၆ ခုနှစ်ကတည်းက အသုံးပြုနေခဲ့တာပါ။ ၂၀၁၉ ခုနှစ်ကလည်း ပရိသတ်တစ်ဦးက ပွဲတစ်ပွဲမှာ ဂျက်ကီချမ်းကို Huawei ဖုန်းတစ်လုံးပေးခဲ့တဲ့အချိန်က သူဟာ Huawei ဖုန်း ၃ လုံးကို ထုတ်ပြခဲ့ပြီး “ကျွန်တော် Huawei ဖုန်းကို သုံးပြီး ဒီဖုန်းအမျိုးအစားတော်တော်များများရှိပါတယ်။ တရုတ်လူမျိုးတွေက ပြည်တွင်းထုတ်ကုန်တွေကို အသုံးပြုသင့်တယ်။ ကျွန်တော် ဘယ်နေရာသွားသွား အခြားသူတွေကို ဒါကိုပဲသုံးဖို့ အကြံပြုပေးမှာပါ။ ဒါတွေကို အသုံးပြုခဲ့တာတော်တော်ကြာပါပြီ။ ဖုန်းစကရင်တွေလည်း ကွဲအက်နေပြီ”လို့ပြောခဲ့တာပါ။
Ref: Jackie Chan Seen Buying Huawei Phone; Once Said All Chinese People Should Use Chinese Products
crd;yoyarlay