စက်တင်ဘာ ၂၁
============================
သူ့ရဲ့အမှားကြောင့် ဘိုင်ယန်မြူးနစ်ကို မန်ယူအသင်း ရှုံးခဲ့ရတာပါလို့ ဝန်ခံလိုက်တဲ့ အိုနာနာ
စက်တင်ဘာ ၂၁
ယနေ့နံနက် အစောပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲမှာ ဘိုင်ယန်မြူးနစ်က မန်ယူကို ၄-၃ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။ ဒီရလဒ်နဲ့ ရှုံးနိမ့်ခဲ့ရတာဟာ မန်ယူအသင်း ဂိုးသမား အိုနာနာက သူ့ရဲ့ အမှားကြောင့် ဖြစ်ကြောင်း ပွဲပြီး အင်တာဗျူးမျာ ဝန်ခံလိုက်ပါတယ်။
” ကျွန်တော်အမှားကြောင့် ပွဲကို ထိန်းချုပ်နိုင်မှု ဆုံးရှုံးခဲ့ရတယ်။ ကျွန်တော်ဟာ အသင်းကို ဆွဲချခဲ့သူတစ်ယောက်ပါ။ ဒါက ကျွန်တော့်အမှားပါ။ ဒီရှုံးပွဲက ကျွန်တော်နဲ့ သက်ဆိုင်ပါတယ်။ ဒါကို ကျွန်တော် လက်ခံပါတယ်။ ကျွန်တော်က ကိုယ့်ရဲ့ အမှားကို ကိုယ်တိုင် တာဝန်ယူပါမယ်” လို့ ပွဲပြီး အင်တာဗျူးမှာ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။
မန်ယူအသင်းက ချန်ပီယံလိဂ် အုပ်စု(A)မှာ ဘိုင်ယန်မြူးနစ်၊ ဂါလာတာစာရေး၊ ကိုပင်ဟေဂင် စတဲ့ အသင်းတွေနဲ့ တအုပ်စုထဲ ကျရောက်နေပါတယ်။