

=============================

ညွှန်ကြားချက်များအား လိုက်နာမှု မရှိသည့် လိုင်စင်ရ ကုမ္ပဏီ (၁၂၃) ခု အား လိုင်စင် ရုပ်သိမ်း

နိုင်ငံခြားငွေများဝယ်ယူရောင်းချလဲလှယ်ခွင့်ရသည့် ကုမ္ပဏီ ၁၂၃ ခုအား ယမန်နေ့ စက်တင်ဘာ ၁၉ ရက် မှစတင်ကာ လုပ်ငန်းလိုင်စင်ရုပ်သိမ်းကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။
အဆိုပါလိုင်စင်ရကုမ္ပဏီ ၁၂၃ ခုသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များကို လိုက်နာမှုမရှိသဖြင့် ဗဟိုဘဏ်၏အမှုဆောင်ကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ နိုင်ငံခြားငွေများဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင် (Money Changer License) အား ရုပ်သိမ်းကြောင်း ယင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။