ပဲခူးျမစ္ေရျမင့္တက္လာမႈေၾကာင့္ ပဲခူးၿမိဳ႕တြင္ ရန္ကုန္-မႏၲေလးကားလမ္းေက်ာ္ေနၿပီး ယာဥ္မ်ားျဖတ္သန္းခြင့္ ပိတ္ထားကာ ယာယီေရေဘးေရွာင္စခန္း(၁၃)ခုဖြင့္လွစ္ထားရွိ

ပဲခူး
ပဲခူးၿမိဳ႕တြင္ မိုးသည္းထန္စြာအဆက္မျပတ္ရြာသြန္းမႈေၾကာင့္ ပဲခူးျမစ္ေရသည္ ပဲခူးၿမိဳ႕၏စိုးရိမ္ေရအမွတ္ (၈၈၀)စင္တီမီတာအား ေက်ာ္လြန္ၿပီး (၉၆၈.၄)စင္တီမီတာသို႔ေရာက္ရွိေနၿပီျဖစ္ေသာေၾကာင့္ ပဲခူးၿမိဳ႕နယ္အတြင္းရွိ အနိမ့္ပိုင္းရပ္ကြက္ႏွင့္ ေက်းရြာမ်ားသို႔ ေရမ်ားဝင္ေရာက္လၽွက္ရွိသည့္အျပင္ ပဲခူးၿမိဳ႕တြင္း ရန္ကုန္-မႏၲေလး ကားလမ္းေဟာင္းကို ေရေက်ာ္လၽွက္ရွိေၾကာင္း သိရသည္။
ရန္ကုန္-မႏၲေလးကားလမ္းေဟာင္းအား ေရေက်ာ္ေနသည့္ ကၽြန္းသာယာရပ္ကြက္၊ ေခါင္းေဆးကၽြန္းေနရာ၊ မဇင္း(၁)လမ္းထိပ္ႏွင့္ ဇိုင္း/ေျမာက္ႏွင့္ ဇိုင္း/ေတာင္ရပ္ကြက္အၾကားရွိ မင္းလမ္းမတို႔တြင္ ျဖတ္သန္း သြားလာေနသည့္ ယာဥ္မ်ား၊ လူမ်ားအႏၲရာယ္မျဖစ္ေပၚေစေရးအတြက္ တပ္မေတာ္သားမ်ား၊ ျမန္မာနိုင္ငံ ရဲတပ္ဖြဲ႕ဝင္မ်ား၊ မီးသတ္တပ္ဖြဲ႕ဝင္မ်ား၊ လူမႈေရးအသင္းအဖြဲ႕မ်ားႏွင့္ ဌာနဆိုင္ရာဝန္ထမ္းမ်ားက ကူညီေဆာင္ရြက္ေပးျခင္းမ်ားျပဳလုပ္ေပးလၽွက္ရွိသည္။
ေရဝင္ေရာက္လၽွက္ရွိသည့္ ရပ္ကြက္/ေက်းရြာမ်ားမွျပည္သူမ်ား ေနထိုင္နိုင္ေရးအတြက္လည္း ယာယီေရေဘး ေရွာင္ကယ္ဆယ္ေရးစခန္း(၁၃)ခုအား သက္ဆိုင္ရပ္ကြက္၊ ေက်းရြာမ်ားရွိ ဘုန္းေတာ္ႀကီးေက်ာင္းမ်ား၊ သာသနိကအေဆာက္အဦးမ်ားႏွင့္ စာသင္ေက်ာင္းမ်ားတြင္ ဖြင့္လွစ္ထားရွိၿပီး ေရေဘးကယ္ဆယ္ေရးစခန္းမ်ားသို႔ ပဲခူးတိုင္းေဒသႀကီး ျပည္ခိုင္ၿဖိဳးပါတီဥကၠ႒ဦးရဲျမင့္ထြန္း ဦးေဆာင္၍ ျပည့္မ႑ိဳင္ပရဟိတအဖြဲ႕သားမ်ားမွ လည္းေကာင္း ၊သက္ဆိုင္ရာတာဝန္ရွိသူမ်ား၊ အလႉရွင္မ်ားက ေသာက္သုံးေရ၊ အစားအစာႏွင့္ ေဆးဝါးမ်ား ကူညီေထာက္ပံ့လႉဒါန္းေပးလၽွက္ရွိေၾကာင္းသတင္းရရွိသည္။
ယေန႔တိုင္းထြာခ်က္မ်ားအရ ပဲခူးျမစ္ေရသည္ နံနက္(၈)နာရီအခ်ိန္တိုင္းထြာခ်က္အရ (၉၆၈.၄)စင္တီမီတာသို႔ ေရာက္ရွိေနေၾကာင္းသိရသည္။

============================================

ပဲခူးမြစ်ရေမြင့်တက်လာမှုကြောင့် ပဲခူးမြို့တွင် ရန်ကုန်-မန္တလေးကားလမ်းကျော်နေပြီး ယာဥ်များဖြတ်သန်းခွင့် ပိတ်ထားကာ ယာယီရေဘေးရှောင်စခန်း(၁၃)ခုဖွင့်လှစ်ထားရှိ

 

ပဲခူး

ပဲခူးမြို့တွင် မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေသည် ပဲခူးမြို့၏စိုးရိမ်ရေအမှတ် (၈၈၀)စင်တီမီတာအား ကျော်လွန်ပြီး (၉၆၈.၄)စင်တီမီတာသို့ရောက်ရှိနေပြီဖြစ်သောကြောင့် ပဲခူးမြို့နယ်အတွင်းရှိ အနိမ့်ပိုင်းရပ်ကွက်နှင့် ကျေးရွာများသို့ ရေများဝင်ရောက်လျှက်ရှိသည့်အပြင် ပဲခူးမြို့တွင်း ရန်ကုန်-မန္တလေး ကားလမ်းဟောင်းကို ရေကျော်လျှက်ရှိကြောင်း သိရသည်။

ရန်ကုန်-မန္တလေးကားလမ်းဟောင်းအား ရေကျော်နေသည့် ကျွန်းသာယာရပ်ကွက်၊ ခေါင်းဆေးကျွန်းနေရာ၊ မဇင်း(၁)လမ်းထိပ်နှင့် ဇိုင်း/မြောက်နှင့် ဇိုင်း/တောင်ရပ်ကွက်အကြားရှိ မင်းလမ်းမတို့တွင် ဖြတ်သန်း သွားလာနေသည့် ယာဥ်များ၊ လူများအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ကူညီဆောင်ရွက်ပေးခြင်းများပြုလုပ်ပေးလျှက်ရှိသည်။

ရေဝင်ရောက်လျှက်ရှိသည့် ရပ်ကွက်/ကျေးရွာများမှပြည်သူများ နေထိုင်နိုင်ရေးအတွက်လည်း ယာယီရေဘေး ရှောင်ကယ်ဆယ်ရေးစခန်း(၁၃)ခုအား သက်ဆိုင်ရပ်ကွက်၊ ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနိကအဆောက်အဦးများနှင့် စာသင်ကျောင်းများတွင် ဖွင့်လှစ်ထားရှိပြီး ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးရဲမြင့်ထွန်း ဦးဆောင်၍ ပြည့်မဏ္ဍိုင်ပရဟိတအဖွဲ့သားများမှ လည်းကောင်း ၊သက်ဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များက သောက်သုံးရေ၊ အစားအစာနှင့် ဆေးဝါးများ ကူညီထောက်ပံ့လှူဒါန်းပေးလျှက်ရှိကြောင်းသတင်းရရှိသည်။

ယနေ့တိုင်းထွာချက်များအရ ပဲခူးမြစ်ရေသည် နံနက်(၈)နာရီအချိန်တိုင်းထွာချက်အရ (၉၆၈.၄)စင်တီမီတာသို့ ရောက်ရှိနေကြောင်းသိရသည်။